ဂျပန်ဘာသာစကား လေ့လာလိုသူများ ပိုအဆင်ပြေနိုင်မယ့် ဂျပန်နိုင်ငံမှ လွှင့်တင်ထားတဲ့ NHK ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ ယင်း၀က်ဘ်ဆိုက်မှာ ဂျပန်စကားပြောသင်ခန်းစာများကို ဂျပန်ဘာသာ အပြင် မြန်မာဘာသာစကားနဲ့ပါ ထည့်သွင်း ဖော်ပြပေးထားပြီး ဘာသာစကား၁၇မျိုးနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဗီဒီယိုသတင်း၊ အသံသတင်း၊ သတင်းစာမျက်နှာ၊ လက်ကိုင်ဖုန်းအတွက် သတင်း ၀န်ဆောင်မှု၊ ဂျပန်ဘာသာ သင်ခန်းစာ စသည့် ၀န်ဆောင်မှုများကို ဖော်ပြပေးနေပြီး ရွေးချယ် ဖတ်ရှုသည့် ဘာသာရပ်အလိုက် ၀န်ဆောင်မှုများ မတူညီကြောင်း၊ NHK အနေဖြင့် ရေဒီယိုဂျပန်- မြန်မာဘာသာ အသံလွှင့် အစီစဉ် များကိုလည်း မြန်မာလူမျိုးနှင့် ဂျပန်လူမျိုးများ စုပေါင်းကာ တာ၀န်ယူ တင်ဆက်နေကြောင်းနှင့် ဂျပန်စကားပြော သင်ခန်းစာများကိုလည်း အပတ်စဉ် ထုတ်လွှင့်ပေးနေကြောင်း ယင်း၀က်ဘ်ဆိုက်က ဆိုပါတယ်။ ဒါ့အပြင်ဂျပန်မှာ နေထိုင်ရေးအတွက် မှတ်သားစရာတွေ ကိုလည်း လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။
http://www.nhk.or.jp/lesson/burmese