DVDစနစ်ဖြင့် ရိုက်ကူးထားသော ဇာတ်ကားများအား ဖလင်ပြောင်းလဲကာ ရုံတင်ပြသခြင်းအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း မြန်မာနိုင်ငံရုပ်ရုင်အစည်းအရုံးမှ ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။ ယခင်က DVDစနစ်ဖြင့် ရိုက်ကူးထားသော ဇာတ်ကားများကို ဖလင်စနစ်သို့ပြောင်းလဲ၍ ရုံတင်ပြသခြင်းများကို ခွင့်ပြုခဲ့သော်လည်း ဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲရန် ကြိုးပမ်းနေသည့် အချိန်ကာလဖြစ်ခြင်းကြောင့် နောက်ပိုင်းတွင် ခွင့်ပြုတော့မည်မဟုတ်ဟု ဆိုသည်။
“DVDစနစ်နဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို ဖလင်ပြောင်းလဲပြီးတော့ ရုပ်ရုင်ဇာတ်ကားအဖြစ် ရုံတင်ပြသခွင့် ပြုမှာမဟုတ်တော့ပါဘူး၊ အဓိက ကတော့အရည်အသွေးပိုင်းဆိုင်ရာကို ထိခိုက်မှာစိုးလို့ပါ။ နောက်ပိုင်းမှာ ဒစ်ဂျစ်တယ်စနစ်ကို ကူးပြောင်းတော့မယ့် အခုလိုအချိန်မျိုးမှာ ဗွီဒီယိုအရည်အသွေးလောက်ဘဲ ရိုက်ကူးထားတဲ့ ဇာတ်ကားကို ရုပ်ရုင်ကားကြီးအဖြစ် ရိုက်ကူးခွင့်ပြုမယ်ဆိုရင် အရုပ်အသံ အရည်အသွေးပိုင်းတွေ အများကြီးထိခိုက်နိုင်ပါတယ်”ဟုမြန်မာနိုင်ငံ ရုပ်ရုင်အစည်းအရုံး ဒုတိယဥက္ကဌ (၂)ဦးအေးကြူလေးက ရှင်းပြခဲ့သည်။
DVDဇာတ်ကားများ ရိုက်ကူးခြင်းကို ၂၀၀၂ခုနှစ်ဝန်းကျင်ခန့်က စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အနုပညာအရည်အသွေးပိုင်း ကောင်းမွန်သည့် DVDဇာတ်ကားများကို ဖလင်အဖြစ်ကူးပြောင်းကာ ရုပ်ရှင်ဇာတ်ကားအဖြစ် ရုံတင်ပြသမှုများ ပြုလုပ်ခဲ့သည်။ ယခုအခါ DVDအဖြစ်ရိုက်ကူးထားပြီးဖြစ်သည့် ဇာတ်ကားများအား ဖလင်အဖြစ်ကူးပြောင်းခြင်းကို ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု သိရပါသည်။
IP Address မထဲ့ပဲ သုံးလို့ ရလား
so good
မင်းတို့ဘဲ အမျိုးမျိုး
အဲဒါဆို စုတ်ပြတ်သတ်နေတဲ့ ကားတွေပဲ ကြည့်ရတော့မှာပဲ