ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီ Appleမှ ၄င်းထုတ်ကုန်များ၏ လုံခြုံရေးစနစ်ကို ပိုမိုကောင်းမွန်စေမည့် Fingerprint နည်းပညာကို ကုမ္ပဏီ၏ နောက်ဆုံးပေါ် စမတ်ဖုန်းသစ် iPhone 5Sတွင် ထည့်သွင်း မိတ်ဆက်ခဲ့သည်။ Appleမှ Touch ID ဟုခေါ်ဆိုသည့် Fingerprint Readerကို ၄င်း၏ စမတ်ဖုန်းသစ်တွင် နောက်ဆုံးပေါ် လုံခြုံရေး လက်နက်အဖြစ် အသုံးပြုထားခြင်း ဖြစ်သည်။
iPhone 5Sသည် အနောက်နိုင်ငံ ဈေးကွက်အတွင်းရှိ ထုတ်ကုန်အသီးသီး၏ Password စနစ်နှင့် လုံခြုံရေး အားနည်းချက်များကို စိန်ခေါ်ပြီး ၄င်း၏ ထုတ်ကုန်အတွက် ကိုယ်ပိုင် လုံခြုံရေးစနစ်ကို ဆန်းသစ် တီထွင်ခဲ့ခြင်းဖြစ်သည်။ iPhone 5S၏ Fingerprint Readerသည် သူခိုးများနှင့် ဟက်ကာများ၏ အန္တရာယ်ကို ပထမဦးဆုံး ကာကွယ်ပေးမည့် လုံခြုံရေးစနစ် ဖြစ်သည်ဟု ဆိုသည်။
Fingerprint အချက်အလက်များကို ဖုန်းထဲတွင်သာ သိမ်းဆည်းထားမည်ဖြစ်ပြီး iCloudတွင် Backup ပြုလုပ်နိုင်မည်မဟုတ်ကြောင်း Appleက အတည်ပြု ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ ထုတ်ကုန်တွင် ယခုနည်းပညာကို အသုံးပြုနိုင်ရန်အတွက် Appleသည် ၂၀၁၂ခုနှစ် ဇွန်လက Fingerprintနှင့် Biometrics ကုမ္ပဏီ Authen Tecကို အမေရိကန်ဒေါ်လာ ၃၅၆သန်းဖြင့် ၀ယ်ယူခဲ့ပြီး ယင်းနှစ် အောက်တိုဘာလတွင် သြစတြေးလျ Fingerprint လုံခြုံရေး ကုမ္ပဏီ Microlatchနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
Apple၏ Fingerprint လုံခြုံရေးစနစ်သစ်သည် Pay Pal ကဲ့သို့သော လုံခြုံရေးစနစ် ကောင်းမွန်မှုများကို အလေးထားသည့် ငွေပေးချေ ၀န်ဆောင်မှု ကုမ္ပဏီများအတွက် နှစ်သက် လက်ခံဖွယ်ရာ ဖြစ်သည်ဟု သိရသည်။
so goood.wellcome
Fingerprint ကတစ်ဦးတည်းသုံးရမှာလားမိသားစုဝင်တစ်ဦးကအရေးပေါ်ယူသုံးရင်ကောရပါမလား
I use fingerprint in my laptop, no way to end 😛
Fingerprint ပျက်သွားလို့အထဲဝင်မရတဲ့ပြသနာကို
Security ကောင်းလိုက်တာဆိုပြီး ထိုင်ပျော်နေမယ်သူမရှိလောက်ဘူး
Laptop တွေမှာပါတဲ့ FingerPrint တွေစိတ်မချရလို့မသုံးကြတော့တာ
နောက် ထပ်တောင်မထုတ်ကြတော့ဘူး
Apple ကတော့ စောင့်ကြည့်ရမှာပဲ