News

iPhone 5Cကြိုတင် အော်ဒါ မှာယူမှု ပထမနေ့မှာပင် အလုံးရေ တစ်သန်းခန့် ရောင်းချခဲ့ရ

အမေရိကန် အခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Appleမှ မိတ်ဆက်ပွဲထုတ် လိုက်သော iPhone 5Cသည် ကြိုတင်အော်ဒါ မှာယူခွင့်ပြုသည့် ပထမနေ့မှာပင် အလုံးရေ တစ်သန်းခန့် အော်ဒါ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စံနှုန်းမှာ ပြီးခဲ့သည့် နှစ်က iPhone 5ကို ပရိသတ်များ ကြိုတင်မှာယူ ခဲ့ကြသည့် အော်ဒါ၏ ထက်၀က်ဖြစ်သည်။ လက်ရှိတွင်မူ အဆိုပါ iPhone 5မှာ ထုတ်လုပ်ခြင်း ရပ်ဆိုင်း သွားပြီး ၎င်းနေရာတွင် iPhone 5Cနဲ့ ပိုမိုကောင်းမွန် လာသည့် iPhone 5Sတို့ ထွက်ရှိလာသည်။ အဆိုပါ ဖုန်းနှစ်လုံးတွင် Appleက iPhone 5Cကို အရင် အော်ဒါမှာယူခွင့် ပြုခဲ့ခြင်း ဖြစ်ကာ iPhone 5Sကိုလည်း မကြာခင် အော်ဒါမှာ ၀ယ်ယူနိုင်တော့မည် ဖြစ်သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “iPhone 5Cကြိုတင် အော်ဒါ မှာယူမှု ပထမနေ့မှာပင် အလုံးရေ တစ်သန်းခန့် ရောင်းချခဲ့ရ

  1. Asai Tun says:

    i phone 4s ကအခုဘယ်ဈေးရှိလည်းသိလို့ရမလား

Leave a Reply

Your email address will not be published. Required fields are marked *