Mobile, Phones, Review

iPhone 12 နဲ့ iPhone 12 Pro ကို ICT.com.mm မှာ Pre-order တင်လို့ရပါပြီ

iPhone 12 နဲ့ iPhone 12 Pro ကို ဒီနေ့ကစပြီး ICT.com.mm မှာ Pre-order တင်လို့ရပါပြီရှင်..

Pre-order မှာရင် 50% Deposit ပေးသွင်းရမှာဖြစ်ပါတယ်။

iPhone 12 and 12 Pro ဟာဆိုရင် 5G Network အသုံးပြုနိုင်ပြီး အမိုက်စား Specs တွေကို ထည့်သွင်းပေးထားတဲ့ Apple ရဲ့ နောက်ဆုံးပေါ် iPhone 12 စီးရီး စမတ်ဖုန်းသစ် ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားက 6.1” ရှိမှာဖြစ်ပြီး ရှေ့ဘက်မျက်နှာပြင်နဲ့ ကျောဘက်နှစ်ခုလုံးအတွက် အရည်အသွေးမြင့် Gorilla Glass မှန်မျက်နှာပြင်ကိုပဲ အသုံးပြုပေးထားပါတယ်။

iPhone 12 ကို “အလူမီနီယမ်” သတ္တုဘေးဘောင်ကိုတပ်ဆင်ပေးထားပြီး၊ 12 Pro ကိုတော့ “Stainless Steel” ဘေးဘောင်ကိုတပ်ဆင်ပေးထားပါတယ်။ iPhone 11 မှာလို လုံးဝန်းတဲ့ဒီဇိုင်းမဟုတ်တော့ဘဲ ပိုမိုသပ်ရပ်စမတ်ကျတဲ့ Flat ဘေးဘောင်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပါတယ်။

ရေစိုဒဏ်/ဖုန်ဒဏ်ခံနိုင်မှုက IP68 အဆင့်ဖြစ်ပြီး Ceramic Shield နည်းပညာအသုံးပြုထားတဲ့အတွက် iPhone 11 ဖုန်းတွေထက် ပြုတ်ကျဒဏ်ခံနိုင်မှု Drop Resistance လေးဆ သာလွန်တယ်လို့ ကြေညာထားပါတယ်။ မျက်နှာပြင် Display ပိုင်းမှာ LCD မျက်နှာပြင်ထက်ပိုမိုသာလွန်တဲ့ လုံးဝအမိုက်စား Super Retina XDR OLED မျက်နှာပြင်ကို တပ်ဆင်ထားပါတယ်။ HDR 10 နည်းပညာပါဝင်လာပြီး Dolby Vision ရုပ်ထွက်နည်းပညာသစ်ကိုလည်း ထည့်သွင်းထားတဲ့အတွက် ပုံရိပ်အလင်းအမှောင်အနေအထားကို အကောင်းဆုံးပြသပေးမှာ ဖြစ်ပါတယ်။

iPhone 12ရဲ့ မျက်နှာပြင်တောက်ပမှုက ပုံမှန် 625 nits အထိ ရရှိမှာဖြစ်ပြီး အမြင့်ဆုံးအနေနဲ့ 1200 nits အထိရရှိမှာဖြစ်ပြီး၊ 12 Pro ရဲ့ မျက်နှာပြင်တောက်ပမှုက iPhone 12 ထက်ပိုမိုသာလွန်ပြီး ပုံမှန်အသုံးပြုချိန်မှာ အလင်းအား 800 nits အထိ ရရှိမှာဖြစ်ပါတယ်။ အမြင့်ဆုံးအနေနဲ့ 1200 nits အထိရရှိနိုင်ပါတယ်။

Resolution အနေနဲ့ 1170 x 2532 pixels (~460 ppi density) ရရှိမှာဖြစ်ပြီး စိုပြည်တောက်ပတဲ့အလန်းစားရုပ်ထွက်နဲ့ အသုံးပြုနိုင်မှာပါ။ System ပိုင်းမှာ နောက်ဆုံးပေါ် iOS 14.1 နဲ့ မောင်းနှင်ပေးမှာဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်း Chip ဖြစ်တဲ့ Apple A14 Bionic (5 nm) ကိုတပ်ဆင်ပေးထားတဲ့အတွက် မြန်ဆန်မှုကို မေးခွန်းထုတ်စရာမရှိပါဘူး။ GPU အတွက်ကိုတော့ Apple GPU (4-core graphics) ကိုပဲ အသုံးပြုထားပါတယ်။ RAM 6GB နဲ့ ထုတ်လုပ်ပေးထားပြီး Internal Storage အတွက်ကို 64GB, 128GB နဲ့ 256GB ဆိုပြီး ထုတ်လုပ်ပေးထားပါတယ်။

iPhone 12 ရဲ့ ကျောဘက်ကင်မရာစနစ်အတွက် iPhone 11 မှာတပ်ဆင်ထားတဲ့ ကင်မရာနှစ်လုံးတပ်စနစ်ကိုပဲ အသုံးပြုထားပါတယ်။ 12 Pro ရဲ့ ကျောဘက် ကင်မရာစနစ်အတွက် 12MP (wide), 12MP (telephoto), 12MP (ultrawide) နဲ့ TOF 3D LiDAR scanner (depth) စုစုပေါင်း ကင်မရာလေးလုံးကို တပ်ဆင်ထားပါတယ်။

iPhone 12 ဟာ အလန်းစားဓာတ်ပုံအမျိုးမျိုးနဲ့ 4K ဗီဒီယိုတွေကိုရိုက်ကူးနိုင်မဲ့ ကင်မရာစနစ်ဖြစ်ပြီး ဗီဒီယိုရိုက်ကူးတဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးရရှိစေမဲ့ Dolby Vision HDR (up to 30fps) နည်းပညာသစ်ကို ထည့်သွင်းပေးထားပါတယ်။ ရှေ့ဘက်မှာတော့ အလန်းစား Night Mode Selfie တွေရိုက်ကူးနိုင်သလို 4K ဗီဒီယိုအထိ ရိုက်ကူးနိုင်တဲ့ Selfie ကင်မရာကို တပ်ဆင်ထားပြီး Face Unlock ဖွင့်ဖို့အတွက် SL 3D, (depth/biometrics sensor) နဲ့ တွဲဖက်ပေးထားပါတယ်။

iPhone 12 Pro ဆိုရင်တော့ မြင်ကွင်းကျယ်ဓာတ်ပုံတွေကိုပါ Night Mode နဲ့ရိုက်ကူးနိုင်မှာဖြစ်ပြီး အလင်းရောင်အားနည်းတဲ့ နေရာတွေမှာတောင် အလှပဆုံးပုံရိပ်တွေကို ရိုက်ကူးပေးနိုင်မှာ ဖြစ်ပါတယ်။ LiDAR နည်းပညာက Night Mode Protraits ပုံရိပ်တွေကို ရိုက်ကူးနိုင်စေမှာဖြစ်ပြီး Wide ကင်မရာက အလင်းဖမ်းယူနိုင်စွမ်း 27% ပိုမိုမြင့်မားတဲ့အတွက် အသေးစိတ်ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို နေ့ရောညပါ ရိုက်ကူးနိုင်စေမှာပါ။ ဗီဒီယိုရိုက်ကူးတဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ရုပ်ထွက်အရည်အသွေးရရှိစေမဲ့ Dolby Vision HDR (up to 30fps) နည်းပညာသစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ရှေ့ဘက်မှာတော့ အလန်းစား Night Mode Selfie တွေရိုက်ကူးနိုင်သလို 4K ဗီဒီယိုအထိ ရိုက်ကူးနိုင်တဲ့ Selfie ကင်မရာကို တပ်ဆင်ထားပြီး Face Unlock ဖွင့်ဖို့အတွက် SL 3D, (depth/biometrics sensor) နဲ့ တွဲဖက်ပေးထားပါတယ်။

အသံပါဝါ အားကောင်းတဲ့ စတီရီယိုစပီကာတွေကိုပဲ တပ်ဆင်ပေးထားပြီး နားကြပ်ပေါက် ပါဝင်မှာမဟုတ်ပါဘူး။ နာရီဝက်အတွင်း ၅၀% အားပြန်သွင်းပေးနိုင်တဲ့ Fast Charging အသုံးပြုဘတ္ထရီကို တပ်ဆင်ပေးထားပါတယ်။ ကြိုးမဲ့အားသွင်းဖို့အတွက် iPhone 12 နဲ့ 12 Pro တို့မှာသာအသုံးပြုနိုင်တဲ့ သံလိုက် Magent နည်းပညာအသုံးပြု ကြိုးမဲ့အားသွင်း Charger နည်းပညာသစ် MagSafe Charger နဲ့ ပိုမိုမြန်ဆန်စွာ ကြိုးမဲ့အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

iPhone 12 ရဲ့ အရောင်ကွဲအဖြစ် အနက်၊ အဖြူ၊ အနီ၊ အစိမ်းနဲ့ အပြာရောင် တို့ဖြင့် ထုတ်လုပ်ပေးထားပြီး၊ iPhone 12 Pro မှာတော့ Silver, Graphite, Gold, Pacific Blue စတဲ့ အရောင်ကွဲလေးမျိုးဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်းလေးတွေကတော့..
iPhone 12 64GB – K1,400,000
iPhone 12 128GB – K1,490,000
iPhone 12 256GB – K1,650,000

iPhone 12 Pro 128GB – K1,730,000
iPhone 12 Pro 256GB – K1,900,000
iPhone 12 Pro 512GB – K2,220,000

ခုပဲ ဒီအောက်ကလင့်ခ်လေးကိုနှိပ်ပြီး အော်ဒါတင်လို့ရပါပြီရှင်..

For iPhone 12,
https://bit.ly/35AI2w2

For iPhone 12 Pro,
https://bit.ly/2Hus5PQ

Leave a Reply

Your email address will not be published. Required fields are marked *