Mobile, Review

iPad Air VS iPad Mini with Retina Display ကိုနှိုင်းယှဉ်ခြင်း

Apple ကပြီးခဲတဲ့ Event မှာ Products အသစ်နှစ်ခုဖြစ်တဲ့ iPad Air နဲ့  iPad Mini with Retina Display တို့ကိုမိတ်ဆက်ခဲ့ပါတယ်။ Tablets နှစ်ခုကိုကြည့်ရင်တော့ပုံစံတူညီနေတာကိုတွေ့မြင်ရမှာပါ။

3

iPad အသစ်တွေဟာ အဟောင်းတွေနဲ့နှိုင်းယှဉ်ရင်တော့ကွာခြားချက်တွေရှိပါတယ်။ iPad Air တော့ စွမ်းဆောင်ရည်ပြည့်၀ပြီး iPad Mini with Retina Display ကတော့ သယ်ဆောင်ရလွယ်ကူစေပါတယ်။

အသစ်ထွက်လာတဲ့ iPad နှစ်ခုထဲကဘယ် တစ်ခုဟာသင့်အတွက်သင့်တော်မလဲဆိုတာကို နှိုင်းယှဉ်ရေးသားပေးလိုက်ပါတယ်။

အရွယ်အစား နဲ့  အရောင်

iPad Air က သူ့အရင် iPad 4 နဲ့နှိုင်းယှဉ်ရင် 28% ပေ့ါပါးလာပြီး  20% ပါးလာပါတယ်။ 9.7 လက်မ Screen အရွယ်အစားကတော့ Tablet ကြီးကြီးကိုင်ချင်သူတွေအတွက်တော့အဆင်ပြေစေပါတယ်။

iPad Air ရဲ့အရွယ်အစားကတော့ 240×169.5×7.5mm ရှိပြီး 469g အလေးချိန်ရှိပါတယ်။

iPad Mini ကတော့ 7.9 လက်မ ရှိပြီး အရွယ်အစားအပြည့်အစုံကတော့ 200×134.7×7.5mm ရှိပါတယ်။ အလေးချိန်ကတော့ 331g ဖြစ်ပါတယ်။

နှစ်မျိုးစလုံးအတွက် ခဲရောင်၊အနက်ရောင်၊ငွေရောင် ၊အဖြူရောင် လေးမျိုးထုတ်လုပ်ပေးထားပါတယ်။ ရွှေရောင်တော့မရရှိပါဘူး။

Specification and Battery Life

iPad Mini ကဈေးသက်သာတဲ့အတွက် iPad Air နဲ့နှိုင်းယှဉ်ရင် Specs တွေတော်တော်ကွာခြားမယ်လို့ခန့်မှန်းပြောဆိုနေကြတာတွေဟာမှားယွင်းသွားပါတယ်။ Apple က နှစ်မျိုးစလုံးမှာတူညီတဲ့ Hardware တွေကိုထည့်သွင်းပေးထားပါတယ်။

iPhone 5S မှာအသုံးပြုထားတဲ့ 64-bit A7 Processor ကို iPad နှစ်မျိုးလုံးမှာထည့်သွင်းပေးထားပါတယ်။အဲဒီ Processor ကြောင့်  iPad Air ကသူ့အရင် iPad တွေထက် CPU နဲ့ Graphic Performance အပိုင်းမှာ နှစ်ဆပိုကောင်းလာပါတယ်။ iPad Mini ဟာဆိုရင်လည်းသူ့အရင် iPad Mini တွေထက် CPU အပိုင်းမှာ လေးဆ ၊ Graphic Performance အပိုင်းမှာ ရှစ်ဆ ပိုကောင်းလာပါတယ်။

M7 co-processor ကိုလည်း iPad Air , iPad Mini နှစ်မျိုးလုံးမှာထည့်သွင်းပေးထားပြီး Accelerometer, Gyroscope , Compass တို့ကိုအသုံးပြုရင်ပိုမိုကောင်းမွန်စေပါတယ်။

3

Cameras တွေက လည်း iPads နှစ်ခုလုံးမှာတူညီမှုရှိပြီး FaceTime HD Camera ကို အရှေ့ဘက်မှာထည့်ပေးထားပြီး 5MP Camera ကို အနောက်ဘက်မှာထည့်ပေးထားပါတယ်။

iPad Air ရဲ့ဘက်ထရီ က ဆယ်နာရီ ကြာအသုံးခံမယ်လို့ပြောပါတယ်။ iPad Mini with Retina Display ကလည်း ထို့အတူအသုံးခံပါတယ်။ အကြီးဖြစ်တဲ့ iPad Air ကို၀ယ်ယူမယ်ဆိုရင် လည်း Battery အားသာချက်မရှိပါဘူး။

iPad နှစ်မျိုးစလုံးကို  16GB, 32GB, 64GB , 128GB စသဖြင့်ရွေးချယ်နိုင်သလို Wi-Fi , LTE စသဖြင့်လည်းရွေးချယ်၀ယ်နိုင်ပါတယ်။

Retina Display

iPad Mini with Retina Display ဟာဆိုရင် အရင် iPad Mini တွေနဲ့မတူတော့ဘဲ Retina Display ဖြင့်အဆင့်မြှင့်ထားပါတယ်။အရင် iPad Mini တွေမှာ တစ်လက်မကို 163 pixel ပဲပါရှိပြီး အခု iPad Mini မှာတော့ တစ်လက်မကို 326pixel ပါရှိလာပါတယ်။ iPad နှစ်မျိုးစလုံး မှာ Retina Display ပါရှိပြီး 2048×1536 Resolution နဲ့ကြည့်ရှုခံစားနိုင်ပါတယ်။

4

iPad အသစ်နှစ်မျိုးစလုံးဟာ ကြည်လင်ပြတ်သားစွာပုံရိပ်တွေကိုကြည့်ရှုနိုင်ပါတယ်။ ဒါပေမယ့် iPad Mini ဟာသေးငယ်တဲ့အတွက် ပိုမိုကြည်လင်စွာပုံရိပ်တွေကိုကြည့်နိုင်ပါတယ်။နှိုင်းယှဉ်ကြည့်မယ်ဆိုရင် iPad Air မှာ တစ်လက်မကို 264 pixel ပဲပါရှိပြီး iPad Mini မှာ ဆိုရင်တစ်လက်မကို 326 pixel ပါရှိပါတယ်။အဲဒီအတွက် iPad Mini ဟာ iPad Air ထက်ပုံရိပ်တွေကို ကြည်လင်ပြတ်သားပြီးကောင်းမွန်စွာကြည့်နိုင်တဲ့အားသာချက် အနည်းငယ်တော့ရှိပါတယ်။

ဈေးနှုန်း နဲ့  ရောင်းချမယ့်ရက်

iPad Mini အသစ်ဟာ ဆိုရင် အရင် iPad Mini တွေထက်စာရင်ဈေးအနည်းငယ်ပိုကြီးလာပါတယ်။ iPad Mini with Retina Display ရဲ့  16GB Wi-Fi Model ရဲ့ဈေးကတော့ £319 ($399) သတ်မှတ်ထားတဲ့အတွက်အရင် iPad Mini နောက်ဆုံးထုတ် Model ထက် £60 ပိုများနေပါတယ်။

iPad Air ရဲ့ဈေးကတော့ 16GB ကို  £399 သတ်မှတ်ထားတဲ့အတွက် iPad Mini ထက် £80 ပဲပိုများတာတွေ့ရပါတယ်။

ဘာကို၀ယ်သင့်သလဲ?

iPad အသစ်နှစ်မျိုးစလုံးဟာ ဒီဇိုင်းပိုင်းရော အရည်အသွေးပိုင်းမှာပါတူညီပြီးကောင်းမွန်ကြပါတယ်။တူညီတဲ့ Specification တွေရှိကြပြီး Display ကလည်း နှစ်မျိုးစလုံး မှာကောင်းမွန်ပြည့်စုံပါတယ်။

သယ်ဆောင်ရလွယ်ကူစေနိုင်မယ့် iPad ကိုနှစ်သက်တဲ့သူဆိုရင်တော့ iPad Mini with Retina Display ကသင့်အတွက်ဖြစ်ပါတယ်။ အလုပ်လုပ်ဖို့အတွက်သုံးချင်တယ်ဆိုရင်တော့ အရွယ်အစားပိုကြီးမားတဲ့ iPad Air ကို၀ယ်ယူသင့်ပါတယ်။

iPad Air ကို နို၀င်ဘာလ (၁) ရက်မှာရောင်းချမှာဖြစ်ပြီး iPad Mini with Retina Display ကိုတော့ နို၀င်ဘာလ ကုန်ပြီးနောက်ပိုင်းမှာရောင်းချမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “iPad Air VS iPad Mini with Retina Display ကိုနှိုင်းယှဉ်ခြင်း

  1. Kevin Yang says:

    Just two colors not four (space gray and black) , (sliver and white).The A7 in iPad air is 1.4 GHz and A7 in mini with retina mini is 1.3.

Leave a Reply

Your email address will not be published. Required fields are marked *