News

Review အမှားလုပ်သူတစ်ထောင်ကျော်ကို Amazon မှ တရားစွဲ

Amazon ၏ ဝက်ဘ်ဆိုက်ပေါ်တွင် မှားယွင်းသော product review လုပ်သူ တစ်ထောင်ကျော်ကို Amazon မှ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

အွန်လိုင်း ဈေးအရောင်း ဝက်ဘ်ဆိုက်ဖြစ်တဲ့ Amazon ဟာ ၎င်းရဲ့ ဝက်ဘ်ဆိုက်ပေါ်တင်ထားတဲ့ ပစ္စည်းများကို မှားယွင်းတဲ့ Review လုပ်ခဲ့သူ ၁,၁၄၄ ဦးကို တရားစွဲဆိုခဲ့ပြီး လက်ရှိအချိန်မှာ ဝက်ဘ်ဆိုက်ရဲ့ username ကိုသာ ထုတ်ဖော်ပြောကြားသေးတယ်လို့ သိရပါတယ်။

Review အမှား ရေးသူများက Fiverr ဆိုတဲ့ အွန်လိုင်းဈေးအရောင်း ဝက်ဘ်ဆိုက်ကတစ်ဆင့် ရေးသားခဲ့တာဖြစ်ပြီး Amazon က ထိုသူများရဲ့ နာမည်အရင်းကို သိရှိရန်စုံစမ်းနေတယ်လို့ သိရပါတယ်။

Fiverr ဟာ အရင်ကလည်း Amazon နဲ့ ပူးပေါင်းပြီး ကုန်ပစ္စည်းသုံးသပ်ချက် (product review) အမှားရေးသူများကို ရှာဖွေဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ဘူးတဲ့အတွက် ယခုတစ်ကြိမ်မှာလည်း ရှာဖွေဖော်ထုတ်သွားနိုင်လိမ့်မယ်လို့ သတင်းများက သုံးသပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *