News

BarCamp Pakokku 2013ကျင်းပနိုင်ရေး အတွက် Sponsorအဖြစ် ပံ့ပိုးကူညီ ဆောင်ရွက်ပေးပါရန် ဖိတ်ခေါ်ခြင်း

နိုင်ငံတကာ နည်းပညာ အရပ်ရပ်တို့တွင် ထိရောက်မှုရှိသော နည်းပညာ ဖလှယ်ပွဲဖြစ်သည့် BarCamp၏ တစ်ကမ်ဘာလုံး အတိုင်းအတာတွင် ပါ၀င်ဆင်နွှဲသူ ( ၃၀၀၀ )ကျော်ဖြင့် ကမ်ဘာပေါ်တွင် တက်ရောက်သူ အများဆုံးဟု စံချိန်တင်ခဲ့သည့် BarCamp Yangon 2010ကို ၂၀၁၀ ခုနှစ်တွင် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ထို့နောက် အမြို့မြို့ အနယ်နယ်တွင် BarCampပွဲများ ပြုလုပ်ကျင်းပလျက် ရှိရာ ပခုက္ကူမြို့တွင်လည်း ပထမဆုံးအကြိမ် BarCamp Pakokku 2013 (ဘားကမ့် ပခုက္ကူ ၂၀၁၃ )ကို ၂၀၁၃ ခုနှစ်၊ နို၀င်ဘာလတွင် ကျင်းပ ပြုလုပ်တော့မည် ဖြစ်ကြောင်း သိရပါသည်။

ထိုBar Campပွဲကြီးတွင် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ယဉ်ကျေးမှု အနုပညာ၊ အလုပ်အကိုင်အခွင့်အလမ်း၊ သတင်းအချက်အလက် နည်းပညာနှင့် နယ်ပယ်ကဏ္႑အသီးသီးမှ ပညာရပ်ဆိုင်ရာ ဗဟုသုတအသွယ်သွယ်တို့အား ဆွေးနွေးဖလှယ်ကြမည် ဖြစ်ပါသည်။ အမြို့မြို့အနယ်နယ်မှ ဘားကမ့်ဧည်သည်တော်များမှလည်း အသိပညာ၊ အတတ်ပညာ များအား လာရောက်ဆွေးနွေး ဖလှယ်မှုများ ပြုလုပ်ကြမည် ဖြစ်ပါသည်။ အခြားသော ဘားကမ့်ပွဲ ကျင်းပပြီးစီးခဲ့သည့် မြို့များအား လေ့လာတွေ့ရှိချက်များအရ အကျိုးများစွာ ဖြစ်ထွန်းကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ထိုဘားကမ့်ပွဲကြီး ကျင်းပပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာ မြို့ရွာဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာသော အကျိုးဖြစ်ထွန်းမည်ဟု မျှော်လင့်ပါသည်။

ထိုသို့သော ဘားကမ့်ပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် လူကြီးမင်းတို့၏ ကူညီပံ့ပိုးမှုများ လိုအပ်လျက် ရှိပါသည်။ ထို့အပြင် ပွဲကျင်းပပြုလုပ်သည့် ရက်များအတွင်း တက်ရောက်ဆင်နွှဲသူများနှင့် ပွဲသတင်း လာရောက် ရယူသော သတင်းမီဒီယာများထံသို့ လူကြီးမင်း၏လုပ်ငန်းနှင့် ပတ်သက်၍ ပြန်ကြားစေလိုသည့် အချက်အလက်များ၊ ဖြန့်ဖြူးစေလိုသည့် နည်းပညာများ၊ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုဆိုင်ရာ အချက်အလက်များစွာတို့ကို ထိရောက်စွာ ပေးပို့နိုင်မည် ဖြစ်ပါသဖြင့် BarCamp Pakokku  2013၏ Sponsor အဖြစ် ပါ၀င် ကူညီပံ့ပိုး ပေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *