ဓာတ်ပုံများကို ကိုယ်တိုင်အထူးပြုလုပ်ရသည်ကို ဝါသနာပါသဖြင့် ဓာတ်ပုံ လူမှုကွန်ရက် Instagramကို သုံးကာ နေ့စဉ်လိုလို ဓာတ်ပုံများ တင်ဖြစ်ကြောင်း ၀တ်မှုံရွေရည်က ပြောသည်ဟု သိရသည်။ နေ့စဉ်လိုလိုပင် ရုပ်ရှင်၊ ကြော်ငြာရိုက်ကွင်းများမှ ပုံများ၊ ၄င်း၏ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်များ၊ တွဲဖက် အလုပ်လုပ်သော လုပ်ဖော်ကိုင်ဖက်များနှင့် တွဲ၍ ရိုက်ကူးထားသော ပုံများကို ဓာတ်ပုံ အထူးပြုလုပ်ချက်များ လုပ်ကာ ၄င်း၏ Instagram အကောင့်တွင် နေ့စဉ်တင်လျက် ရှိသည်ဟု ဆိုသည်။
ယခင်က ၄င်း၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ဓာတ်ပုံအတင်များပြီး ယခုနောက်ပိုင်းတွင် ၄င်း၏ Instagramတွင် ပိုမိုအတင်များလာသည်ကို တွေ့ရသည်။ “Instagramက Facebook ထက်ပိုပြီး Privacy ရှိတယ်လို့ ထင်တယ်။ လူငယ် ပရိသတ်တွေနဲ့ နိုင်ငံခြား ပရိသတ်တွေအတွက် ပိုသုံးဖြစ်ပါတယ်။ ဒီနောက်ပိုင်း ဖေ့ဘွတ်ခ်ထက် ပိုသုံးဖြစ်တယ်။ နောက်ပြီး ဓာတ်ပုံတွေကို ပြင်ပြီး တင်ရတာ ဝါသနာပါလို့”ဟု ၀တ်မှုံရွေရည်က ပြောပြပါသည်။