Opinion

အသက် ၄၀ ကျော် ကွန်ပျူတာ မသုံးဖူး သေးဖူးဆိုရင်တော့၊ ပိုက်ဆံ အကုန်ခံပြီး PC Laptopတွေ ၀ယ်ယူ သင်ကြား မနေပါနဲ့တော့…

မြန်မာပြည်လို နည်းပညာကို ရွှမ်းရွှမ်းေ၀အောင် ပြောနေကြသည့် ခေတ်ကြီးကို ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူအားလုံး သဘောတွေ့ ကြမှာပါ။ ပြည်ပမှလည်း သူတို့ တီထွင်ထားတဲ့ အရာအားလုံးကို ပြည်တွင်းရှိ အရောင်းဆိုင်များမှ တစ်ဆင့် အရင်ကနှင့်မတူ တွင်ကျယ်စွာ ဖြန့်ဖြူးရောင်း၀ယ်ခွင့်တွေ ရရှိလာလို့ပါပဲ။ ထို့ကြောင့် အဓိက တရားခံဖြစ်ရတော့မည့် တစ်သက်တာ စုဆောင်းထားရသည့် ငွေကြေးပမာဏနှင့် နည်းပညာကို လေ့လာဖူးဆက်ကြမည့် အသက် ၄၀ ကျော် လူသားအားလုံးအတွက် ဤစာကို ရေးသားလိုက်ပါသည်။

ကွန်ပျူတာဆိုတာ ယနေ့ခေတ်ရဲ့ ကားတစ်စီးလိုပါပဲ။ ဖိနပ်စီးရသလိုမျိုးပေါ့ ၀ယ်ပြီးရင် စီးလိုက်မှ တန်ရာကျမှာပါ။ မြန်မာပြည်က ကွန်ပျူတာ သင်တန်းတွေကတော့ သင်တော့ သင်နေတာပဲဗျ၊ မတတ်လဲ ပိုက်ဆံကုန်သည်မှတ်ပေါ့ဗျာ။ နှိုင်းမနေတော့ပါဘူး။
အဲသလိုဆိုကြတဲ့အခါ ကျတော့ – ရှင်းပြပါရစေ။

ကွန်ပျူတာတစ်လုံး၀ယ်ရင် – ဖိနပ်လို ချက်ချင်း စီးတတ်သလိုမျိုး – ချက်ချင်း မသုံးတတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာရဲ့ အဓိကက သူရဲ့ စက်ထဲမှာ ပါ၀င်တဲ့ Operating System (OS) တစ်ခုကြောင့်ပါပဲ။ OS ဆိုတာက ယနေ့ခေတ် လူငယ်တွေ ပြောနေကြတဲ့ စာစီစာရိုက်တို့၊ ဂိမ်းတို့ အီးမေလ်တို့၊ အင်တာနက်တို့ကို အသုံးပြုလို့ရအောင် တည်ဆောက်ထားတဲ့ အခြေခံ အုတ်မြစ်ပါ။ ထိုဟာတွေကို လူသားအားလုံး အလွယ်တကူ အသုံးချနိုင်ဖို့ OSမှ ပုံပေါင်း (icon) များစွာနှင့် အင်္ဂလိပ်စာတွေ ရေးပြီး တင်ဆက်ပေးထားတာပါ။ ဗီယက်နမ်လိုနိုင်ငံမျိုးမှာနေရင်တောင် တရား၀င် OSနှင့် ဗီယက်နမ်စာ ပါလာပါသေးသပေါ့။ မြန်မာပြည်မှာတော့ မြန်မာစာ တီထွင်သည့် ပညာရှင်များ ရင်ကြားစေ့ ပြီး၊ မပြီး မသိသေးတော့ မပြောတတ်ပါဘူး။
ထို့ကြောင့် ရုပ်ပုံ ရုပ်ညွန်း (icon)တွေနှင့် အင်္ဂလိပ်စာ ညွန်ကြားချက်တွေနှင့်၊ သတိ ပေးချက် (Warning)တွေနှင့် ပြည့်စုံနေတဲ့ OSကို နားလည်ဖို့ သင်တန်းတွေ တက်ရပါတယ်။ ပြီးပြီဆိုရင်လည်း သင်တန်းမှ မရတဲ့၊ မသင်ပေးတဲ့ နညး်ပညာအသစ်တွေလည်း တစ်ပုံကြီးဆိုတော့ အလုံးစုံ သုံးတတ်ဖို့ဆိုတာ အေ၀းကြီးပါ။
နောက်ဆုံးပြောရရင် ရုပ်ပိုင်းဆိုင်ရာပေါ့ဗျာ။ အသက်ကကြီး ကွန်ပျူတာ အိတ်ကြီး တကားကားနှင့် ဟိုနေရာသွား ဒီနေရာသွား ဆိုလည်း မသင့်တော်ပြန်ပါဘူး။ လေးကလည်း လေးလွန်းအား ကြီးတာကိုး။
ဆိုလိုချင်တာကတော့ – Table တွေ၊ iPadတွေ အားလုံး ပါးစပ်ဖျားက မချနိုင်ကြတဲ့ ခေတ်ရေစီးကြောင်းထဲမှာ အကြောင်းတစ်ခု ရှိလို့ပါပဲ။ ဖွံ့ ဖြိုးဆဲ နိုင်ငံမှ သာမန် အသက် ၄၀ကျော် လူတစ်ယောက် အကြောင်း မှန်းဆပြောရရင် အီးမေလ်သုံးမည်၊ ဖေ့ဘွတ် တက်မည်၊ ၀က်ဘ်ဆိုဒ် ကြည့်မယ်၊ ဂျီတော့ ချက်မည်၊ စကိိုဒ်ပ်ပီနှင့် ချတ်,မယ်၊ ထန်ကုန် စာစီစာရိုက် လုပ်မည်ပေါ့။
အဲတော့… အဲဒါတွေအားလုံးဟာ ကွန်ပျူတာ (PC Laptop)တစ်လုံးလောက်
ဈေးကြီး ပေး၀ယ်စရာမလိုတဲ့ iPad တွေ၊ Tabletတွေပေါ်မှာ ရနေလို့ပါပဲ။
Tablet တွေကတော့ OS မပါလို့လား၊ မေးရင်တော့ ပါပါတယ် ။ ဒါပေမယ့် အင်တာဖေ့စ် (Interface)ကွာပါတယ်။ ရုပ်ချော တည်ကြည်တဲ့ မျက်နှာဆို အလွန်ကြည့်ချင်တဲ့စိတ် ရှိသည့်အတိုင်းပေါ့။ Tablet ပေါ်က OSတွေက iconလေးတွေကို ပိုမိို တိကျစွာ မြင်နိုင်အောင်၊ လွယ်ကူစွာ အသုံးပြုနိုင်အောင်၊ အသုံးပြုဖို့လည်း အင်္ဂလိပ်စာ တတ်စရာမလိုအောင် စီစဉ်ပေးထားလို့ပါပဲ။
မယုံတဲ့လူတွေအတွက် ထပ်ရှင်းပြဦးမယ်။
Laptop ပေါ်မှာ စာစီစာရိုက် လုပ်မည်ဗျာ။
» Word icon လေးကို နှိပ်မည်။
» ပေါ်လာရင် ရိုက်မည်။ ပြီးရင် Saveမည်။
» Save ဖို့အတွက် ကွန်ပျူတာပေါ်မှာ အလွယ်ဆုံး Desktop ဆိုတဲ့နေရာပေါ်မှာ ရွေးပြီး Save လိုက်မည်။
» Fileတွေ များလို့ ပြန်ဖွင့်ချင်ရင် Destopမှာ ပွစာ ကျဲနေမည်။
Tablet ပေါ်မှာဆိုရင်တော့…
» icon လေးကို နှိပ်မည်။
» စာစီစာရိုက် လုပ်မည်။
» ပိတ်လိုက်တာနဲ့ အလိုအလျောက် Save သွားပြီး
» ပြန်ရှာရင်လည်း icon လေးတွေနဲ့ ပေါ်လာပြီး Touch ထိလိုက်ရင် ပြန်ဖွင့်သွားပြီ။
တော်တော် မြင်သာနေပါပြီ။ မမြင်သေးဘူး ဆိုရင်တော့ နှစ်ခုလုံး ၀ယ်သုံးကြည့်သင့်တယ်ပေါ့။
တကယ်တော့ Tablet၏ သဘော သဘာ၀က ဈေးနှုန်းသက်သာသည့်အပြင် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်အတွက် တီထွင်ထားတာ ဖြစ်တယ်။ ထို့ကြောင့်မို့လို့ အပေါ်က တင်ဆက်ထားသလို ဖွေစရာ ရှာစရာတွေ မများဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပစ္စည်း ကိုယ်ဘယ််နားမှာ ထားသလဲဆိုတာ သိပြီးသား မဟုတ်လား။
အဓိပ္ပာယ်ကတော့ Tablet တွေမှာ အသုံးပြုမည့် အီမေးလ် အကောင့်တွေ၊ ချတ်,တင် ၀င်မည့် Skype အကောင့်တွေ၊ ဖေ့ဘွတ်အကောင့်တွေရဲ့ username/ Passwordတွေဟာ တစ်ဦးတစ်ယောက်တည်းအတွက် ယေဘုယျ ပြောရရင် OS လို့ခေါ်တဲ့ အခြေခံအုတ်မြစ်ထဲမှာ ၀ယ်၀ယ််ပြီးကတည်းက တစ်ခါတည်း ရိုက်ထည့်ထားလိုက်ရုံပဲ မို့ပါ။
ဒါကြောင့် ထပ်ခေါက် ထပ်ခေါက် ပြန်ရိုက်စရာ ကင်းေ၀းပြီး လွယ်ကူ လျှင်မြန်စွာ သုံးနိုင်တာကလည်း အဓိက အကြောင်းအရင်း တစ်ရပ်ပေါ့။
အဲဒီတော့ နည်းပညာကို အသုံးချပြီး လူမှုရေး လုပ်ချင်သူများ၊ သာမန် လုပ်ငန်းဆောင်တာများ ပြီးမြောက်ချင်သူများ အချိန်ကုန်ခံပြီး သင်တန်းတက်ဖို့ မလို၊ ဈေးနှုန်းကြီးတဲ့ PC Laptop ၀ယ်စရာ မလိုပဲ မိမိရဲ့ တန်ဖိုးရှိသည့် အချိန်တွေကို ခေတ်မှီ၊ ဈေးချို၊ သယ်ယူပေါ့ပါး၊ ချက်ချင်းသုံးတတ်၊ သင်တန်းမလိုသည့် Tabletတွေ၊ iPadတွေပေါ်မှာသာ ရွေးချယ်အသုံးပြုသင့်ကြောင်း တင်ပြလိုက်ရပါသည် ခင်ဗျာ။

author-avatar

About Jet Sin

အမည်ရင်းမှာ ရဲဇော်ထက်ဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *