News

လန်ဒန်အိုလံပစ်အတွက် Social Media အသုံးပြုခွင့်များ ကန့်သတ်ချက် ရှိ

london olynpic

ရက်သတ္တပတ်အတွင်း အားလုံး စိတ်၀င်စားစွာ စောင့်မျှော်နေကြသည့် အိုလံပစ် အားကစားပွဲတော်ကြီးကို လန်ဒန်မြို့တွင် ကျင်းပတော့မည် ဖြစ်သည့်အလျောက် အိုလံပစ် ကျင်းပရေး ကော်မတီမှလည်း အားကစားသမားများ လိုက်နာရမည့် စညး်မျဉ်းစည်းကမ်းချက်ကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်လျက် ရှိပါသည်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC)ဟာ 2012 အိုလံပစ်ပွဲတော်တွင် အားကစားသမားများအား tweets, blogနှင့် postများကို ဒိုင်ယာရီအနေဖြင့်သာ Social Networkများသို့ တင်သွင်းခွင့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အားကစားသမားများ နေထိုင်သည့် အိုလံပစ် ကျေးရွာထဲမှာလည်း ဗီဒီယိုတွေကို အင်တာနက်မှတစ်ဆင့် မျှေ၀ခွင့် မရှိကြောင်း၊ ဓာတ်ပုံများကို မျှေ၀ချင်သည်ဆိုရင်တော့ သူတို့ကို အုပ်ထိန်းသည့် လူကြီးများ၏ ခွင့်ပြုချက်ဖြင့်သာ မျှေ၀ခွင့် ရှိကြောင်း ကြေညာထားသည်။

အမေရိကန် နာမည်ကျော် တာတိုအပြေးသမား Nick Symmords ကလည်း ဒီလို စည်းကမ်းတွေက အဓိပ္ပာယ် မရှိကြောင်း၊ ကမ်ဘာတစ်၀ှမ်းမှ ပရိသတ်အားလုံးကို အချိန်နှင့် တပြေးညီ ပွဲနှင့်ပတ်သက်သည့် အချက်အလက်များကို မျှေ၀နိုင်သည့် ခေတ်သစ်နည်းပညာကို ဘာကြောင့် တားဆီးနေသလဲဆိုတာ မှန်းဆ၍ မရကြောင်း သတင်းဌာနများကို ပြောကြားသွားသည်။ ကမ္ဘာ့သမိုင်း တစ်လျှောက်မှာ ကြည့်ရှုသူ ပရိသတ် အများဆုံး အားကစားပွဲတော်ဖြစ်ဖို့အတွက်် အင်တာနက်က အရေးပါကြောင်း၊ အခု လုပ်ရပ်ဟာ အရမ်း မိုက်မဲကြောင်း လည်း ပြောကြားသွားသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *