How-to

Windows မတက်ပဲ BOOTMGR Missing Error ဖြစ်နေရင်

boot

Computer ကို ဖွင့်လိုက်ပေမယ့် Windows မတက်လာပဲ Desktop Black Screen ပေါ်မှာ BOOTMGR is Missing ဆိုတဲ့ စာသားပေါ်နေပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေရင် ဖြေရှင်းလို့ရအောင်လို့ပါ။
အခုလိုမျိုး ဖြစ်ပေါ်ရာက Windows ရဲ့ Boot File ပျက်သွားလို့ ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ Windows ပြန်တင်လိုက်လို့ လဲရပါတယ် Windows ပြန်တင်မယ်ဆိုရင် အချိန်ကုန်တာပေါ့။
Driver တွေတင်ရမယ် Software တွေ အစအဆုံး ပြန်တင်ရမယ်ဆိုရင် မလိုအပ်ပဲ အချိန်ကုန်ပါတယ်။ အဲဒါကြောင့် BOOTMGR Missing error ဖြစ်ပေါ်လာရင် အလွယ်တကူ ဖြေရှင်းလို့ရပါတယ်။

Error ဖြေရှင်းနည်း

၁။ ကိုယ့်စက်မှာ တင်ထားတဲ့ Windows ခွေကို စက်ထဲကိုထည့်ပြီးအရင် Windows တင်တဲ့အတိုင်း အဆင့်ဆင့် သွားပါ။
၂။ Installing Window ဆိုတဲ့နေရာကို ရောက်ရင် အောင်မှာရှိတဲ့ Repair your Computer ကိုနှိပ်ပါ။
၃။ System Recovery Box ကျလာရင် Next ကို နှိပ်ပါ။
ပြီးရင် အပေါ်ဆုံးက Startup Repair ကိုနှိပ်ပြီး Repair လုပ်ပါ။
၄။ Startup Repair လုပ်ပြီးသွားရင် အောက်ဆုံးမှာရှိတဲ့ Command Prompt ကိုသွားပါ။
၅။ Command Prompt ကျလာရင် bootrec /fixboot ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။
ဒါဆိုရင်ရပါပြီ။ Computer ကို Restart ချပြီး ပြန်တက်လာရင် အရင်အတိုင်းပုံမှန် Windows ပြန်တက်လာပါလိမ့်မယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *