News, Newsroom

ICT Rewards Program

အိုင်စီတီမှာအမြဲဈေးဝယ်နေတဲ့ Customers တွေအတွက် ICT Rewards အစီအစဉ်

အိုင်စီတီရဲ့ Rewards အစီအစဉ်မှာပါဝင်ခြင်းအတွက် ရရှိလာမဲ့ သီးသန့်ခံစားခွင့်တွေအကြောင်းကို သိပြီးပြီလား? မသိသေးဘူးဆိုရင် ဆက်ပြီးပြောပြပေးပါမယ်။

 Reward Points အစီအစဉ်လေးကတော့ 

၁။ အီးမေးလ်လိပ်စာတစ်ခုတည်းကိုပဲအသုံးပြုပြီးတော့ အိုင်စီတီကနေ ဈေးဝယ်တဲ့အကြိမ်တိုင်း Reward Pointsတွေကို ရရှိမှာဖြစ်ပါတယ်။ ရရှိမည့်နည်းလမ်း – တစ်ကျပ်ဖိုးဝယ်ယူတိုင်း ပွိုင့်တစ်ပွိုင့်ရမှာပါ။ 

၂။ ရရှိလာတဲ့ပွိုင့်တွေကို အိုင်စီတီကနေ ပစ္စည်းဝယ်ယူချိန်မှာ Discount အဖြစ် ပြန်လည်အသုံးပြုနိုင်ပါတယ်။ အသုံးပြုနိုင်မည့်ပုံစံ – ပွိုင့် 100,000 ကို ငွေကျပ် 1,000 တန် Discount အဖြစ် အသုံးပြုနိုင်မှာပါ။

ICT Rewards အစီအစဉ်မှာပါဝင်ဖို့ ICT.com.mm မှာ Member ဖြစ်ထားဖို့တော့ လိုပါတယ်။ Member ဖြစ်ဖို့အတွက် ကွန်ပြူတာ Browser ကနေတဆင့် ICT.com.mm မှာ Register သို့မဟုတ် Sign in ပြုလုပ်ပေးရပါမယ်။ Member ဖြစ်ပြီးသွားတာနဲ့ ICT.com.mm မှာ ဈေးဝယ်ရင်း ပွိုင့်တွေစုဆောင်းနိုင်မှာပါ။

ဒီအစီအစဉ်လေးက အခုလိုခက်ခဲတဲ့ကာလမှာ အိုင်စီတီရဲ့ Customers တွေကိုအထောက်အကူဖြစ်စေဖို့   စီစဉ်ပေးထားတာဖြစ်ပါတယ်။ Customers တွေအနေနဲ့ ဘေးကင်းလုံခြုံစွာ အိမ်မှာပဲနေပြီး ဒီအစီအစဉ်လေးမှာ ပါဝင်ခံစားနိုင်ပါတယ်။ အားပေးကြတဲ့ Customers တွေကို ကျေးဇူးတုံ့ပြန်တဲ့အစီအစဉ်လေးမို့ အိုင်စီတီမိသားစုက အပြုံးနဲ့ဝန်ဆောင်မှုပေးသွားမှာပါနော်။

Referral အစီအစဉ်လေးကိုလည်း နောက်ထပ်မိတ်ဆက်ပေးပါရစေ။ 

အိုင်စီတီရဲ့ Customers တွေအနေနဲ့ ICT.com.mm မှာ ဈေးဝယ်ရတာနှစ်ခြိုက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီ့အတွက်ကြောင့် Customers တွေအတွက် စီစဉ်ပေးထားတဲ့အရာလေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သင့်ရဲ့သူငယ်ချင်းတွေကို ICT.com.mm ကို ညွှန်းပေးပြီး သင့်ရဲ့သူငယ်ချင်းက ICT မှာဈေးဝယ်ခဲ့မယ်ဆိုရင် သင့်ရဲ့သူငယ်ချင်းအတွက် ငွေကျပ် 5,000 သက်သာခွင့်ကူပွန် ရသလို သင်လည်းပဲ ငွေကျပ် 5,000 သက်သာခွင့်ကူပွန် ရရှိမှာပါ။

လုပ်ရမဲ့နည်းလမ်းက လွယ်လွယ်လေးပါနော်။ အောက်မှာပေးထားတဲ့ ခလုတ်လေးကိုနှိပ်ပြီး သင့်ရဲ့ သီးသန့် Link ကို ရယူပါ။ သင့်ရဲ့သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေကို အဲ့ဒီ့ Link ကိုနှိပ်ပြီးတော့ ICT.com.mm မှာဈေးဝယ်နိုင်ကြောင်း ပြောပြပေးလိုက်ရုံပါပဲ။

သင့်မှာ နောက်ထပ်သိချင်တာ၊ မေးမြန်းချင်တာရှိတယ်ဆိုရင် [email protected] ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်သလို 09 765 441 708 ကိုလည်း ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။အိုင်စီတီရဲ့ Community မှာ ပါဝင်ပေးခြင်းအတွက် လူကြီးမင်းကို အိုင်စီတီမိသားစုမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

မေးခွန်းများ ရှိပါက?

Messenger: https://m.me/ICT.com.mm
Viber: 0942 000 4551
Email: [email protected]

🛍 Happy Shopping!
Team ICT.com.mm

Leave a Reply

Your email address will not be published. Required fields are marked *