Opinion

ကားမောင်းရင် ဖေဖေကို မေမေထက် ပိုချစ်တယ်

ကလေးတွေကို မေးမြန်းပြီး ပြုစုထားတဲ့ စစ်တမ်းအရ အဖေတွေ ကားမောင်းတာဟာ အမေတွေထက် ပိုမိုကောင်းမွန်ပါတယ်ဟု ထွက်ရှိလာပါတယ်။ ဒါပေမယ့် အမေတွေ မောင်းနှင်တဲ့အချိန်မှာတော့ ကလေးတွေကို ပိုမိုပျော်ရွင်မှုရှိစေတယ်လို့ ဆိုထားတဲ့အတွက်ကြောင့် အမေတွေအတွက် သိပ်စိုးရိမ်စရာ မလိုပါဘူး။ ဒီစစ်တမ်းလေးဟာ Carsguide Australiaမှ အသက် ၅နှစ်နှင့် ၇နှစ်အရွယ်ကြား ရှိတဲ့ ကလေးဦးရေ ၁၀၀၀ကို မေးမြန်း ပြုစုထားခြင်း ဖြစ်ပါတယ်။

လူငယ်လေးတွေ သူတို့ မိဘတွေ ကားမောင်းနေရင်းနဲ့ လုပ်တတ်တဲ့ အကျင့်ဆိုးတွေကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ၄၃%က သီချင်း ဆိုးဆိုးရွားရွားတွေ နားထောင်ခြင်း၊ ၃၄%က အသံအကျယ်ကြီးဖြင့် ကားထဲမှာ သီချင်းဆိုခြင်းနှင့် ကီးတွေ တလွဲကြီးဖြင့် အော်ဟစ် သီဆိုခြင်းတို့ ပါ၀င်သလို ၂၁%ကတော့ အခြားကားမောင်းသူများကို အော်ဟစ် ဆဲဆိုခြင်းတို့ ပါ၀င်ကြောင်း ဖြေဆိုထားပါတယ်။ အံ့သြစရာ ကောင်းတဲ့အချက်ကတော့ အမေတွေဟာ အဖေတွေထက် ဆိုးရွားတဲ့ စကားအသုံးအနှုန်းတွေကို ပိုမို အသုံးပြုလေ့ရှိတယ်လို့ ဖြေကြားထားခြင်းပါပဲ။
မည်သို့ပင်ဆိုစေ အမေတွေက ကလေးတွေအတွက် ကားမောင်းနေရင်း ပျော်ရွှင်မှုတွေကို ပိုမို ပေးနိုင်သည်ကတော့ ကားမောင်းနေတဲ့ အချိန်ကလေးကို ကလေးတွေအတွက် အသုံးချပေးခြင်းကြောင့်ပါပဲ။ အဖေတွေထက် အမေတွေဟာ ကားမောင်းနေရင်း ကလေးတွေနဲ့ စကား အပြန်အလှန်ပြောမယ်၊ ကစားနည်းလေးတွေ ထုတ်မယ်၊ ကစားမယ်၊ စသည်ဖြင့် အသုံးချလေ့ရှိပါတယ်။

သို့ပေမယ့် အဖေတွေထက် ဆိုးရွားတဲ့ စကားအသုံးအနှုန်းများကို ဆဲဆိုတဲ့နေရာမှာ ပိုမို အသုံးပြုလေ့ရှိသည်ကတော့ စိတ်ဖိစီးမှု ပိုမိုများပြားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဆိုပါတယ်။ ကလေးတွေကို ကျောင်း အကြိုအပို့တွေမှာ ကြုံတွေ့ရတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့်လည်း ဖြစ်နိုင်တယ်ဟု ဆိုထားပါတယ်။ ကလေးတွေ ကိုယ်တိုင်အတွက် ကားပေါ်မှာ စီးနင်းလိုက်ပါနေချိန်မှာ အကြိုက်ဆုံး၊ အလုပ်ချင်ဆုံး အကျင့်ကို ဖြေဆိုရာမှာ သကြားလုံးစားခြင်းပါပဲဟု ဆိုပါတယ်။ ကားမောင်းနိုင်စွမ်းကို မဲပေးရာမှာ အဖေတွေက ၅၁%နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး၊ အမေတွေက ၄၅% နှင့် ဒုတိယနေရာ ဆွဲထားကာ၊ ကျန်တဲ့ ရာခိိုင်နှုန်းတွေကိုတော့ အခြားမိသားစု၀င်များ ဖြစ်ကြတဲ့ ဖိုးဖိုး ဖွားဖွားတွေအတွက်လို့ ဆိုထားပါတယ်။

ကားပါကင်ထိုး ကောင်း၊ မကောင်းကို မဲပေးရာမှာတော့ အဖေတွေက ၅၈% နှင့် ဦးဆောင်ပြီး အမေတွေအတွက်တော့ ၃၆%သာ ရှိပါတယ်။ ကားစီးပြီး အကြိုက်ဆုံးနေရာတွေကို သွားရောက်ဖို့ စစ်တမ်းမှာတော့ အဖိုး၊ အဖွားအိမ်ဟာ ပထမဆုံး နေရာမှာ ရှိနေပါတယ်။ ကားရဲ့ Dashboard ပေါ်မှာ ရှိတဲ့ သငေ်္ကတတွေကို စမ်းသပ်မေးမြန်းရာမှာတော့ ကလေးတွေရဲ့ အဖြေတွေထဲမှာ ‘ninjas’လို့ ဖြေတာတွေ့ရပြီး၊ ထိုင်ခုံခါးပတ်ကိုတော့ ‘မျက်လှည့်ဆရာ’ နှင့် စက်သုံးဆီအတွက်ကိုတော့ ‘ဂြိုလ်သား’လို့ ဖြေဆိုကြပါတယ်။ ပြည်တွင်းမှာလည်း ကမ္ဘာ့နိုင်ငံအသီးသီးနှင့် Trafficလို့ ခေါ်ေဝါ်ကြတဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ရင်ဆိုင်နေရပြီ ဖြစ်တဲ့အတွက်ကြောင့် မိဘတွေဟာ မိမိရင်သွေးများနဲ့ ကားပေါ်မှာ အရင်ထက် အချိန် ပိုမိုကြာရှည်စွာ နေထိုင်လာကြပါတယ်။ ထို့ကြောင့် ဒီတစ်ပတ် ဒီကမ္ဘာမှာ ရင်သွေးများနဲ့ ဆောင်ရန် ရှောင်ရန်များကို လေ့လာနိုင်ရန် အိုင်စီတီဂျာနယ် စာမျက်နှာပေါ်မှတဆင့် တင်ပြပေးလိုက်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *