ကုမ္ပဏီကို ဘယ်လို တည်ထောင်ဖြစ်တာလဲ။
၂၀၀၅ ခုနှစ်ကတည်းက အမေရိကမှာ ကုမ္ပဏီကို စပြီး တည်ထောင် ဖြစ်တယ်။ ၂၀၀၇ လောက်ကနေ စပြီး ကားတွေ သွင်းဖြစ်တယ်။ တကယ် အဓိက သွင်းဖြစ်တာက ၂၀၀၉ လောက်မှာပါ။ ကားတွေ အများကြီး သွင်းဖြစ်တယ်။ အမေရိကမှာ ရှိတဲ့ ကုမ္ပဏီ နာမည်က Golden Dragon Trading LLC ပါ။
ဘယ်လိုကားမျိုးတွေကို တင်သွင်းတာလဲ။
အမေရိကန်ကားတွေ၊ ဂျပန်ကားတွေ၊ ဂျာမာန်ကားတွေ၊
အင်္ဂလန်ကားတွေ သွင်းဖြစ်ပါတယ်။ အကုန်လုံး Brand New တစ်မျိုးပဲ သွင်းတာ။ Mercedes, BMW, Jauguar, Range Rover, Nissan, Honda, Toyota, Lexus, Cadillac ကားမျိုးတွေပါ။
အများဆုံး သွင်းဖြစ်တဲ့ ကားအမျိုးအစားကရော။
Lexus LX570 ပါ။ အဲဒီကားကို 2009 ကတည်းက သွင်းဖြစ်တာပါ။ Permitတွေ မဖွင့်ပေးခင်ကတည်းက Special Permit နဲ့ တင်သွင်း ဖြစ်တာပါ။
ဂျပန်က ထုတ်တဲ့ကားကို အမေရိကန်ကတဆင့် မြန်မာနိုင်ငံကို တင်ပို့တယ်ဆိုတော့ ကုန်ကျစရိ်တ် မများဘူးလား။
မများဘူး။ ဘာလို့လဲဆိုတော့ ဂျပန်မှာက Brand New ၀ယ်ချင်ရင် ၀ယ်လို့ မရဘူး။ အခုချိန်ထိ ဂျပန်မှာ Lexus LX570 မရောင်းဘူး။ အဲဒီလိုပဲ လုံး၀ မစီးရသေးတဲ့ ကားဆိုရင် ဂျပန်က မရောင်းပေးဘူး။ Export ပေးမလုပ်ဘူး။ အမေရိကကို ပို့ပြီးတော့မှ (သို့) ဒူဘိုင်းကို ပို့ပြီးတော့မှ ဒီကို ပြန်ပို့တာ။ အမေရိကအတွက် ထုတ်ပြီး အမေရိကမှာပဲ ဖြန့်တာ။ Lexus LX570 ဆိုရင် အမေရိကနဲ့ ဒူဘိုင်းကိုပဲ ဖြန့်တာ။ Honda, Nissan, Toyota တို့က အမေရိကမှာ စက်ရုံ ရှိတယ်။ Toyota ကို ပြောမယ်ဆိုရင် Corolla, Camry, Yaris, Toyota Tundra Pick-Up တို့က အမေရိကမှာ ထုတ်တယ်။ လင်ခရူဇာက US မှာ မထုတ်ဘူး။ ဂျပန်မှာ ထုတ်တယ်။ Harrier တွေက US မှာ ထုတ်တယ်။ Brand New သွင်းတဲ့ လူတွေဆိုရင်တော့ US ကနေ ကျွန်တော်တို့ သွင်းတာ များတယ်။
Golden Dragon အနေနဲ့ အဲဒီ ကားမျိုးကို သွင်းဖူးလား။
သွင်းဖြစ်တယ်။ Harrier တော့ မဟုတ်ဘူး။ Lexus နာမည်နဲ့ သွင်းဖြစ်တယ်။ Lexus RX350 2013 သွင်းထားတာ ရှိပါတယ်။ အဲဒါကို အမေရိကမှာ Harrier လို့မခေါ်ဘူး။ RXလို့ ခေါ်တယ်။
Golden Dragonက ၀ယ်တဲ့ Harrier ဆိုရင် အမေရိကန်ထုတ်လို့ ပြောလို့ရတာပေါ့။
ရပါတယ်။ ဒါပေမဲ့ Brand New 2013 တွေပဲ သွင်းပါတယ်။
100 Mileage ရှိမှ Brand Newလို့ သတ်မှတ်တယ်ဆိုတဲ့ အကြောင်းလေး ရှင်းပြပေးပါ။
ဘာလို့လဲဆိုတော့ အခြား ကားကုမ္ပဏီတွေက ကားကို Brand New မှာပေးမယ်လို့ ပြောပြီး ကီလို နှစ်သောင်းကျော်လောက် ရှိနေတယ်။ အဲဒါဆိုရင် Brand New လို့ ခေါ်လို့ မရဘူး။ မော်ဒယ်ကတော့ အသစ်ပဲ။ ဒါပေမယ့် ဥပမာ အငှားကားတွေ ရှိမယ်။ Rental ကားကုမ္ပဏီကြီးတွေမှာ လာငှားပြီး မောင်းထားတဲ့ ကားတွေကို ဒီနှစ်ထုတ် ကားပဲ၊ အဲဒီကားကုမ္ပဏီက အကြောင်းအမျိုးမျိုးကြောင့် ပြန်ရောင်းရတာမျိုးတွေ ရှိတယ်။ အမေရိကမှာ အဲဒီကားတွေက ဒေါ်လာ တစ်သောင်း နှစ်သောင်းလောက် ပို ပေါတယ်။ အဲဒါကို မြန်မာနိုင်ငံက ကားကုမ္ပဏီတစ်ခုက Brand New ကားတွေ သွင်းပေးမယ်ဆိုပြီး ကြော်ငြာတာ တွေ့ဖူးတယ်။ ညာ ရောင်းကြတယ်။ ကျွန်တော်တို့ဆီမှာ ရှိတဲ့ ကားတွေကတော့ ကီလို 100 မကျော်သေးတဲ့ အသစ်ဆက်ဆက် ကားတွေကိုပဲ သွင်းတာပါ။
အဲဒီလို အလိမ် မမိစေဘဲ အမှန်တကယ် ကား၀ယ်လိုသူတွေအတွက် ဘယ်လို အကြံပေးချင်လဲ။
ကား သွားမှာမယ်ဆိုရင် ကီလို 50 အောက်ပဲ ၀ယ်မယ်လို့ ကီလို 100 ကျော်ရင် မ၀ယ်ဘူးဆိုပြီးတော့ စာချူပ်ထဲမှာ ထည့်ချူပ်ပါ။ ဘာမှ မရေးလိုက်ဘဲ စာချူပ်ချူပ်ပြီး ရောက်လာတော့မှ ကီလို နှစ်သောင်းဖြစ်ရင် ဖြစ်နေလိမ့်မယ်။ ကျွန်တော်တို့ဆီမှာတော့ အဲဒီလို မရှိဘူး။ ကီလို 100 အောက်ဆိုရင်တော့ အသစ်စက်စက် ဘာမှဖြစ်စရာ အကြောင်း မရှိပါဘူး။ စက်ပိုင်းဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာရောပေါ့။
အရောင်းရဆုံး ကားအမျိုးအစားကို ပြောပြပေးပါ။
အမေရိကန်ကားတွေဆို Cadillac, GMC တို့ Chevorlet တို့ပါ။ Golden Dragon အနေနဲ့ သွင်းခဲ့တဲ့ ကားတွေထဲမှာ ရောင်းအကောင်းဆုံးကားက Lexus LX570 ပါ။
မြန်မာပြည်မှာ ဘယ်သူမှ မသွင်းဖူးသေးတဲ့ ကားကို တင်သွင်းဖူးတာ ရှိလား။
ရှိတယ်။ Toyota 86 ပေါ့။ ဘယ်သူမှ မသွင်းဖူးသေးဘဲနဲ့ Permit ကို ကျွန်တော်တို့က စသွင်းပြီးတော့ စလျှောက်တယ်။ မြန်မာပြည်ကို ဘယ်လို ကားတွေ သွင်းဖူးလဲ မသွင်းဖူးလဲဆိုတာ ကုန်သွယ်ရေးရုံးမှာ သွားကြည့်လို့ ရတယ်။ စာရင််းထဲ မပါတဲ့ ကားတွေဆို ဒုက္ခရောက်တယ်။ အစအဆုံး လျှောက်ရတယ်။ ဓာတ်ပုံတွေပြ၊ ဘယ်လိုကားမျိုးတွေလဲဆိုတာ ရှင်းပြပြီး Permit လျှောက်ရတယ်။ Toyota 86 မတိုင်ခင် သွင်းတာဆိုရင် အိမ်ကားကြီးတွေပါတယ်။ အိမ်သာ၊ ရေချိုးခန်း၊ မီးဖိုချောင်၊ အိပ်ခန်း အဲဒါတွေပါတဲ့ ကားကြီးတွေ RV ကားကြီးတွေ သွင်းဖူးတယ်။
အဲဒီလို ကားကြီးမျိုးတွေကို Order မှာလို့ သွင်းဖြစ်တာလား။
ဘယ်သူ၀ယ်၀ယ် မ၀ယ်၀ယ် ကားကို ရူးသွပ်လို့ သွင်းဖြစ်တာပါ။ မ၀ယ်လည်း ကိုယ်စီးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပါ။
ကားနဲ့ ဖုန်းနဲ့ဆိုရင် ဘာကို ပိုရူးသွပ်လဲ။
ကားကို ပိုရူးသွပ်တယ်။ မရှိမဖြစ်ဆိုရင်တော့ နေ့တိုင်းထိတွေ့နေရတာက iPhone ပါ။
Golden Dragon အနေနဲ့ ပြိုင်ကားတွေလည်း သွင်းတယ်လို့ ကြားပါတယ်။ မြန်မာပြည်မှာက လမ်းတွေ မကောင်းဘဲနဲ့ဘယ်လိုသွင်းဖြစ်တာလဲ။
ပြိုင်ကားတွေက စတန့်ထွင်ပြီး ဘေးတိုက် (Drift) မောင်းလို့ရတယ်။ အင်လျားလမ်းမှာ မောင်းလို့ ရတယ်။ နေပြည်တော်မှာလည်း မောင်းလို့ ရပါတယ်။ အရှိန် အရမ်းမြန်အောင် မောင်းတာ မဟုတ်ဘူး။ တမင်တကာ ဘေးစောင်းကြီးကို မောင်းရတာ။
စမ်းမောင်း ပြီးသွားပြီလား။
မောင်းပြီးသွားပြီ။
ကြိုက်လား။
ကြိုက်တယ်။ (ရယ်လျက်)
ပြည်ပမှာက ကားတွေ တင်သွင်းတယ်ဆိုတော့ ပြည်ပ Main ကုမ္ပဏီကြီးတွေနဲ့ ချိတ်ပြီး တင်သွင်းတာလား။
ကျွန်တော်တို့က 2009 မှာ အမေရိကမှာ Showroom License လျှောက်တော့။ စာမေးပွဲတွေ ဖြေရတယ်။ ဒီမှာတော့ Broker License လို့ ခေါ်တယ်။ အဲဒီ လိုင်စင်ရှိရင် ကျွန်တော်တို့ Showroom ဖွင့်လို့ ရတယ်။ ကားတွေကို စက်ရုံဈေးနဲ့ ရတယ်။ ဈေးက အများကြီး ပိုသက်သာတယ်။ တစ်ဆင့်ခံ မရှိတော့ဘူးပေါ့။
ပြည်တွင်းမှာ သွင်းနေတဲ့ ကားကုမ္ပဏီတွေထဲမှာ ဈေးအတန်ဆုံးလု့ိ ကြေွးကြော်လို့ရလား။
ရပါတယ်။ ကားချင်းတူမယ်။ ပစ္စည်းချင်းတူမယ်။ ကီလို 100 အောက် တကယ် မမောင်းရသေးတဲ့ ကားချင်း ယှဉ်မယ်ဆိုရင် ဘယ်ကုမ္ပဏီနဲ့မဆို ကျွန်တော်တို့က ဈေး အများကြီး သက်သာပါတယ်။
ဆရာတို့အနေနဲ့ ပြည်တွင်းမှာ ကားဟောင်းတွေ ၀ယ်ရောင်းလုပ်တာမျိုးရော ရှိလား။
ကျွန်တော်တို့က အဟောင်း လုံး၀ မကိုင်ပါဘူး။ အဟောင်းလည်း မသွင်းပါဘူး။
ကားဟောင်းတွေ မသွင်းရခြင်း အကြောင်းပြောပြပေးပါ။
သူများ မောင်းပြီးသား ကားဆိုတော့ တစ်ခုခု ချို့ယွင်းနေတာလည်း ရှိချင် ရှိမယ်။ အဲဒါမျိုးတွေ မရောင်းချင်ဘူး။ အသစ်ဆိုရင် အသစ်စက်စက်ကိုမှ ရောင်းချင်တာ။
ကားတွေနဲ့ ပတ်သက်ပြီး အာမခံချက် (Warranty) ပေးတာမျိုးတွေ ရှိလား။
နိုင်ငံခြားမှာ Export လုပ်သွားပြီဆိုရင်တော့ ကားပျက်ရင် သူတို့ဆီကို ကားပြန်သွားပြရတယ်။ ဒီကနေ ဟိုကို ပြန်ယူသွားပြဖို့ အဆင်မပြေတဲ့အတွက် Warranty ကတော့ မရှိဘူးလို့ ဆိုရမှာပေါ့။
ဆရာတို့အနေနဲ့ ကားတင်သွင်းမှုအပြင် Service ပိုင်းရော ၀န်ဆောင်မှုပေးပါသလား။
ကျွန်တော်တို့က ရန်ကုန်အရောက် နာမည်ပေါက်လျှောက်တာတို့၊ ကားနံပါတ်ပြား ထုတ်တာတို့ အကုန် လုပ်ပေးတယ်။ ကားပြင်တာတွေတော့ လုပ်မပေးပါဘူး။
အဲဒီအတွက် Plan ရောရှိလား။
ရှိတယ်။ High End ကားတွေ၊ German၊ British၊ အမေရိကန်ကားတွေကို ကောင်းကောင်းပြင်နိုင်တဲ့ Service မျိုး လုပ်ဖို့တော့ ရှိပါတယ်။
ကားတွေ တင်သွင်းရောင်းချလာတဲ့တစ်လျှောက်မှာ Customer ဘက်က Requirement တွေ တောင်းဆိုတာမျိုးရော ရှိလား။
ရှိတယ်။ ကားသော့လေးပျောက်သွားလို့ အသစ်ပြန်မှာပေးပါ။ Navigation Screen ကြောင်သွားလို့ ပြန်လုပ်ပေးပါဦးဆိုတာမျိုး ဖုန်းဆက်ကြတယ်။ အဲဒီလိုမျိုးဆိုရင် အမေရိကကနေ ပြန် မှာပေးတယ်။ ပေါ့တဲ့ပစ္စည်းဆိုရင် လေယာဉ်နဲ့ တင်ပေးလိုက်တယ်။ DHL တို့နဲ့လည်း ပို့တယ်။ လေးတဲ့၊ ကြီးတဲ့ ပစ္စည်း ဆိုရင်တော့ အပတ်စဉ်လာတဲ့ Container တွေနဲ့ ထည့်ပေးလိုက်တယ်။ ပေါ့တဲ့ပစ္စည်းဆိုရင် အများဆုံးတစ်ပတ်၊ လေးတဲ့ပစ္စည်းဆိုရင်တော့ (၁) လလောက် စောင့်ရပါတယ်။ ပစ္စည်း မှာပေးတဲ့ ၀န်ဆောင်မှုတန်ဖိုး ပေးစရာ မလိုပါဘူး။ ကုန်ကျစရိတ်ကိုတော့ Customer က ပေးချေရမှာပါ။
ဒါဆို Golden Dragon ကနေ ကား၀ယ်ယူပြီးသွားလို့ ပစ္စည်းပြန်လဲစရာရှိရင် အများဆုံး (၁)လအတွင်း ပစ္စည်းရောက်စေရမယ့် Lifetime Warranty ပေးတယ်လို့ ဆိုချင်တာပေါ့နော်။
ဟုတ်ပါတယ်။
ရောင်းချမှု ပုံစံကို ပြောပြပေးပါ။
များသောအားဖြင့် လိုချင်တဲ့ ကားတွေကို ကျွန်တော်တို့ရုံးမှာ လာမှာလို့ ရတယ်။ Catalogတွေ ကြည့်ပြီးတော့ ဘယ်ကား လိုချင်တယ်။ အထဲမှာ ဘာပစ္စည်းလေးတွေ လိုချင်တယ်။ အတွင်းခန်းကို ဘာအရောင် လိုချင်တယ်။ အပြင်ကို ဘာအရောင် လိုချင်တယ်ဆိုပြီး မှာလို့ ရတယ်။ ကျွန်တော်တို့က အနီးစပ်ဆုံး ကားကို ရှာပြီးတော့ ဓာတ်ပုံပြပေးတယ်။ လူကြိုက်များတဲ့ ကားတွေ ကြိုသွင်းလာတဲ့ ကားတွေ ရှိတယ်။ အဲဒီလို ကားတွေကို Showroom မှာ ကြည့်ပြီး ၀ယ်ယူလို့ရပါတယ်။ ဘယ်သူမှ မစီးရသေးတဲ့ကား မမြင်ဘူးသေးတဲ့ကားကို လိုချင်ပြီး သွင်းလာပြီး ဈေးအများကြီး တင်ပြီး ရောင်းနေတာမျိုးတို့ မဖြစ်ချင်ဘူးဆိုရင် ကျွန်တော်နဲ့ ဆက်သွယ်ပါ။ ကားမသွင်းတတ်ရင်တောင် ကျွန်တော်တို့က နာမည်ပေါက် ဘယ်လို လျှောက်ရမလဲဆိုတာ အစအဆုံး ကူညီ လုပ်ဆောင် ပေးမှာပါ။
အရစ်ကျစနစ်နဲ့ရော ၀ယ်ယူနိုင်ပါသလား။
၀ယ်ယူနိုင်ပါတယ်။ Showroom မှာ လုပ်ထားပါတယ်။
AGD ဘဏ်နဲ့ပါ။ ၀ယ်ယူသူဘက်က ပိုက်ဆံချေးယူမှု ရမရက ဘဏ်ပေါ်ပဲ မူတည်ကာ ကျွန်တော်တို့က ဘဏ်ကို ခေါ်သွားတယ်။ တကယ်တမ်း လူတစ်ယောက်ကို ပိုက်ဆံချေးပေးမယ် ချေးမပေးဘူးဆိုတာ ဘဏ်ပေါ်မှာပဲ မူတည်တာပါ။ အရစ်ကျအတွက် (၃)နှစ်အတွင်း ပေးချေနိုင်ပါတယ်။
ဆရာ့ Showroom က ဘယ်မှာ ရှိတာလဲ။
KSTMက ကျွန်တော်တို့ရဲ့ Partner တွေပါပဲ။ Golden Dragonက တင်သွင်းတဲ့ Brand New ကားတွေကို အဲဒီမှာ သွားကြည့်လို့ ရပါတယ်။
အပြင်မှာ ကြားနေရတဲ့ သတင်းတွေက အရစ်ကျပေးချေမှု မပြီးခင် ကားတွေက ပျက်စီးနေပြီဆိုတာပါ။ အဲဒီအတွက် ဆရာ ဘယ်လိုများ ပြောချင်ပါသလဲ။
ကျွန်တော်တို့ ကားတွေက 2012 Brand New ဖြစ်တဲ့အတွက် ပျက်စီးသွားစရာတော့ မရှိဘူး။ (၃) နှစ် မဟုတ်ဘူး နောက် (၁၀) နှစ်ကြာလည်း ပျက်စရာ မရှိဘူး။
ကားဈေးနှုန်းတွေကို ပြောပြပေးလို့ရလား။
Online ပေါ်မှာရှိတဲ့ ကားဈေးတွေက အမေရိက လူပဲဖြစ်ဖြစ် နိုင်ငံခြားက လူတွေတောင် ၀ယ်လို့ မရတဲ့ ဈေးတွေ။ ကားမှာ Leather Seat တွေ လိုချင်ရင် ပိုက်ဆံ ပိုပေးရတယ်။ Sun- Roofလေး ပါချင်ရင် ဈေးက တစ်မျိုး၊ ဈေးတွေက တော်တော် တက်သွားတာ။ ကား၀ယ်ရင်လည်း အခွန် ဆောင်ရတယ်။ ကားဈေးနှုန်း သိရှိလိုပါက
Golden Dragonသို့ ဆက်သွယ်နိုင်ပါတယ်။
အမှန်တကယ် ကားအသစ် ၀ယ်စီးလိုသူ တစ်ယောက်အနေနဲ့ ဘယ်လိုအချက်တွေကို အဓိက ကြည့်ပြီး ၀ယ်ယူသင့်လဲဆိုတာ ညွှန်ပြပေးပါ။
ကျွန်တော်တို့ ကားတွေက Brand New တွေဆိုတော့ ကားထိခိုက်မှု အနာအဆာတွေ ရှိလားဆိုတာ ကြည့်ဖို့ မလိုဘူး။ ကား၀ယ်ယူသူအနေနဲ့ ဘာတွေ စဉ်းစား ဆုံးဖြတ်သင့်လဲဆိုတာ ကားအင်ဂျင် ဘယ်လောက်ကြီးလဲ။ Handling ဘယ်လောက် ကောင်းလဲ။ အကွေ့အကောက်မှာ ဘယ်လောက် Handle လုပ်နိုင်လဲ။ ပစ္စည်းတင်ဖို့ ကားဘယ်လောက် ကျယ်လဲ။ အဲဒါလေးတွေပဲ အဓိကထား ရွေးချယ်ရမှာပါ။
ဘယ်လို ကားအမျိုးအစားကို ရွေးချယ် ၀ယ်ယူသင့်တယ်လု့ိ ထင်ပါသလဲ။
အခုချိန်မှာ ဆီဈေးကလည်း ဈေးကြီးတယ်။ ကားမကြီး၊ မသေးပေါ့။ အခုချိန်မှာတော့ အင်ဂျင်စက်သေးသေးနဲ့ Range Rover Evoque 2000 CC ကားတွေလို၊ Cadillac 3600 CC ကားလေးတွေ သူတို့တွေက အောက်ပိုင်းလည်း မြင့်တယ်။ ရေတွေ ကြားထဲလည်း ဖြတ်မောင်းလို့ ရတယ်။ လမ်းဆိုးလည်း ဘာမှ မဖြစ်ဘူး။ မြန်မာပြည်မှာက အဲဒီလို ကားတွေနဲ့ သင့်လျော်မယ်လို့ ထင်ပါတယ်။
ပြိုင်ကားတွေရော မှာယူတာတွေ ရှိလားဆရာ။
ရှိတယ်။ ကျွန်တော်တို့ဆီကနေ Ferrari မှာတဲ့ လူတွေ ရှိတယ်။ အမြင့်ပြိုင်ကား Super Car တွေကို ကျွန်တော်တို့ဆီမှာ မှာတဲ့လူတွေ ရှိပါတယ်။
မြန်မာပြည်မှာ ပြိုင်ကားတွေ များလာရင် ပြိုင်ပွဲတွေ လုပ်ဖို့ အစီအစဉ်ရှိလား။ Golden Dragon အနေနဲ့ ဦးစီးကျင်းပဖို့ အစီအစဉ်ရှိလား။
Drift Team ထောင်ပြီးတော့ ဆုတွေ ဘာတွေ ချီးမြှင့်ဖို့ အစီအစဉ် ရှိတယ်။ Drift လုပ်တာ ကောင်းတဲ့သူကိုပေါ့။
မြန်မာပြည်က ကားဈေးကွက်ကို ဘယ်လိုမြင်လဲ။
ဂျပန်ကားဟောင်းတွေ သွင်းတဲ့ Car Showroom တွေက ရာကျော်နေပြီ။ Brand New သီးသန့်သွင်းတဲ့ Showroom က တော်တော် နည်းတယ်။ Showroom ပေါလာတော့ ကောင်းပါတယ်။ Customer တွေ စိတ်ကြိုက်ရွေးချယ်နိုင်တာပေါ့။
ကားတွေကို အဆင်ပြေပြေ ၀ယ်ယူနိုင်ဖို့အတွက် Showroom တွေက တစ်ရပ်ကွက်ထဲမှာ ရှိသင့်လား။
ရှိသင့်တယ်။ ကြည့်ချင်တဲ့သူက တစ်နေရာတည်းမှာ ကြည့်ပြီး ၀ယ်လို့ ရတာပေါ့။ မြေနေရာ ကြီးကြီးနဲ့ ကားတွေ အကုန် ဆံ့အောင်ဆိုရင် Showroom တွေက မြို့ပြင်မှာ ဖြစ်သင့်တယ်။
နိုင်ငံခြားကားကုမ္ပဏီတွေ မြန်မာပြည်မှာ Invest လာလုပ်ဖြစ်ရင် ဘယ်လိုဖြစ်လာနိုင်မလဲ။
လာလုပ်ရင်တော့ အကောင်းဆုံးပေါ့။ အမြန်ဆုံး လာသင့်တယ်။ Used ကားတွေပဲ လာရောင်းဖို့ ဆိုပြီး ဂျပန်ကားကုမ္ပဏီတွေ တစ်ခုပြီး တစ်ခု လာဆက်သွယ်နေတာတွေ အများကြီးပဲ။ အဲဒါတွေက အလကားပဲ။ တကယ်တမ်း Brand New ကားတွေကို အလိုရှိတာလေ။ ဒီမှာကလည်း Used ကားတွေ ရောင်းတဲ့ Showroom တွေကလည်း တော်တော် များတယ်။
ဆရာတို့ Golden Dragon ကနေတစ်ဆင့် ကားတွေ မှာယူရင် ဘယ်လောက် အချိန်ကြာမှာလဲ။
အမေရိကကနေ ကားမှာမယ်ဆိုရင် တစ်လခွဲကနေ နှစ်လလောက်ကြာမယ်။ ဒူဘိုင်းကနေမှာမယ်ဆိုရင် တစ်လပဲ ကြာမယ်။ ရန်ကုန်အရောက်ပေါ့။ Showroom မှာ သွင်းပြီးသား ကားဆိုရင်တော့ ဒီနေ့ချက်ချင်း မောင်းပြီး ပြန်လို့ရတယ်။
ဟုတ်ကဲ့။
အခုလိုဖြေကြားပေးတဲ့အတွက် အိုင်စီတီ အဖွဲ့သားများမှလည်း အထူး ကျေးဇူးတင်ရှိပါတယ်။