Opinion

မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်

i-do-my-best

၂၀၁၃-၂၀၁၄ခုနှစ် ကျောင်းဖွင့်ရာသီ ရောက်လာပြီဖြစ်တဲ့အတွက် အခြေခံပညာ အဆင့် ကျောင်းသား၊ ကျောင်းသူတွေလည်း ဇွန်လ ၃ရက်နေ့ကစပြီး၊ ကျောင်းတက်နေကြ ရပြီ ဖြစ်ပါတယ်။ ပန်းကလေးများ ပွင့်တော့ မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာ ရွေှရည် လောင်း၊ ငါတို့ စာသင်ကျောင်း… ဆိုပေမယ့် စာသင်နှစ်အစဟာ မိုးဦးကျဖြစ်တဲ့အတွက် ကလေးတွေလည်း မိုးလေးတစ်ဖြောက် ဖြောက်နဲ့ ကျောင်းသွားကြရတယ်။ နေခြည် မှာ မရွေှရည်လောင်းနိုင်တော့ဘူး။ ဒီအချိန် မှာ မိုးကာအင်္ကီျဆိုင်တွေ၊ ထီးဆိုင်တွေက တော့ ရောင်းကောင်းပေါ့။ ကျောင်းသားမိဘ တွေကတော့ ကလေးတွေ ကျောင်းတက်ဖို့ အစစအရာရာ ပြင်ဆင်ကြရတယ်။ ထမင်း ဘူး၊ လွယ်အိတ်၊ ကွန်ပါဘူး၊ ခဲတံ၊ ဘောလ်ပင်ကအစ လိုအပ်တာလေးတွေကို ကြိုဝယ်ထားကြရတယ်။ ဗလာစာအုပ်တွေ လည်း ဝယ်ရတယ်။ ဖတ်စာအုပ်တွေကိုတော့ ကျောင်းက ရောင်းပေးတယ်။

ဒီနှစ်မှာတော့ အခြေခံပညာမူလတန်း အဆင့်ကို အခမ့ဲ မသင်မနေရ မူလတန်း ပညာရေးစနစ်အဖြစ် ကျောင်းသား၊ ကျောင်း သူအားလုံးကို ကျောင်းသုံး ဗလာစာအုပ်၊ ဖတ်စာအုပ်တွေနဲ့ ငွေကျပ် ၁၀၀၀စီ ထောက် ပံ့ပေးတယ်လို့ သိရပါတယ်။ အလယ်တန်း အဆင့်နဲ့ အထက်တန်း အဆင့်တွေမှာ ကျောင်းသုံး ဖတ်စာအုပ်တွေကို ပဉ္စမတန်း က ကျပ် ၁၅၅၀၊ ဆဋ္ဌမတန်းက ၁၅၅၀၊ သတ္တမတန်းက ကျပ် ၁၇၀၀၊ အဋ္ဌမတန်းက ကျပ် ၂၃၀၀၊ နဝမတန်း (သိပ္ပံ)က ကျပ် ၂၄၅၀၊ နဝမတန်း (ဝိပ္ပံ)က ကျပ် ၂၆၀၀၊ ဒဿမတန်း (သိပ္ပံ)က ကျပ် ၃၂၅၀၊ ဒဿမ တန်း (ဝိပ္ပံ)က ကျပ် ၃၃၀၀ဖြစ်ပြီး၊ ကျောင်း လခနှုန်းထားတွေကတော့ တစ်နှစ်တာ ပတ် လုံးအတွက် ပဉ္စမတန်း ၅၀၀ကျပ်၊ ဆဋ္ဌမ တန်း ၆၀၀ကျပ်၊ သတ္တမတန်း ၇၀၀ကျပ်၊ အဋ္ဌမတန်း ၈၀၀ကျပ်၊ နဝမတန်း ၉၀၀ကျပ်၊ ဒဿမတန်း ၁၀၀၀ကျပ် စတဲ့ နှုန်းထားတွေ နဲ့ အညီ ပေးသွင်းရတယ်လို့ သိရပါတယ်။

ကိုဘအေးရဲ့ သမီးက ဒီနှစ်ရှစ်တန်း တက်ရတယ်။ မနှစ်ကတော့ ယုဇနဥယျာဉ် မြို့တော်က အထက (၂)မှာ နေတာ။ ဒီနှစ် သာကေတ ပြန်ပြောင်းတော့ လမ်းထဲက ဆရာမရှိတဲ့ အထက (၁)မှာပဲ ထားလိုက် တယ်။ သူ့အမေ မဒမ်ဘအေးရဲ့ အလက (၁)မှာ ကျောင်းချိန်မတူတော့ ကြိုပို့က သပ် သပ်လုပ်နေရမှာ၊ လူလည်း မရှိဘူး။ မထား တော့ဘူး။ အလက (၁)က အထက်တန်း တော့ ဖြစ်တော့မှာပါ။ မနှစ်က ကိုးတန်းအထိ လက်ခံတယ်။ ဒါပေမယ့် အထက (၁)က အိမ်နဲ့ သွားရေး၊ လာရေး အဆင်ပြေလို့ ထား ဖြစ်လိုက်တာ အဖော်လည်း ရှိတယ်။ သမီး တို့ ကျောင်းမှာတော့ ကျောင်းလခအပြင် PTAဆိုတဲ့ မိဘဆရာအသင်းရန်ပုံငွေက ၅၀၀ကျပ်နဲ့ ASLဆိုတဲ့ အားကစားကြေး၊ စာကြည့်တိုက်ကြေး စတဲ့ အထွေထွေကြေး ပေါ့။ ၅၀၀ကျပ်ကောက်ပါတယ်။ ဒါကလည်း ကျောင်းတိုင်း သတ်မှတ်ထားတာ ဖြစ်မှာပါ။ တခြားအလှုငွေတွေ ဘာတွေတော့ ကောက် ခံခြင်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျောင်းသား မိဘတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင် လို့ ပညာရေး ဝန်ကြီးဌာနကလည်း အမိန့် တွေ ထုတ်ထားပါတယ်။

နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ အခြေခံပညာ ကျောင်းတွေဖွင့်သလိုပဲ ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်းတွေလည်း ဇွန်လ ၃ရက်နေ့မှာပဲ စဖွင့်ကြတယ်လို့ သိရပါတယ်။ ပညာရေး ဝန်ကြီးဌာနက ၂၀၁၂ခုနှစ်အတွင်း ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာတစ်နိုင်ငံ လုံးမှာ အခြေခံပညာကျောင်းပေါင်း ၅၂၁၆၁ ကျောင်းရှိတယ်လို့ သိရပြီး အဲဒီအခြေခံပညာ ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၈၂သိန်း ကျောင်းတက်ရောက်နေ တယ်လို့ သိရပါတယ်။ ကိုဘအေးတို့ မြန်မာ နိုင်ငံရဲ့ ပညာရေးစနစ်ဟာလည်း ခေတ် အဆက်ဆက်မှာ ပိုလို့ကောင်းနိုးနိုး၊ ဒီလို ကောင်းနိုးနိုးနဲ့ အမျိုးမျိုးစမ်းသပ်နေခဲ့ကြပြီး တော့ ပညာရေးဝန်ကြီးတစ်ယောက်ပြောင်း ရင် ပညာရေးစနစ်တစ်မျိုးပြောင်းတယ်လို့ တောင် ပြောစမှတ်တွင်ခဲ့ပါတယ်။

မြေစာပင် ဖြစ်ခဲ့ရတာတော့ ကျောင်းသား၊ ကျောင်းသူ တွေပဲ။ အခုအချိန်မှာတော့ မြန်မာနို်င်ငံရဲ့ ပညာရေးအဆင့်အတန်း မြင့်မားလာစေဖို့နဲ့ မြန်မာပညာရေးကို နိုင်ငံတကာ အဆင့်မီ ဖြစ်လာစေရေးတို့အတွက် လက်ရှိကျင့်သုံး နေတဲ့ ပညာရေးစနစ်တွေကို နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့ အညီ ပြုပြင်ပြောင်းလဲမှု တွေ ပြုလုပ်သွားဖို့ ဆွေးနွေးညှိနှိုင်းလျက် ရှိနေကြပြီး အဲဒီဆွေးနွေးညှိနှိုင်းမှု ရလဒ်တွေ ကိုလည်း ပြည်သူလူထုကို် ချပြပြီး ပြည်သူ့ အသံကိုလည်း နားထောင်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြအေးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္႑ လေ့လာသုံးသပ်ရေး လုပ်ငန်းတွေကို ပထမ ဆုံး အကြိမ် ၁၉၉၇ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး ၂၀၁၂ခုနှစ်၊ သြဂုတ်လမှာ ဒုတိယအကြိမ် အဖြစ် ဘက်စုံလွှမ်းခြုံနိုင်တဲ့ ပညာရေးကဏ္႑ လေ့လာ သုံးသပ်ရေးလုပ်ငန်း (CESR)ကို ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်နဲ့ အာဆီယံနိုင်ငံများရဲ့ ပညာရေးစနစ် တွေကို နှိုင်းယှဉ်လေ့လာမှုတွေ လုပ်ခဲ့ကြ တယ်။

အခြေခံပညာကဏ္႑၊ အမျိုးသားပညာ ရည် မြင့်မားရေးအနှစ် ၂၀စီမံကိန်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်ကနေ ၂၀၃၀-၂၀၃၁ ပညာသင်နှစ်အထိ နှစ်တိုငါးနှစ် စီမံ ကိန်း လေးခုပိုင်းခြားပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ခေတ် စနစ်နဲ့ လိုက်လျောညီထွေစွာ အခြေခံပညာ ကဏ္႑ဖံွ့ဖြိုးတိုးတက်စေဖို့အတွက် အခြေခံ ပညာဖွဲ့စည်းမှုပုံစံနဲ့ ပတ်သက်ပြီး နိုင်ငံ တကာ အဆင့်မီစေဖို့ ဆောင်ရွက်သင့်တဲ့ လုပ်ငန်းအစီအစဉ်တွေကိုလည်း ဆောင် ရွက် သွားဖို့ ဆွေးနွေးညှိနှိုင်းနေကြောင်း၊ ပညာရေးဝန်ကြီးက ပြောတယ်လို့ သိရပါ တယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေခံပညာရေး ဖွဲ့စည်းပုံ စနစ်ဟာ မူလတန်း ငါးနှစ်၊ အလယ်တန်း လေးနှစ်၊ အထက်တန်း နှစ် နှစ်နဲ့ (၅:၄:၂)စနစ်နဲ့ ၁၁တန်း ပညာရေး စနစ်ကို ကျင့်သုံးလျက် ရှိပါတယ်။ ဒါပေမယ့် အာဆီယံနိုင်ငံများရဲ့ အခြေခံပညာရေး စနစ် ဖွဲ့စည်းတည်ဆောက်ပုံ (Basic Education Structute)တွေကို လေ့လာ ကြည့်ရင် ဘရုနိုင်း၊ ကမေ္ဘာဒီးယား၊ အင်ဒို နီးရှား၊ ထိုင်းနိုင်ငံတွေမှာ မူလတန်း ခြောက် နှစ်၊ အလယ်တန်း သုံးနှစ်၊ အထက် တန်းသုံးနှစ်နဲ့ (၆:၄:၂)စနစ်ရယ်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေမှာ မူလတန်း ခြောက်နှစ်၊ အလယ်တန်းလေးနှစ်၊ အထက် တန်း ငါးနှစ်၊ အလယ်တန်းလေးနှစ်၊ အထက် တန်းသုံးနှစ်နဲ့ (၅:၄:၃)စနစ်ရယ် အခြေခံ ပညာကဏ္႑မှာ ၁၂တန်း ပညာရေးစနစ်ကို ကျင့်သုံးနေကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ရဲ့ အခြေခံပညာရေးစနစ်ဟာ အာဆီယံနိုင်ငံ များနဲ့ နှိုင်းယှဉ်ရင် တစ်နှစ်ကွာဟနေတာ တွေ့ရမှာပါ။

ဒါပေမယ့် အခြေခံပညာသင်နှစ်ကို နိုင်ငံ တကာအဆင့်မီကျင့်သုံးနိုင်ဖို့အတွက် သင် ရိုးညွှန်းတမ်းတွေကိုလည်း ပြန်လည်ပြင်ဆင် ဖြည့်စွက်ရေးဆွဲသွားရမှာဖြစ်လို့ ဒီစနစ်ကို ဘယ်ပညာသင်နှစ်မှာ စတင်နိုင်မယ်ဆိုတာ ကိုတော့ အတည်ပြုပြောဆိုနိုင်မှု မရှိသေး ဘူးလို့ သိရတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ၊ ကိုဘအေးတို့ရဲ့ ပညာရေးဖွဲ့စည်းပုံစနစ်ပြောင်းလဲမယ်ဆိုရင် လည်း အဲဒါနဲ့အညီ လိုက်လျောညီထွေ ဖြစ် မယ့် သင်ရိုးညွှန်းတမ်းတွေ၊ သင်ကြားရေး နည်းစနစ်တွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ သင်ကြားမယ့် ဆရာ၊ ဆရာမတွေရဲ့ အရည် အသွေးကို ပံ့ပိုးပေးနိုင်မှုစတာတွေမှာလည်း အာဆီယံအဆင့်မီ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ ကို မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲဖို့ ဆွေး နွေးနေတဲ့အထဲမှာ ထည့်သွင်း ဆွေးနွေးသင့် တယ်လို့ အကြံပြုကြတာတွေကိုလည်း ကြို ဆိုရမှာပါ။

အခုဆိုရင် ကျောင်းကောင်စီတွေ ပြန်ဖွဲ့ တော့မယ်လို့ ကြားတယ်။ ကိုဘအေးတို့ ငယ်ငယ်က ကျောင်းမှာ “မိမိကိုယ်ကို် ကောင်းအောင် ကြိုးစားမည်” မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိ တိုင်းပြည် အတွက် ကောင်းအောင် ကြိုးစားမည် ဤ လေးချက်ကို မူတည် ဖွဲ့စည်းခဲ့တဲ့ ကျောင်း ကောင်စီ….”ဆိုပြီး ဆိုခဲ့ကြရတာကို သတိရ မိပါတယ်။ နေ့စဉ်ကျောင်းတက်တိုင်း ဆိုနေ ကြရတဲ့အတွက် ဘာပဲဖြစ်ဖြစ် ရင်ထဲမှာ စွဲ နေပြီးတော့ အခြေခံအကျဆုံးဖြစ်တဲ့ မိမိ ကိုယ်ကို ကောင်းအောင် ကြိုးစားချင်စိတ် တွေ ဖြစ်စေပါတယ်။ (တချို့တလေ ဖောက် တတ်တဲ့ ကျောင်းသားတွေကလွဲရင်ပေါ့လေ) နောက်ပြီးတော့ ကင်းထောက် လူငယ်တွေ ပြန်ဖွဲ့နေပြီး ဘက်စုံထူးချွန် (လူရည်ချွန်) ကျောင်းသားတွေကိုလည်း ပြန်လည်ရွေး ချယ်လာပြီဖြစ်တဲ့အတွက် တိုးတက်အောင် မြင်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကြိုးစားကြဖို့ပဲ လိုပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *