Huawei က သူဖုန်းတွေကိုအသုံးပြုသူတွေကို Spy မလုပ်ကြောင်းထပ်မံငြင်းဆိုလိုက်ပါတယ်။ Huawei က သူ့ ဖုန်းအသုံးပြုသူတွေကိုစုံစမ်းထောက်လှမ်းဖို့ တရုတ်အစိုးရကတစ်ခါမှ ညွှန်ကြားခဲ့ခြင်းမရှိဘူးလို့ အစီရင်ခံစာတစ်စောင်မှာမကြာမီကရေးသားခဲ့ပါတယ်။ အဲဒီအစီရင်ခံစာက အမေရိကန် အစိုးရက တရုတ် အစိုးရကိုပြစ်တင်ဝေဖန်နေတဲ့အချိန် တစ်ချိန်ထဲမှာပေါ်ထွက်လာတာ ဖြစ်ပါတယ်။
အစိုးရနဲ့ပူးပေါင်းပြီး Customer တွေအပေါ်စုံစမ်းထောက်လှမ်းနေတဲ့သတင်းတွေထွက်ပေါ်ပြီး သိက္ခာကျခဲ့တာတော့ Huawei Company တစ်ခုထဲမဟုတ်ပါဘူး။ Microsoft,Facebook နဲ့ တစ်ခြား အမေရိကန် Company တွေဟာလည်း အစိုးရက သူ့ရဲ့ Customer တွေအပေါ်မှာထောက်လှမ်းမှုမရှိပါဘူး ဆိုတာငြင်းနေရတုန်းပါပဲ။