Review

အသစ်ပြန်လည်မွေးဖွားလာတဲ့ Huawei MateBook D 15

huawei matebook d15 artwork

လှပကြည်လင်တဲ့ IPS ဖန်သားပြင် ၁၅.၆ လက်မ မျက်နှာပြင်ကို ၈၇% screen-to-body အချိုးဖြင့် ၅.၃ မီလီမီတာသာ ရှိတဲ့ bezels ပါးပါးလေးနဲ့ ထုဆစ်ထားလို့ သင့်ရဲ့ နောက်ဆုံးပေါ် creative ideasတွေကို ပုံဖော်ခံစားဖို့၊ အားလပ်ရက်တွေမှာ resolution အပြည့်ဖြင့် ရုပ်ရှင်တွေ တစ်ဝကြီး ကြည့်ဖို့အတွက် ပြီးပြည့်စုံစေပါပြီ။

Portability လို့ ခေါ်တဲ့ ပေါ့ပါးစွာ သယ်ယူ အသုံးပြုနိုင်ဖို့ကို စိတ်ကူးပြီး ထုတ်လုပ်ထားတဲ့အတွက်ကြောင့်လည်း သတ္တုကိုယ်ထည်နဲ့ကိုတောင် ၁.၅၃ ကီလိုဂရမ်ပဲ လေးပါတယ်။ 

Hardware ပိုင်းကိုတင် အကောင်းဆုံးဖြစ်အောင် ထုဆစ်ထားတာမဟုတ်ပဲ softwareပိုင်းမှာလည်း Huawei Share လို့ ခေါ်တဲ့ နည်းပညာကိုပါ ထည့်သွင်းပေးထားပါတယ်။ ၎င်းရဲ့ လုပ်ဆောင်ချက်ကတော့ Huawei mobile phone ကိုင်ဆိုင်ထားသူများအတွက် ရည်ရွယ်ပါတယ်။ ဖုန်းကို လပ်တော့အပေါ် tap ထိတွေ့ လိုက်ရုံဖြင့် ဖုန်းရဲ့ မျက်နှာပြင်ဟာ လပ်တော့မှာ ပေါ်လာမှာ ဖြစ်ပြီး လပ်တော့ကနေ ဖုန်းထဲမှ အရုပ်တွေ၊ အသံတွေကို drag and drop ဆွဲယူပြီး လွယ်ကူစွာ အသုံးပြုလို့ရပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ အင်တာနက် ကော်နက်ရှင်လည်း မလိုပါဘူး။

Huawei MateBook D 15 ရဲ့ဗူးထဲ့မှာတော့ ၆၅ ဝပ် USB-C အားသွင်းကြိုး ထည့်ပေးထားပါတယ်။ ဒီအားသွင်းကြိုးက အိတ်ဆောင်ဆိုဒ် ဖြစ်တဲ့အတွက်ကြောင့် မိမိနဲ့ တစ်ပါတည်း ဆောင်ထားလို့ အဆင်ပြေပါတယ်။ အားဖြည့်ဖို့အချိန်ကတော့ မိနစ် ၃၀ အတွင်း ၅၃% အထိ အားသွင်းပေးနိုင်ပြီး ဒီ​ USB-C ကြိုးက fast charging နဲ့ data ကူးပြောင်းခြင်းအတွက်လည်း အသုံးဝင်ပါတယ်။ 

Huawei MateBook D 15 ကို အခု ချက်ချင်းဝယ်ယူပြီး မြန်မာနိုင်ငံအတွင်း အိမ် အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုကို ရှာနေတယ်ဆိုရင်တော့ အောက်ပါလင့်မှတစ်ဆင့် ငွေပေးချေမှုစံနစ်မျိုးစုံ သုံးပြီး အွန်လိုင်းရှော့ပင်လုပ်လို့ ရပါတယ်။ 

Buy now » https://www.ict.com.mm/product/huawei-matebook-d-15-gray-amd-ryzen-5/

Leave a Reply

Your email address will not be published. Required fields are marked *