Laptops, News, Review

လုပ်ငန်းသုံး Laptop ကောင်း တစ်လုံးကို ရှာနေမယ်ဆိုရင်တော့ Huawei MateBook D 14 လေးရှိပါတယ်နော်

တစ်ကိုယ်ရည်သုံး/ ရုံးသုံးအတွက် အသုံးပြုနိုင်တဲ့ Business လုပ်ငန်းသုံး Laptop ကောင်း တစ်လုံးကို ရှာနေမယ်ဆိုရင်တော့… Huawei MateBook D 14 လေးရှိပါတယ်နော်။

Huawei မှထုတ်လုပ်ထားပေမဲ့ OS ကိုတော့ Windows 10 Home နဲ့ပဲ အသုံးပြုရမှာဖြစ်ပါတယ်။ မျက်နှာပြင်က 14″ အရွယ်အစားနဲ့ ထုတ်လုပ်ထားပြီး Resolution က Full HD (1920×1080) ရရှိမှာဖြစ်ပါတယ်။ Full HD ဖြစ်တဲ့အပြင် IPS နည်းပညာလည်း ပါဝင်တဲ့အတွက် Laptop Display ကကြည်လင်ရုံသာမက အရောင်အသွေးကလည်း ပုံမှန် Full HD တွေထက် ပိုမိုစိုပြည်လှပပါတယ်။

မြန်ဆန်သွက်လက်တဲ့ Computing စွမ်းဆောင်ရည်ကို ဈေးနှုန်းချိုချိုသာသာနဲ့ ရရှိစေဖို့ AMD Ryzen 5 Processor ကို CPU အဖြစ် အသုံးပြုထားပါတယ်။ Memory ကိုတော့ DDR4 RAM 8GB ကို တပ်ဆင်ပေးထားပါတယ်။ အားကောင်းတဲ့ CPU နဲ့ RAM ကို အစွမ်းကုန်အသုံးချနိုင်ဖို့ 512GB PCIe SSD ကို ဒေတာ Storage အဖြစ် တပ်ဆင်ပေးထားပါတယ်။

Windows နဲ့ Software တွေကို လျင်မြန်သွက်လက်တဲ့ SSD ထဲမှာ Install လုပ်ထားပြီး သိမ်းဆည်းထားနိုင်ပါတယ်။ စမတ်ကျကျ Login ဝင်ရောက်ဖို့ Fingerprint Sensor ကိုထည့်သွင်းပေးထားပါတယ်။ ဘတ္ထရီကတော့ 56Whr ဘတ္ထရီအမျိုးအစားကိုတပ်ဆင်ပေးထားပါတယ်။ USB-C port နဲ့ အားသွင်းရမှာဖြစ်တဲ့အတွက် အားဝင်မြန်ဆန်ပြီးနာရီဝက်အတွင်း 46% အထိ အားပြန်သွင်းပေးနိုင်ပါတယ်။

ပရီမီယမ်ကိုယ်ထည်ဒီဇိုင်းနဲ့ထုတ်လုပ်ပေးထားပြီး အထူ 15.9 mm အလေးချိန် 1.53 kg သာရှိတဲ့အတွက် တကယ့်ကိုပေါ့ပါးပါးလွှာတဲ့ Business Laptop တစ်လုံး ဖြစ်ပါတယ်။ အာမခံတစ်နှစ်ပေးထားပြီးဖြစ်ပါတယ်။

Space Grey အရောင်လေးဖြစ်ပြီး ဈေးနှုန်းလေးကတော့ K880,000 ပဲဖြစ်ပါတယ် ခုပဲ ICT.com.mm ရဲ့ ဒီအောက်က လင့်ခ်လေးကို နှိပ်ပြီး ဝယ်ယူနိုင်ပါပြီနော်…

Leave a Reply

Your email address will not be published. Required fields are marked *