ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘေဂျင်းမှာ ပွဲတစ်ခုပြုလုပ်ပြီး ကြေညာခဲ့တဲ့ Huawei Honor 6 Plus မှာသင့်တင့်တဲ့ဈေးနှုန်း နဲ့ကောင်းမွန်တဲ့ Hardware အချို့ကိုထည့်သွင်း ပေးထားပါတယ်။ အဲဒီအထဲက အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ 8MPC ကောင်းမွန် amera နှစ်လုံးက အဓိက ဖြစ်ပါတယ်။ ကင်မရာ စွမ်းရည်ကိုပြသဖို့ Huawei ကစမတ်ဖုန်း အသစ်နဲ့က ရိုက်ကူးထားတဲ့ ဓါတ်ပုံအနည်းငယ်ကို အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။
Honor 6 Plus မှာတကယ်တော့ 8MP Camera သုံးလုံးပါရှိတာပါ။ တစ်လုံးကအရှေ့ဘက်မှာဖြစ်ပြီး ကျန်နှစ်လုံးက HTC One M8 လိုမကြာခင်က ရောင်းချခဲ့တဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများမှာ လိုအနောက်ဘက်မှာပါ။ HTC Ultrapixel Design နဲ့တူညီစွာပဲ Honor 6 Plus ရဲ့ Image Sensor တွေဟာတစ်လုံးစီမှာ ၁.၉၈ မိုက်ခရွန်ရှိပြီးသာ မာန်စမတ်ဖုန်းတွေထက် ပိုမိုကြီးမားပြီး အလင်းရောင်ကို အာရုံခံမှုကောင်းတဲ့ Pixels တွေပါရှိပါတယ်။ Ultrapixle တွေဟာဆိုရင် မလိုအပ်တာတွေကိုဖယ်ရှားပေးဖို့ ပိုမိုကြီးမားတဲ့ အလင်းရောင်ဖမ်း ယူပေးနိုင်ပြီး အလင်းရောင် နည်းတဲ့ နေရာတွေမှာတောင် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပေးစွမ်းနိုင်ပါတယ်။
Huaweiက ဒီထက်ပိုတောင် လုပ်ပြလိုက်တာပါ။ HTC One M8 ထက် Resolution နှစ်ဆမြင့်မားတဲ့ 8MP ထည့်သွင်းပေးထားသလို Image Sensor နှစ်ခုနဲ့အလွန်ကောင်းတဲ့ Processor စွမ်းရည်တို့နဲ့မှသာ ပြုလုပ် နိုင်မယ်လို့ ယူဆထားကြတဲ့ ကင်မရာရဲ့ အလင်း၀င်ပေါက်ကို ကိုယ်တိုင်ချိန်ညှိနိုင်တဲ့ စွမ်းရည်ကိုလည်း ထည့်သွင်း ပေးထားပါတယ်။ အခုဟန်းဆက်မှာတော့ ဒီလိုအလုပ်တွေကို ကိုင်တွယ်ဖို့ Image Signal Processor တစ်လုံး ကိုသာတပ်ဆင် ပေးထားပါတယ်။
ဓါတ်ပုံတွေကတော့ အလွန်ကောင်းမွန်ပါတယ်။ အထူးသဖြင့် မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို ဓါတ်ပုံအများစုမှာ သိပ်မတွေ့ရသလို အလင်းရောင်နည်းတဲ့ နေရာတွေမှာ ရိုက်ကူးထားတဲ့ ပုံတွေကလည်း အလွန်ကြည်လင်ပါတယ်။ ရိုက်ချက်တွေမှာ Effectတွေကို အတန်အသင့် အသုံးပြုထားပြီး အလင်းရောင်ကောင်းကောင်းရတဲ့ အခြေအနေ အချို့ကိုလည်း အသုံးပြုထားပါတယ်။ ဒါဟာ ကင်မရာဟာ အကောင်းဆုံးလို့ သိသာစွာ ပြသလိုက်တာပါ။ မသိသေး တာက Huawei ဟာ Image Editing Software အတွက် အချိန်အများကြီး ယူခဲ့ရသလားဆိုတာနဲ့ အခုဓါတ်ပုံရ လဒ်တွေက စမတ်ဖုန်းကို ရောင်းချချိန်မှာ ရရှိနိုင်မလားဆိုတာတွေပါပဲ။ ဒီလိုရနိုင်မယ်လို့ မျှော်လင့်ကြရမှာပါ။အလင်း၀င်ပေါက် အမျိုးမျိုး၊ Shutter Speedအမျိုးမျိုး၊ ISO Settings အမျိုးမျိုးနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။