Review

Huawei ကိုယ်ပိုင် Harmony OS

Huawei ဟာ အမေရိကန်က စီးပွားရေးပိတ်ဆို့ခံထားရလို့ Google service အသုံးပြုလို့ မရတဲ့အတွက် ကိုယ်ပိုင် Harmony OS ကို အပြည့်အဝ အသုံးပြုတော့မှာပါ။

Huawei software ပိုင်း ဥက္ကဋ္ဌ ဝမ်ချန်လူက Harmony OS Open-source ပလက်ဖောင်းကိုတော့ ဒီဇင်ဘာ ၁၈ ရက်မှာ developer တွေဆီ ဖြန့်ချိသွားမယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီမှာ ပထမဆုံးစမ်းသပ်ထားတဲ့ ဖုန်းတွေ ထွက်လာမယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ public beta ထွက်လာနိုင်ပါတယ်။ ကုမ္ပဏီရဲ့ ၉၀ ရာခိုင်နှုန်းသော စမတ်ဖုန်းတွေက update လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမှုဆောင်တွေက ပြောခဲ့ပါတယ်။ အမေရိကန်မှာ သမ္မတအပြောင်းအလဲ ဖြစ်လာတာကြောင့် Huawei အနေနဲ့ Google နဲ့အလုပ်ပြန်လုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *