HTC One M9 စမတ်ဖုန်းကို ကြေညာဖို့ ရက်သတ္တပတ် အနည်းငယ်သာ ကြာမြင့်တော့မှာ ဖြစ်ပြီး HTCရဲ့ ပထမဆုံး စမတ်နာရီကိုလည်း ပြသမှာ ဖြစ်ပါတယ်။
ဒီသတင်းတွေကတော့ ပြီးခဲ့တဲ့နှစ်က HTC One M8ကို ရောင်းချချိန်ဟာ ဒီနှစ်ထဲမှာ ကျရောက်တော့မှာ ဖြစ်တဲ့အတွက် မကြာမီမှာ ထွက်ပေါ်လာတော့မယ့် HTC One M9ရဲ့ ခန့်မှန်းသတင်းတွေ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အသစ်ဟာ အရှုံးပေါ်နေတဲ့ ထိုင်၀မ် ကုမ္ပဏီအတွက်တော့ ကြီးမားတဲ့ အခွင့်အရေး ဖြစ်နိုင်ပါတယ်။ Samsungရဲ့ Android Smartphone ဈေးကွက်ကို အုပ်စိုးထားမှုကလည်း အနည်းငယ် ကျဆင်းလာတဲ့အတွက် ဘာမဆိုဖြစ်သွားနိုင်တဲ့ အချိန်ပါ။
Bloombergရဲ့ သတင်းအရ HTC One M9မှာ 20 Megapixel Cameraပါရှိမှာ ဖြစ်ပါတယ်။ M8ရဲ့ Ultrapixel Cameraကို M9မှာ ထည့်သွင်းပေးမှာ မဟုတ်တော့ပုံပါပဲ။ HTCက Ultrapixelဆိုတာ စွမ်းဆောင်ရည်မြင့်ဖုန်းတွေထက် နိမ့်ကျတဲ့ 4 Megapixel Resolutionသာရှိတဲ့ ကင်မရာဖြစ်ပေမယ့် ရုပ်ပုံရိုက်ရင် ဖြစ်တဲ့ အနှောင့်အယှက်များကို လျှော့ချပေးနိုင်တဲ့ အရေအတွက်နည်းပေမယ့် အရွယ်ကြီးတဲ့ Pixelတွေလို့ သတ်မှတ်ပါတယ်။
ဒါဟာ HTCက Ultrapixel သဘောတရားကို စွန့်ခွာတော့မယ်လို့ ဆိုလိုနေတာ သိသာပါတယ်။
သတင်းတွေအရ M9ဟာ M8နဲ့ ဆင်တူပြီး ရွှေ၊ အညို ၊ ငွေရောင်များ ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ အတွင်းပိုင်းမှာ Octa-Core Qualcomm Snapdragon 810 Processorက မောင်းနှင်မှာ ဖြစ်ပြီး HTC ရဲ့ မျိုးဆက်သစ် Sense Interface Softwareထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။
စမတ်ဖုန်းနယ်ပယ်ရဲ့ အပြင်ဘက်ကလို့ သတ်မှတ်ကြတဲ့ စိတ်၀င်စားဖွယ် Re Cameraကို ကြေညာပြီးနောက်မှာတော့ ကာလရှည်ကြာ သတင်းထွက်နေတဲ့ HTCရဲ့ စမတ်နာရီကလည်း ချပ်၀တ်တန်ဆာကွန်ပြူတာ လောကထဲရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
HTCကတော့ ဒီသတင်းတွေကို တရား၀င်ကြေညာခြင်း မရှိသေးပါဘူး။ HTCရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီသတင်းတွေ၊ ခန့်မှန်း ပြောဆိုမှုတွေပေါ်မှာ ဘာမှတ်ချက်မှမပေးပါဘူး။ မတ်လတစ်ရက်နေ့မှာ ပြုလုပ်မယ့် Mobile World Congress 2015မှာတော့ HTCက တရား၀င်ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။
MWCဟာ ဖုန်း၊ ချပ်၀တ်တန်ဆာကွန်ပြူတာနဲ့ အခြားမိုဘိုင်းနည်းပညာများကို ပြသတဲ့ နှစ်စဉ်ပြုလုပ်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ ပွဲကို မတ်လ ၂ ရက်ကနေ ၅ ရက်အထိ ဘာစီလိုနာမှာ မီဒီယာကြီးများစွာ ဖိတ်ကြားပြီး ပြုလုပ်မှာ ဖြစ်ပြီး ကြေညာမှုများကိုတော့ ၁ ရက်နေ့မှာ ပြုလုပ်လေ့ရှိပါတယ်။ အဲဒီအတွက် မတ်လမှာ နည်းပညာကုမ္ပဏီများစွာရဲ့ ထုတ်ကုန်သစ်တွေကို တွေ့မြင်ရမှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။