Laptops, News, Review

HP Pavilion 14-ab018TX (i5)

HP Pavilion 14-ab018TX (i5)

မြန်မာပြည်၏ တရားဝင်ဖြန့်ချီခွင့်ရရှိထားသော Royal Smart Co., Ltd. မှ အသစ်ထပ်မံတင်သွင်းလိုက်သော hppavilion series အသစ်လေးဖြင့် မိတ်ဆက်ပေးပါရစေ။ Intel ရဲ့နောက်ဆုံးပေါ် 5thGeneration (Broad WellProcessor) အသုံးပြုထားတဲ့ hppavilion 14-ab018TX (i5) model သည် အသံပိုင်းဆိုင်ရာတွင် ထူးခြားကောင်းမွန်ပြီးလူကြိုက်များသည့် ကမ္ဘာကျော်ဇိမ်ခံကားကြီးများတွင်သာ အသုံးပြုသည့် ကြည်လင်ပြတ်သားသည့်အသံစနစ် B&O (BRAND &OLUFSEN) နည်းပညာကိုအသုံးပြုထားသည့်အတွက် အရမ်းကိုပြီးပြည့်စုံတဲ့ အသံထွက်ကိုခံစားရရှိနိုင်ပါသည်။ Performance မြင့်မားတဲ့ Core (i5) 5200U (3MB Cache, Up to 2.7GHz) ကိုအသုံးပြုထားပြီး Graphic အနေဖြင့် NvidiaGeforce GT 830M 2GBနဲ့ Memory 4GB DDR3 (1600 MHz) ပါဝင်တဲ့အတွက်ကြောင့် Design ပိုင်းဆိုင်ရာနှင့် Games တော်တော်များများကိုစိတ်ကြိုက်ကစားနိုင်မှာဖြစ်ပါသည်။

အလေးချိန်ဟာဆိုရင်လည်း (2.1 kg) လောက်သာရှိပြီးအခွေကူး၊ အခွေဖတ်နိုင်တဲ့ Super Multi DVD Burner လည်းပါရှိပါသည်။ ၁၄ လက်မမျက်နှာပြင် အရွယ်အစားဖြစ်ပြီး၊ Storage အားဖြင့်လည်း1TB HDD ပါဝင်သောကြောင့် Data တော်တော်များများကိုလည်း သိမ်းဆည်းပေးနိုင်ပါသည်။ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်နဲ့အသံကိုထောက်ပံ့ပေးနိုင်မည့် HDMI Port, Data ကူးယူမှုကိုပုံမှန်ထက် ဆယ်ဆမြန်ဆန်စေမည့် USB 3.0 နှင့် Bluetooth 4.0 တို့လည်းပါဝင်ပါသည်။ ပေါ့ပါးလှပပြီးသေသပ်တဲ့ Design နှင့် Performance ကောင်းကောင်းသုံးချင်သူများအတွက် Royal Smart Co., Ltd. မှတင်သွင်းဖြန့်ချီလိုက်သော hppavilion 14-ab018TX (i5) ကို hp ၏ Reseller ဆိုင်ကြီးများတွင် Global Warranty အာမခံသက်တမ်း (၁) နှစ်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။
Price –660 USD

Leave a Reply

Your email address will not be published. Required fields are marked *