အမေရိကန် အစိုးရရဲ့အင်တာနက် အသုံးပြုသူတွေကို စုံစမ်းထောက်လှမ်းတဲ့ PRISM Project လူသိရှင်ကြား ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းမှာ Gmailကို အသုံးပြုရတာ လုံခြုံမှု မရှိတော့ပါဘူး။ အဲဒီအတွက် သင့်ရဲ့အရေးကြီးတဲ့ သတင်းအချက်အလက်တွေ၊ Personalကိစ္စတွေကို Gmail ကနေ ပေးပို့တော့မယ်ဆိုရင် လုံခြုံမှုရှိအောင် Encryptလုပ်ပြီး ပေးပို့ပါ။ Gmailကို Encryptလုပ်ပြီး ပေးပို့ဖို့ Secure Gmailဆိုတဲ့ Chrome Extensionကိုသုံးနိုင်ပါတယ်။
(၁) Secure Gmailကို Chromeမှာ အင်စတောလုပ်ပါ။
(၂) Gmailကို Login၀င်ပါ။ Login၀င်ပြီးသားဆိုရင် Refreshလုပ်ပါ။ COMPOSE Buttonဘေးမှာ သော့ခလောက် ပုံလေးကို တွေ့မြင်နိုင်ပါတယ်။
(၃) သော့ခလောက်ပုံကို နှိပ်ရင် အီးမေးရေးသားဖို့ Compose Windowပေါ်လာမှာဖြစ်ပြီး သင်ရေးချင်တာ ရေးပါ။ Gmailက သင့်အီးမေးကို သိမ်းဖို့ကြိုးစားရင် Save Failedဆိုတဲ့ Messageကို အောက်မှာ တွေ့မြင်နိုင်ပါတယ်။ သင့်အီးမေးကို Google Serverမှာ မသိမ်းနိုင်အောင် Save Gmailက ပြုလုပ်ပေးနိုင်ပါတယ်။
(၄) အီးမေးရေးပြီးသွားရင် “Send Encrypted”ကိုနှိပ်ပါ။ Dialog Boxတစ်ခု ကျလာပြီး Password သတ်မှတ်ပေးပါ။ Password Hintကတော့ Optionalဖြစ်ပြီး ဘာမှမဖြည့်လည်း ရပါတယ်။ Passwordကို သင်အီးမေး ပေးပို့တဲ့သူကို အသိပေးထားရမှာ ဖြစ်ပါတယ်။
(၅) သင့်အီးမေးကို လက်ခံရတဲ့သူက သင်ရေးထားတဲ့ အကြောင်းအရာတွေကို မြင်တွေ့ရမှာ မဟုတ်ဘဲ အောက်ကပုံမှာလို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
(၆) အီးမေးကိုဖတ်ဖို့“Decrypt message with password”ကိုနှိပ်ပြီး Passwordဖြည့်ပေးရမှာပါ။ အီးမေး လက်ခံရယူတဲ့သူမှာ Safe Gmailမရှိရင် အင်စတောလုပ်ဖို့ Messageကျလာမှာ ဖြစ်ပြီး အင်စတော လုပ်ပေးရမှာပါ။
Secure Gmailကို Chromeတစ်မျိုးထဲမှာသာ သုံးလို့ရမှာဖြစ်ပြီး တစ်ခြား Browserတွေမှာတော့ သုံးလို့မရပါဘူး။ ဒါ့အပြင် ပေးပို့သူမှာရော၊ လက်ခံတဲ့သူမှာပါ Safe Gmailရှိဖို့လိုတဲ့ ကန့်သတ်ချက်တွေ ရှိပါတယ်။ ဒါပေမယ့် သင့် Gmailကို Encrypt လုပ်ပြီးပေးပို့ဖို့ အတွက်တော့ Secure Gmailက အကောင်းဆုံး ဖြစ်ပါတယ်။
One thought on “Gmailကို Encryptလုပ်ပြီး ပို့မယ်”