News, Review

Honor က screen size ၁.၄၇ လက်မရှိတဲ့ Band 6 fitness tracker ကို မိတ်ဆက်လိုက်ပါပြီ။

သီးသန့်ကုမ္ပဏီတစ်ခု ဖြစ်လာတဲ့ Honor ကတော့ Smart watch ပြိုင်ကွင်းထဲကို ဝင်လာတော့မှာပါ။ Honor Band 6 မှာ နှလုံးခုန်နှုန်းနဲ့ သွေးအောက်ဆီဂျင်တွေကို တိုင်းတာပေးမယ့် sensor တွေ ပါဝင်ပါတယ်။
ဒါတင်မကဘဲ အိပ်စက်မှု၊ stress နဲ့ အမျိုးသမီး ရာသီစက်ဝန်းတွေကိုပါ ခြေရာခံပေးနိုင်ဦးမှာပါ။ Honor Band 6 မှာ‌ လေ့ကျင့်ခန်း mode ၁၀ ခု ပါဝင်လာပါတယ်။ အခြား fitness tracker တွေလိုပဲ Honor Band 6 ဟာ ၁၄ ရက်အထိ အသုံးပြုနိုင်ပြီး ရေအောက် 5ATM အထိ စိမ်နိုင်တာကြောင့် ရေကူးသူတွေအတွက် အထူးသင့်တော်တာပါပဲ။
Honor အနေနဲ့ Band 6 ကိုတော့ မကြာခင် ရောင်းချမယ်လို့ ပြောခဲ့ပြီး ၃၅ ဒေါ်လာနဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *