ဥရောပမှာတော့ ဈေး၀ယ်ရာသီမတိုင်မီ Smart TV တွေအပြိုင်အဆိုင်ရောင်းချနေကြတဲ့ထဲက Hisense ရဲ့ ငါးဆယ့်ငါး လက်မ 4K Smart TV လည်းအပါအ၀င်ဖြစ်ပါတယ်။ T880 လို့နာမည်ပေးထားပြီး ဒေါ်လာ နှစ်ထောင် တန်ကြေးရှိပါတယ်။ WiFi အသုံးပြုနိုင်မှာဖြစ်ပြီး Smart TV Apps တွေဖြစ်တဲ့ Opera, Netflix, YouTube, Pandora, Twitter, Facebook စတာတွေပါရှိပါမယ်။ 178 Degree ခံစားကြည့်ရှုနိုင်မယ်လို့ Company က အာမခံထားတဲ့ အတွက် တီဗီ ရဲ့ ရှေ့တည့်တည့်ကနေမဟုတ်ဘဲ ဘေးဘက်ထောင့်တွေကနေကြည့်ရင် တောင် ကောင်းမွန်တဲ့ ရုပ်သံခံစားမှုကို ရရှိမှာဖြစ်ပါတယ်။ Walmart , Costco တို့ကနေ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။
ဒေါ်လာ နှစ်ထောင်တန် Hisense ရဲ့ ငါးဆယ့်ငါး လက်မ 4K Smart TV

13
Nov