တချို့ကျော်ကြားတဲ့ နည်းပညာ ကုမ္ပဏီတွေမှာ စက်မှုနည်းပညာနဲ့ တည်ဆောက်နေသော စက်ရုံတွေထဲက ပညာရှင်တွေအနေနဲ့ သူတို့ကိုယ်သူတို့ သိပ္ပံပညာရှင်တွေလို၊ အဓိက အခွင့်အာဏာရှိသော အရာရှိတွေလို၊ ပြီးတော့ အောင်မြင်သော စီပွားရေးပညာရှင်တွေလို ပုံစံအတိုင်း အလုပ်လုပ်နေရဖို့ကို တောင်းဆိုနိုင်ကြပါတယ်။ ဒါပေမယ့် ဂျွန် လီလီ ဆိုတဲ့ ဂရေးလော့ခ်ရဲ့ လက်တွဲဖော်ကတော့ ဒီကိစ္စသုံးရပ်လုံးကို အေးအေးဆေးဆေး ထိန်သိမ်းခဲ့ပါပြီ။ ဒါကြောင့် သူ့ကို ဒီလိုမျိုး အင်တာဗျူးတဲ့အထိ ဖြစ်ခဲ့တာပါ။ သူဟာ ဂရေးလော့ခ်ရဲ့ ဘဏ္ဍာရေး ကုမ္ပဏီတွေ လွှဲပြောင်းအတည်ပြု ခံခဲ့ရတာ အပါအဝင် ဒီလို အရမ်းကျော်ကြားတဲ့ နည်းပညာ ကုမ္ပဏီတွေရဲ့ ကိစ္စရပ်တွေကို multi-app နည်းလမ်းတွေနဲ့ ဘယ်လိုကိုင်တွယ်ခဲ့လဲ ဆိုတာကိုတော့ အောက်က အင်တာဗျူးမှာ ဆက်လက်ဖော်ပြပေးပါမယ်။
Multi-app နည်းလမ်းဟာ ကောင်းတဲ့အရာ တစ်ခုလား?
ဒါဟာ ဖြစ်ပျက်နေတဲ့ ကိစ္စပေါ်မူတည်ပါတယ်။ မိုဘိုင်းဆိုတာက အရမ်းမြန်တယ်လေ ဟုတ်တယ်မှတ်လား? ခင်ဗျား လုပ်ချင်တဲ့ကိစ္စအရပ်ရပ်ကို လုပ်လို့ရတယ်လေ၊ ခင်ဗျားလိုချင်တာကိုလည်း ရနိုင်တယ်လေ။ တကယ်လို့ မြန်ဆန်မှုဟာ ရွှေလိုမျိုး တန်ဖိုးရှိနေရင် ခင်ဗျားကို နှေးစေတဲ့ ကိစ္စတွေကို ဖယ်ရှားပစ်ရမှာပေါ့။ ကျွန်တော့ အတွေးကတော့ multi-app နည်းလမ်းဆိုတာ “အကုန်လုံးကို ထောက်ပံ့မပေး နိုင်ရင်တောင် ဖန်ရှင်တစ်ခုခုပေါ့၊ တွေးတောစရာ ကိစ္စတွေကိုလည်း လျော့ချရအောင်” လို့ ပြောချင်ပါတယ်။ ဒါဟာ အရမ်းရိုးရှင်းပြီး၊ အရမ်းလည်း နားလည်ရ လွယ်ပါတယ်၊ အရမ်းလည်း မြန်ပါတယ်။
ကျွန်တော်ထင်တယ် ကာရိုဆဲလ်က ဂရေးလော့ခ်က ရင်းနှီးမြှုပ်နှံထားတဲ့ Dropbox ကို ရိုးရိုးရှင်းရှင်း Dropbox app ထုတ်ခဲ့ပါတယ်။ ကျွန်တော့ဖုန်းမှာ Messenger ရှိတယ် ဒါပေမယ့် Facebook မရှိဘူး။ ဒါဟာ ကျွန်တော့်ခင်တဲ့လူတွေကို ဖယ်ရှားမယ့် စက်ဝန်းတစ်ခုဖြစ်နေတယ်။ ခင်ဗျားအတွေးဆန့်ပြီး ဒီဇိုင်းကို ဂရူတစိုက် ချထားခဲ့ရင်တောင် ဒီနည်းလမ်းက အလုပ်ဖြစ်ပါတယ်။ ကျွန်တော်ထင်တယ် အခုအခြေအနေက အကုန်လုံးက home screen မှာကိုပဲ အသုံးဝင်တဲ့အိုင်ကွန်တွေကို နည်းမျိုးစုံနဲ့ လုပ်နေကြပါပြီ။ စကေးဘယ်လောက် ထားကြလဲတော့ ကျွန်တော်အတိအကျ မသိဘူးပေါ့။
တချို့ သုံးစွဲသူတွေက app တွေအများကြီး ဒေါင်းကတာ မကြိုက်ကြဘူး၊ ဘာလို့လည်းဆိုတော့ ဒီ app တွေက သူတို့ဖုန်းရဲ့ ပါမစ်ရှင်တွေကို တော်တော်များများ ဖွင့်ပေးရလို့လေ၊ ပြီးတော့ ဘာတွေ ရှဲထားလဲဆိုတာကို သူတို့ ဆားဗစ်တွေ ဖတ်ပြီးတော့ ပိုရှုပ်ထွေးတဲ့အရာတွေကို နားလည်အောင် ကြိုးစားကြရတယ်လေ၊ အဲဒါကော ဘယ်လိုမြင်လဲ?
(ရယ်လျက်) ဒီလိုမျိုး ဆားဗစ်တွေနဲ့ စည်းကမ်းတွေကိုသာ အထူးဖတ်တဲ့ သူတွေကတော့ ရှေ့နေတွေနဲ့ ဂျာနယ်လစ်တ် တွေပဲလေဗျာ။
ကျွန်တော့ကို ပြောတာလားဗျ?
ပထမဆုံး ခင်ဗျား ဒုတိယ app ကို ဖွင့်ကတည်းက အဲဒါတွေက ခင်ဗျားနဲ့ ပတ်သတ်တာတွေကြီးပဲဗျ။ အဲဒါက ထူးဆန်းပြီးတော့ အရမ်း အံ့သြဖွယ်ပါပဲ။ ဒါပေမယ့် ခင်ဗျား logged in ဝင်တဲ့အချိန်မှာ အနောက်မှာ အလုပ်လုပ် သွားတဲ့ သတင်းအချက်အလက် တွေအားလုံးဟာ ခုန ဆားဗစ်တမ်းတ် တွေမှာ ရေးထားတဲ့အတိုင်း အလုပ် လုပ်သွားပြီးပြီဗျ။
Multi-app နည်းလမ်းကို ကောင်းကောင်း အသုံးချနေတဲ့ ကုမ္ပဏီတချို့ကို ဥပမာ ပြကြည့်ပါလား?
ကျွန်တော့အထင်တော့ Foursquare အသစ်က တော်တော်ကောင်းတယ်။ Facebook က ကောင်းကောင်း လုပ်နိုင်တာတောင် ( မက်ဆင်ဂျာ ကို မရည်ရွယ် ) တချို့က Instagram ကို ပိုကြိုက်ကြတယ်။
Desktop ဘက်မှာဆိုရင်ကော multi-app ဆန်ဆန် နည်းလမ်းသုံးတဲ့ app တွေ ရှိသေးလား?
မေးခွန်းကောင်း တစ်ခုပဲဗျ။ OS X မှာ Unix ဆိုတဲ့ မျက်နှာပြင်တစ်ခုပါတယ်။ အဲဒီ Unix က ပိုက်စ် လို့ခေါ်တဲ့ app လေးတွေကတစ်ဆင့် တစ်ခုနဲ့တစ်ခု သတင်းအချက်အလက် ရှဲတာတွေတော့ ရှိတယ်ဗျ။ ပီစီမှာတော့ Outlook ကိုကြည့်ဗျာ၊ အဲမှာ ခင်ဗျား မေးလ်ဝင်နိုင်မယ်၊ ကလင်ဒါ၊ ကွန်းတန့်စ်စတဲ့ ဖီးချားတွေက တစ်နေရာတည်းမှာလေ။ multi-app ပုံစံလို့ ပြောလို့ရတယ်။ Mac မှာကျတော့ မေးလ်၊ ကလင်ဒါ နဲ့ ကွန်းတန့်စ် အတွက်က တစ်ခုစီဝင်ရတာ။ တစ်ခုနဲ့တစ်ခုစီတော့ သတင်းတော့ ရှဲလို့ရပါတယ်။ အများစုကတော့ mobile apps တွေမှာပေါ့ဗျာ။
Multi-app နည်းလမ်းကို မသုံးသင့်တဲ့ mobile apps တွေရှိလား?
အမ်… အဲဒါကတော့ အခုထိတော့ မရှိသေးဘူးဗျ။
ဒါဆို ပြောင်းပြန်အနေနဲ့ဆို ဒီနည်းလမ်းကို လုပ်သင့်တဲ့ apps ရှိလား၊ မရှိဘူးလား?
ကျွန်တော့အထင်တော့ ခင်ဗျားမှာ အမှန်တကယ် သီခြားသုံးနေတဲ့ အသုံးပြုသူတွေနဲ့ ငှားရမ်းသူတွေ တကယ်ရှိရင်တော့ သုံးဖို့သင့်ပါတယ်၊ ဒါဟာ အိုင်ဒီယာ ကောင်းတစ်ခုပေါ့။ ဒါပေမယ့် app တစ်ခုမှာ သီခြား သုံးတာလည်း မရှိတဲ့အချိန်မှာ ခွဲထုတ်တာဟာ မကောင်းပါဘူး။ ဒါကတော့ ခင်ဗျားအနေနဲ့ သုံးသပ်ရမှာပါ။
ဒီမိုဘိုင်း apps တွေကို ခွဲထုတ်တာဟာ ယာယီဆိုးကျိုးအနေနဲ့ ခင်ဗျားဘယ်လိုမြင်လဲ?
တစ်ခုသော ဆိုးကျိုးကတော့ ခင်ဗျား သေချာဂရူမစိုက်ရင်တော့ apps တော်တော်များများနဲ့ အဆုံးသတ်ရမယ်၊ ပြီးတော့ home screen မှာလည်း သတ်မှတ်ထားတဲ့ စပေ့ဖြစ်ရမယ်။ ဒါ့ကြောင့် ခင်ဗျား ထည့်လိုက်တဲ့ apps တွေဟာ အရမ်းကောင်းပြီး၊ အရေးကြီးတယ်ဆိုတာကို သေချာရမယ်။
ဆိုလိုတာက Yahoo Weather ဆိုတာ လှပတဲ့ app တစ်ခုဖြစ်တယ်၊ ဒါပေမယ့် ပန်နယ် ဘယ်ဘက်မှာဆို Yahoo Fantasy Sports နဲ့ Yahoo Mail အတွက် ကြော်ငြာတွေကို မြင်ရတယ်။ ကြော်ငြာစာတွေ အရှည်ကြီးနဲ့ မရှိမဖြစ် ပါတာပေါ့။ ဒါကြောင့် အဓိက အားနည်းတာက အဓိကအစမှာတင် ကြေငြာတွေ အများကြီးနဲ့ စတင်တာဖြစ်နေတယ်၊ အမှန်က ခင်ဗျားအနေနဲ့ အသုံးပြုသူကို အထောက်အပံ့အများကြီး ပေးရမှာလေ။ နောက်ဆုံးတော့ အစမှာ ကြေငြာတွေ များခဲ့တော့ တချို့နေရာတွေမှာဆို ဘယ်သူ့ရဲ့ဂရူပြုမှုကိုမှ မရရှိကြပဲ တပ်ခေါက်ကြရတော့တာပေါ့။