Education, Featured, Lifestyle, News

ကမ္ဘာ့အကောင်းဆုံး စီးပွားရေးပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏ အကြောင်းအရာအချို့

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

MBA သင်တန်းတစ်ခု တက်ရောက်မယ်ဆိုရင် သင့်အနေနဲ့ အချိန်ကာလအားဖြင့်၂နှစ်ကြာမြင့်နိုင်ပြီး ငွေကြေးအားဖြင့် ဒေါ်လာတစ်သိန်းခွဲခန့်လောက်ထိ ကုန်ကျနိုင်ပါတယ်။ ဒါကတော့ international သင်တန်းကြေးနဲ့ တွက်ချက်ထားတာဖြစ်ပါတယ်။

ယခုကမ္ဘာကြီးပေါ်တွင် နိုင်ငံနှင့်အလိုက် ဈေးကွက်ယှဉ်ပြိုင်မှုတွေ တိုးပွားလာတာနဲ့အမျှ စီးပွားရေးပညာရပ်ကို သင်ကြားပေးနေကြတဲ့ ကျောင်းတွေလဲ များပြားလာပါတယ်။ ကျွန်တော်တို့ရဲ့ ငါးပုံတစ်ပုံသော Survey (စစ်တမ်း) ကောက်ယူမှုအခြေအနေအရတော့ ကမ္ဘာ့အကောင်းဆုံး ကျောင်းတွေဆိုပြီးတော့ ထောင်နဲ့ချီပြီးရှိပါတယ်။ထိုကျောင်းတွေမှာ အတွေ့အကြုံရှိ ကမ္ဘာ့အဆင့်မှီ စီးပွားရေးပညာရှင်အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့တဲ့အပြင် MBAs ကျောင်းတွေမှာလဲ စီးပွားရေးဘာသာရပ်နဲ့ပတ်သက်ပြီး သူတို့ရဲ့အတွေ့အကြုံတွေကို ပြန်လည်မျှဝေသင်ကြားပေးနေကြတဲ့ သူတွေလည်း ပါဝင်နေပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကျောင်းဆိုတဲ့ဂုဏ်ပုဒ်ကို ရရှိနိုင်ဖို့အတွက်ဆိုတာ လွယ်လွယ်နဲ့ရလာခဲ့တာမဟုတ်ပါဘူး။အခက်အခဲတွေ တစ်ခုပြီးတစ်ခု ကျော်လွှားခဲ့ပြီးမှ အဆင်းရဲဆုံးအခြေအနေကနေ အကောင်းဆုံးအခြေအနေကို ရရှိနိုင်ဖို့အတွက် အကောင်းဆုံးယှဉ်ပြိုင်မှုတွေနဲ့လဲ ရင်ဆိုင်ခဲ့ရပါတယ်။ဒီလိုတွေ ရင်ဆိုင်ရာမှာတော့ အတွေ့အကြုံရှိ စီးပွားရေးပညာရှင်တွေကို ကျောင်းမှာ အချိန်ပိုင်းသင်ကြားပေးဖို့ရန်အတွက် ငှားရမ်းခြင်းတွေ လုပ်ဆောင်ခဲ့ရပါတယ်။

အောက်မှာ ပေးထားတဲ့ Link ကိုနှိပ်ပြီး စစ်တမ်းကောက်ယူရာတွင် ရရှိလာတဲ့ရလဒ်တွေကို အပြည့်အစုံ စိစစ်ထားခြင်းတွေကို ကြည့်ရှုနိုင်ပါတယ်။

http://www.businessinsider.com/worlds-best-business-schools-analysis-2014-7
အောက်က ပေးထားတဲ့ link ကတော့အကောင်းဆုံးထိပ်တန်း၂၅ ကျောင်းရဲ့ မြေပုံအညွှန်းတွေကို ပြသပေးထားတဲ့ link ဖြစ်ပါတယ်။ Link ကိုနှိပ်ပြီးကြည့်ရှု လေ့လာနိုင်ပါတယ်။

http://www.businessinsider.com/top-25-business-schools-in-the-world-2014-7

ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံး ကျောင်း၅၀ကို အကြောင်းအရာအချို့နှင့်တကွ တွဲဖက် ဖော်ပြပေးလိုက်ပါတယ်။

၅၀။ George Washington University (School of Business)

 

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via Wikipedia

၄၉။ Thunderbird School of Global Management

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

via facebook

ဒီကျောင်းရဲ့ဘွဲ့ရ ကျောင်းသားများ၏ ဂုဏ်သတင်းကျော်ဇောမှုဟာ ၅ရာခိုင်နှုန်းမှာ ၂.၄၄ရာခိုင်နှုန်းခန့်သာ နာမည်ရခဲ့ကြပါတယ်။ နေရာကတော့ Arizona ပြည်နယ်က Glendale မှာ တည်ရှိတာဖြစ်ပါတယ်။ဒီဂရီဘွဲ့တစ်ခုလုံးအတွက် ကုန်ကျငွေစရိတ်ကတော့ ဒေါ်လာ၇၉,ဝ၂၇ကုန်ကျမှာ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ ၄၀,ဝ၀ဝ ကျော်လောက်က ဒီကျောင်းမှာတက်ရောက်နေတဲ့ ကျောင်းသားတွေကို T-Birds လို့ ခေါ်ဝေါ်ကြပါတယ်။ဆိုလိုချင်တဲ့အဓိပ္ပါယ်ကတော့ Thunderbird School ရဲ့ ဘွဲ့ရကျောင်းသားတွေဖြစ်တဲ့အတွက် ကြောင့်သူတို့ကိုယ်သူတို့ အမွှန်းတင်ပြီး ခေါ်ကြတာဖြစ်ပါတယ်။

၄၈။The Chinese University of Hong Kong (CUHK Business School)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via Wikimedia Common

နာမည်ရ ကျော်ကြားတဲ့ ဘွဲ့ရကျောင်းသားပေါင်း ၅ရာခိုင်နှုန်းခန့်မှာ ၂.၄၅ရာခိုင်နှုန်းခန့် အောင်မြင်မှုရရှိကြပါတယ်။ ဟောင်ကောင်မှာတည်ရှိပြီး ကျောင်းလခကုန်ကျစရိတ်ကတော့ ဒေါ်လာ၇၃, ၅၇၅ကျသင့်မှာ ဖြစ်ပါတယ်။ CUHK Business School ကျောင်းဟာ MPB ပရိုဂရမ်ကို စတင်ဆောင်ရွက်လာခဲ့တာ ၁၉၆၆ခုနှစ်ကတည်းက ဖြစ်ပါတယ်။အာရှမှာတော့ ပထမဦးဆုံး ကမ္ဘာ့စီးပွားရေးပညာရပ်တွေကို သင်ကြားပို့ချပေးနေတဲ့ ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ငွေကြေးဆိုင်ရာ အခြေအနေအရေဆိုရင် အရင်က အဆင့်၂၇မှာရှိခဲ့တဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမှုတွေရဲ့ ဆယ်ပုံတစ်ပုံအရဆိုရင်တော့ CUHK Business School ဟာ ကမ္ဘာ့အကောင်းဆုံး ကျောင်းတစ်ကျောင်းဖြစ်တယ်လို့ သိရပါတယ်။

၄၇။ Indian School of Business

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via Wikipedia

ဘွဲ့ရရှိသူ 5 ရာခိုင်နှုန်းမှာ၂.၄၆ သော ကျောင်းသားများသာ နာမည်ကျော်ကြား ဂုဏ်သတင်းပျံ့နှံ့ခဲ့ကြပါတယ်။ India နိုင်ငံ Hyderabad, Telangana မှာတည်ရှိတဲ့ ဒီကျောင်းအတွက် လစာကုန်ကျစရိတ်ဟာ ဒေါ်လာ၄၁,၆၃၀ ဖြစ်ပါတယ်။

ဒီအိန္ဒိယ ကျောင်းဟာ Upenn, Northwestern နှင့် London Shool of Business ဆိုတဲ့ ကျောင်းများနဲ့ စီးပွားရေး Partner အဖြစ် လက်တွဲလုပ်ကိုင်နေပြီး သူတို့ရဲ့သင်ရိုးညွှန်းတမ်းကို ထိန်းသိမ်းပြီး သူတို့ကိုယ်တိုင်ကလည်း ပြင်းထန်တဲ့ လက်တွေ့လေ့ကျင့်ခန်းတွေနဲ့ ဆက်စပ်သင်ကြားပေးနေကြတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။

၄၆။ Boston University (School of Management)

Boston University

Boston University

Boston နိုင်ငံမှာရှိတဲ့ ဒီကျောင်းမှာတော့ ဘွဲ့ရတဲ့ ကျောင်းသား၅ရာခိုင်နှုန်းခန့်မှာ၂.၄၉ရာခိုင်နှုန်းခန့်ကသာ အောင်မြင်မှုဂုတ်သတင်းတွေ ကျော်ကြားနေတာဖြစ်ပါတယ်။ ကုန်ကျစရိတ် လစာကတော့၆၄,၆၇၆ ဒေါ်လာ ဖြစ်ပါတယ်။ ကျောင်းသားတွေကို နိုင်ငံတကာ အဆင့်မှီဖို့အတွက် သူတို့နဲ့နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုလက်မှတ်ထိုးပြီး အားပေးထိန်းကျောင်းပေးနေတဲ့ ကျောင်းတစ်ကျောင်းပါ။ ကျောင်းသားပေါင်း ၅၀မှ ၅၅ဦးအထိ ပါဝင်သော အစုအဖွဲ့တွေ ဖွဲ့စည်းပေးပြီး အခန်းထဲမှာ စာသင်ခြင်းတွေကို အတူတကွ လုပ်ဆောင်ကြတဲ့အပြင် စာစဉ်ရေးသားခြင်းတွေကိုလည်း အတူတကွလုပ်ဆောင်ကြရပါတယ်။

၄၅။ Michigan State University (Eli Broad College of Business)

Boston University

Via Wikipedia

ဒီကျောင်းကတော့ အမျိုးမျိုးသော စီးပွားရေး ကျောင်းတွေရဲ့ အစီအစဉ်အတိုင်း ထိပ်တန်းအချက်၁၀ချက်နဲ့ ကျောင်းရဲ့ဝင်ငွေကို ရှာဖွေခဲ့တယ်လို့ Forbes Education ရဲ့ စစ်တမ်းကောက်ယူမှုတစ်ခုအရ သိရပါတယ်။ဒီကျောင်းဟာ MBA ဇယားနဲ့ စီပွားရေးရက်သတ္တပတ် ဆွေးနွေးပွဲတွေရဲ့ ဖော်ပြချက်အချို့အရဆိုရင် မနှစ်က အဆင့်၃၄ နေရာမှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီကျောင်းကတော့ Michigan ရဲ့ East Lansing မှာ တည်ရှိတာဖြစ်ပါတယ်။ ကျောင်းလခကတော့ ၆၃,၂၀ဝ ဒေါ်လာ ဖြစ်ပါတယ်။

၄၄။ Indian Institute of management, Ahmedabad

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via Wikimedia Common

ခန့်မှန်းခြေဘွဲ့ရ ကျောင်းသား ၅ရာခိုင်နှုန်းအနက်မှ ၂.၅၁ရာခိုင်နှုန်းခန့်ကသာ အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။ တည်နေရာကတော့ India နိုင်ငံ Ahmedabad, Gujarat မှာ တည်ရှိတာဖြစ်ပါတယ်။ ကျောင်းလခ ကုန်ကျငွေကတော့ ဒေါ်လာ၂၀,၅၀ဝ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နံပါတ်၁စီးပွားရေး ကျောင်းတစ်ကျောင်းဖြစ်တဲ့ ဒီကျောင်းဟာ ကမ္ဘာ့နာမည်ကြီး Harvard Business School ရဲ့ သင်ရိုးညွန်းတန်းအတိုင်း သင်ကြားပေးပြီး မိမိစီးပွားရေးအတွက် အခွန်ဆောင်ခြင်းတွေအပြင် အများပြည်သူနှင့် ဆက်နွယ်ရလေ့ရှိတဲ့ အခန်းကဏ္ဍများအကြောင်းကိုလည်း သင်ကြားပို့ချပေးနေတဲ့ ကျောင်းဖြစ်ပါတယ်။

၄၃။ University of Washington (Foster School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

တည်နေရာ Seattle မှာတည်ရှိပြီး ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းမှာ ၂.၅၂ရာခိုင်နှုန်းကတော့ အောင်မြင်ကျော်ကြားကြပါတယ်။ ကျောင်းလခ ငွေ ဒေါ်လာ၁၁၇,၅၆၁ ဖြစ်ပါတယ်။ဒီကျောင်းရဲ့ တည်နေရာ Settle ဟာ Amazon, Microsoft, Nordstrom and Starbucks တို့ရဲ့ မြို့လည်းဖြစ်ပါတယ်။သူတို့ကျောင်းဟာ နိုင်ငံတကာအဆင့်မှီ အလုပ်အကိုင်များအတွက် နေရာတစ်နေရာကို ၁၀ဝနှုန်းရရှိနိုင်အောင် သင်ကြားပြပေးနိုင်တဲ့ ကျောင်းတစ်ကျောင်းဖြစ်တယ်လို့ အမွှန်းတင်ပြောကြားကြပါသေးတယ်။ကျွန်တော်တို့ရဲ့ ယခုစစ်တမ်းကောက်ယူမှု အချက်အလက်တွေအရတော့ ကျောင်းရဲ့ဘဏ္ဍာငွေ အခြေအနေအရဆိုရင်အဆင့်၅၈ နေရာမှာ ရှိခဲ့သော်လည်း အမေရိကန်နိုင်ငံရဲ့ News & World ရဲ့ ဖော်ပြချက်အရတော့ အဆင့်၂၅ နေရာကို ရယူထားပါတယ်။

၄၂။ University of Manchester (Manchester Business School)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး

Via Wikimedia Common

ဒီကျောင်းရဲ့ ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၂.၅၂ရာခိုင်နှုန်းက အောင်မြင်ကျော်ကြားကြပါတယ်။ ကျောင်းလခကတော့ ဒေါ်လာ၉၃,၉၄၅ ဖြစ်ပြီး အင်္ဂလန်နိုင်ငံ မန်ချက်စတာ မြို့မှာတည်ရှိပါတယ်။ယခုနှစ် ဘဏ္ဍာရေးအခြေအနေအပေါ် မူတည်ပြီး စာရင်းပြုစုချက်အရ အဆင့်၄၂ နေရာမှာသာ ရှိသော်လည်း ကမ္ဘာ့အဆင့်မှီ သင်ကြားပို့ချချက်တွေနဲ့ ရင်းနှီးမြှပ်နှံထားပြီး Manchester, UAE, Singapore, Hong Kong, Shanghai, Miami နှင့် Rio de Janeiro အထိ သွားရောက်သင်ကြားပို့ချပေးနေတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။

၄၁။The University of Warwick (Warwick Business Shool)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး

Via www.businessinsider.com

ဒီကျောင်းကလည်းပဲ အပေါ်ကကျောင်းတွေလိုပဲ ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ၂.၅၂ရာခိုင်နှုန်းသော ကျောင်းသားတွေကပဲ အောင်မြင်ကျော်ကြားမှုရှိကြတာ ဖြစ်ပါတယ်။ ကျောင်းလခကတော့ ဒေါ်လာ၈၃,၁၉၀ ကုန်ကျမှာဖြစ်ပါတယ်။ Warwick ကျောင်းမှာ နိုင်ငံပေါင်း၁၀ဝက ကျောင်းသားပေါင်း၂၀ဝ၀ ကျော်ကို ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးတွေနဲ့ ပြုစုဆက်ဆံပြီး စားရင်းသွင်းလက်ခံ ပြုစုသင်ကြားပေးတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ Warwick ရဲ့ အံ့သြစရာကောင်းတဲ့ အချက်ကတော့ ယခုနှစ် ဘဏ္ဍာရေးအချိန်ဇယားအရ စိစစ်ကြည့်ရာမှာတော့ အဆင့်၂၇မှ ၂၅အထိ တိုးတက်လာခဲ့ခြင်း ဖြစ်ပါတယ်။

၄၀။ Purdue University (Krannert School of Management)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး

Via Wikimedia Common

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၂.၅၃ရာခိုင်နှုန်းခန့်ကသာ အောင်မြင်ကျော်ကြားမှုရှိပါတယ်။ နေရာကတော့ Indiana, West Lafayette မှာဖြစ်ပါတယ်။ ကျောင်းလခကတော့ ၄၂,၁၇၄ ဒေါ်လာဖြစ်ပါတယ်။ Krannert ကျောင်းဟာ နိုင်ငံတကာအဆင့်မှီခြင်းနှင့် ကျောင်းသားတွေကို စာသင်ချိန်ပြီးချိန် စာသင်ခန်းပြင်ပများတွင် Social ကျကျ ဆက်ဆံစေတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။ ကျောင်းသားတွေကို သူတို့စိတ်ဝင်စားတဲ့ စွန့်ဦးတီထွင်မှု အသင်းတွေ၊ ဘဏ္ဍာရေးစီမံအုပ်ချုပ်ရေး အသင်းတွေ၊ Krannert ဝိုင်အသင်းတွေ သို့မဟုတ် ဂေါက်ဖ်အသင်းတွေမှာ စိတ်ကြိုက်ပါဝင်ခွင့်ပြုပြီး ကျောင်းသားတွေကို ဂရုတစိုက် လေ့ကျင့်သင်ကြားပေးနေတဲ့ ကျောင်းတစ်ကျောင်းလဲ ဖြစ်ပါတယ်။

၃၉။ Indiana University (Kelley School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

တည်နေရာ= Bloomington , Indiana

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ၂.၅၆ရာခိုင်နှုန်းကသာ နာမည်ကြီး ကျော်ကြားကြပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၇၁,၄၁၂ကျသင့်မှာ ဖြစ်ပါတယ်။

Kelley ကျောင်းရဲ့ Website မှာ ဖော်ပြချက်များအရတော့ စီးပွားရေးနဲ့ပါတ်သက်ပြီး အကြီးဆုံးသော နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ကျောင်းတစ်ကျောင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ဒီကျောင်းအတွက် နာမည်ကြီးစေတဲ့ အချက်တွေ မြောက်မြားစွာရှိတဲ့အထဲကမှ နှစ်ခုကို ဖြုတ်ချထားခဲ့တယ်လို့ U.S News & World Report ရဲ့ ဖော်ပြချက်များအရ သိရပါတယ်။

၃၈။ The Hong Kong University of Science & Technology (HKUST Business School)

 

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

တည်နေရာ = ဟောင်ကောင်

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ၂.၅၈ရာခိုင်နှုန်းက အောင်မြင်ကျော်ကြားမှု ရှိကြပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၉၃,၅၀ဝ ဖြစ်ပါတယ်။

2012 ခုနှစ် Businessweek ရဲ့ ဖော်ပြချက်အရတော့ စီးပွားရေးနဲ့ပတ်သက်တဲ့ သင်ခန်းစာများကို သင်ကြားပြသမှုပေးနိုင်တဲ့ အာရှမှရှိတဲ့ စီးပွားဆိုင်ရာ ကျောင်းကြီးတစ်ကျောင်းဖြစ်ပါတယ်။ HKUST ကျောင်းကြီးဟာ သူ့ရဲ့စွမ်းဆောင်ရည်တွေကို ရေးဆွဲဖော်ပြရာမှာတော့ ခေါင်းဆောင်နိုင်ငံမှုစွမ်းအားများ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အဓိကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ရေးဆွဲအကောင်ထည်ဖော်နေတဲ့ ကျောင်းကြီးလဲ ဖြစ်ပါတယ်။

၃၇။ University of Illinois at Urbana-Champaign

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

တည်နေရာ = Champaign, Illinois

ကျောင်းလခ၅၈,၆၃၂ ဒေါ်လာဖြစ်ပါတယ်။

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၂.၅၉ရာခိုင်နှုန်းကသာ နာမည်ကျော်ကြား အောင်မြင်ကြတာဖြစ်ပါတယ်။

ကမ္ဘာ့အကြီးကျယ်ဆုံးသော ကျောင်းသားဟောင်းများ အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားတဲ့ ကျောင်းကြီးတစ်ကျောင်းဖြစ်ပြီး စီးပွားရေးနဲ့ပါတ်သက်ပြီး လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ ကျောင်းကြီးတစ်ကျောင်းဖြစ်တယ်လို့ ကျောင်းရဲ့ website မှာ ဖော်ပြထားချက်များအရ သိရပါတယ်။ဘဏ္ဍာရေးအချိန်ဇယားအရ စိစစ်ကြည့်ရာမှာတော့ UIUC ဟာ ကမ္ဘာ့အကြီးဆုံး ကျောင်းကြီးဆယ်ကျောင်းမှာ နံပါတ်၃ နေရာမှာ တည်ရှိနေတဲ့ ကျောင်းကြီးဖြစ်ပါတယ်။

၃၆။ University of Navarra (IESE Business School)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ၂.၆ရာခိုင်နှုန်းကသာ နာမည်ကျော်ကြားနေတဲ့ ကျောင်းတစ်ကျောင်းပါ။

တည်နေရာကတော့ စပိန်နိုင်ငံ ဘာစီလိုနာ မြို့မှာတည်ရှိပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၅၂,၆၃၂ ဖြစ်ပါတယ်။

IESE ကျောင်းဟာ ဘာစီလိုနာ မြို့နယ်မှာ အခြေချထားခြင်း ဖြစ်သော်လည်း သူတို့ရဲ့သင်ရိုးညွှန်းတမ်းတွေကတော့ New York City, Sao Paolo, Nairobi နှင့် Shanghai တို့ရဲ့ သင်ရိုးညွှန်းတမ်းတွေကို အခြေပြုထားတာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးအချိန်ဇယားအရတော့ ၁၉လအတွင်းမှာ ဥရောပတိုက်ရဲ့ နံပါတ်၃ နေရာကို ရရှိထားတဲ့ ကျောင်းကြီးတစ်ကျောင်းလည်း ဖြစ်ပါတယ်။

၃၅။ University of Toronto (Rotman School of Management)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရရှိသူကျောင်းသား ၅ရာခိုင်နှုန်းမှာ၂.၆၃ရာခိုင်နှုန်းသော ကျောင်းသားများကသာ နာမည်ကျော်ကျားခဲ့ကြပါတယ်။

တည်နေရာ = Toronto, Canada

ကျောင်းလခ ဒေါ်လာ၈၅,၁၆၆ ဖြစ်ပါတယ်။

ဒီကျောင်းမှာ ဘွဲ့ရရှိကြတဲ့ ကျောင်းသားတွေဟာ နိုင်ငံတကာအဆင့်မှီ ကျောင်းသားများဖြစ်ကြပြီး ဘွဲ့ရရှိတာနဲ့ ကနေဒါနိုင်ငံမှာ အလုပ်ပါမစ်သုံးနှစ်နှင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်နိုင်တဲ့ ကျောင်းကြီးတစ်ကျောင်း ဖြစ်ပါတယ်။ Rotman ကျောင်းဟာ ဘဏ္ဍာရေးအချိန်ဇယားအရ ကြည့်မယ်ဆိုရင်တော့ နံပါတ်၅၁ နေရာမှာရှိပါတယ်။

၃၄။ Washington University – St.Louis (John M. Olin School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ၂.၆၃ရာခိုင်နှုန်းကသာ နာမည်ကျော်ကြား အောင်မြင်မှု ရရှိကြတာဖြစ်ပါတယ်။

တည်နေရာ = St. Louis

ကျောင်းလခ ဒေါ်လာ၅၂,၅၃၅ ဖြစ်ပါတယ်။

Olin ကျောင်းမှာ တက်ရောက်နေကြရတဲ့ ကျောင်းသားတွေကတော့ တင်းကျပ်လွန်းတဲ့ စည်းကမ်းတွေအပြင် ဘွဲ့ရပြီး အလုပ်ခွင်ထဲကို ဝင်ရောက်နိုင်ရန်အတွက် နှစ်နှစ်လုံးကို အချိန်ပြည့် ပြင်ဆင်ပြီး သင်ကြားပေးနေတဲ့ ကျောင်းကြီး ဖြစ်ပါတယ်။

၃၃။ International Institute for Management Development

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ၂.၆၃ရာခိုင်နှုန်းကသာ နာမည်ကျော်ကြား အောင်မြင်မှုရရှိကြတာ ဖြစ်ပါတယ်။

ကျောင်းရဲ့တည်နေရာကတော့ Lausanne, Switzerland ဖြစ်ပါတယ်။

ကျောင်းလခကတော့ ၉၃,၄၃၈ ဒေါ်လာဖြစ်ပါတယ်။

IMD ကျောင်းကတော့ ပညာရေးစီမံခန့်ခွဲ့မှုနဲ့ ကမ္ဘာ့စီးပွားရေး ကျောင်းများရဲ့ သက်မှတ်ထားတဲ့ သင်ကြားမှုအစီအစဉ်များနှင့် သင်ကြားပြသနေသည့်အတွက် ယခုနှစ် ဘဏ္ဍာရေးအချိန်ဇယားအရတော့ နံပါတ်၁ နေရာမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီကျောင်းရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Real – World, Real – learning” ဆိုတဲ့ ဆောင်ပုဒ်ဟာ ကျွန်တော်တို့ရဲ့စာရင်းမှာ ပထမဦးဆုံးပါဝင်လာစေတဲ့ ပြတ်သားတဲ့ရည်မှန်းချက်တစ်ခု ဖြစ်တယ်လို့ ထင်ရပါတယ်။

IMD ကျောင်းကြီးဟာ Toronto နှင့် Washington တက္ကသိုလ်များနှင့် ချိတ်ဆက်သင်ကြား ပို့ချမှုတွေ ပြုလုပ်ပေးနေတဲ့ ကျောင်းကြီးတစ်ကျောင်းဖြစ်ပါတယ်။

၃၂။ Instituto de Empresa (IE Business School)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ၂.၆၈ရာခိုင်နှုန်းသော ကျောင်းသားများကသာ နာမည်ကျော် အောင်မြင်မှု ရရှိနေကြတာဖြစ်ပါတယ်။

တည်နေရာကတော့ Madrid မြို့မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒီဂရီရရှိခြင်း အပါအဝင် ဒေါ်လာ၈၀,၉၉၅ ဖြစ်ပါတယ်။

IE business ကျောင်းဟာ Madrid မြို့ရဲ့နာမည်ကြီး ကျောင်းတစ်ကျောင်းဖြစ်သည့်အပြင် ယခုနှစ်ဘဏ္ဍာရေး အချိန်ဇယားကို ကြည့်မယ်ဆိုရင်တော့ ဒီကျောင်းဟာ နံပါတ်၁၃ နေရာမှာ တည်ရှိနေတာဖြစ်ပါတယ်။ IE Business ကျောင်းကနေ ရရှိလာတဲ့ Degree ဟာ English, Spanish သို့မဟုတ် Bilingual တွေကနေ ကမ်းလှမ်းထားတာဖြစ်ပါတယ်။

၃၁။ Vanderbilt University (Owen Graduate School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ၂.၇၅ရာခိုင်နှုန်းသော ကျောင်းသားများကသာ အောင်မြင်နေကြတာဖြစ်ပါတယ်။

တည်နေရာ Nashville, Tennessee ဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၅၂,၁၂၅ ဖြစ်ပါတယ်။

U.S News ရဲ့ စာရင်းအရတော့ ဒီကျောင်းဟာ အကောင်းဆုံးစီးပွားရေးဆိုင်ရာ ကျောင်းတစ်ကျောင်း ဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၁၃ခုနှစ်မှာ ဘွဲ့ရရှိခဲ့ကြတဲ့ ကျောင်းသားတွေဟာ ဘွဲ့မရခင် သုံးလအတွင်းမှာ အလုပ်လုပ်ကြရခြင်းဟာ Owen ကျောင်းမှ ချုပ်ကိုင်ထားတဲ့ စည်းကမ်းချက်ပဲဖြစ်ပါတယ်။စစ်တမ်းကောက်ယူမှုတွေမှာ ပါဝင်ခဲ့ကြတဲ့သူတွေက Owen ကျောင်းကို စီးပွားရေးဆိုင်ရာ အကောင်းဆုံးဆိုတဲ့ အမှတ်ကို ပေးခြင်းခံထားရတဲ့ ကျောင်းလည်း ဖြစ်ပါတယ်။

၃၀။ 30 Escuela Superior de Administración y Dirección de Empresas (ESADE Business School)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၂.၇၆ရာခိုင်နှုန်းသော ကျောင်းသားတွေကသာ အောင်မြင်ကျော်ကြားမှု ရရှိနေကြတာဖြစ်ပါတယ်။

တည်နေရကတော့ Barcelona, Spain မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၈၀,၇၂၃ ဖြစ်ပါတယ်။

ESADE ကျောင်းရဲ့ ယခုနှစ်ဘဏ္ဍာရေး အခြေအနေကို ကြည့်ခြင်းအားဖြင့် အဆင့်၂၂အဖြစ် သတ်မှတ်ထားခြင်းခံထားရတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။

၂၉။ Emory University (Goizueta Business School)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၂.၇၇ရာခိုင်နှုန်းသော ကျောင်းသားများကသာ အောင်မြင်မှု ရရှိနေကြတာဖြစ်ပါတယ်။

တည်နေရာ Atlanta ဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၆၈,၉၂၂ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အဆင့်၃၉ နေရာမှာ ရှိနေခဲ့သော်လည်း Goizueta ရဲ့ အထင်ရှားဆုံးလုပ်ရပ်ဖြစ်တဲ့ အောင်မြင်မှုရရှိဖို့အတွက် သင်ခန်းစာတွေနဲ့ မိမိရဲ့အလုပ်ကို အထပ်ထပ်အခါခါ စစ်ဆေးပြုလုပ်ရမယ်ဆိုတဲ့ အချက်ကြောင့် အခုချိန်မှာအဆင့်၂၉ နေရာကို ရရှိခဲ့တာဖြစ်ပါတယ်။ Gouzueta ကျောင်းဟာ နာမည်ကျော် Rio de Janeiro, Copenhagen နှင့် Vienna ကျောင်းတို့လို ပြည်တွင်းမှာတွင်သာမကပဲ နိုင်ငံတကာထိ သွားရောက်ပညာသင်ကြားမှုတွေ ပြုလုပ်နိုင်တဲ့ ကျောင်းတစ်ကျောင်းလဲ ဖြစ်ပါတယ်။

၂၈။ University of Southern California (USC Marshall School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၂.၈၆ရာခိုင်နှုန်းသော ကျောင်းသားများကသာ အောင်မြင်မှု ရှိနေကြခြင်းဖြစ်ပါတယ်။

တည်နေရာကတော့ Los Angeles မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၈၈,၃၆၁ ဖြစ်ပါတယ်။

Marshall grants ဆိုတဲ့ ကျောင်းကြီးကတော့ နိုင်ငံတကာမှာရှိကြတဲ့ MBA ကျောင်းသားတွေအတွက် ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးနေတဲ့ ကျောင်းကြီးလဲဖြစ်ပါတယ်။ဒီကျောင်းဟာ ကမ္ဘာနဲ့တစ်ဝှမ်းမှာရှိကြတဲ့ ကျောင်းသားပေါင်း၇ သောင်းကျော်ကို ပညာသင်ထောက်ပံ့ကြေးများဖြင့် ထောက်ပံ့သင်ကြားပေးတဲ့ ကျောင်းလဲဖြစ်ပါတယ်။ ဒါကြောင့် U.S News ရဲ့ စီးပွားရေးကျောင်းများစာရင်း ထုတ်ပြန်ချက်အရဆိုရင် နံပါတ်၂၇ နေရာမှာ တည်ရှိနေတာဖြစ်ပါတယ်။

၂၇။ University of Notre Dame (Mendoza College of Business)

 

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ၂.၈၇ရာခိုင်နှုန်းကသာ အောင်မြင်မှုရရှိနေကြခြင်း ဖြစ်ပါတယ်။

တည်နေရာ = Notre Dame , Indiana

ကျောင်းလခ ဒေါ်လာ၆၆,၈၆၀ ဖြစ်ပါတယ်။

Mendoza ကျောင်းဟာမနှစ်ကစာရင်းထုတ်ပြန်ချက်တုန်းကအဆင့်၁၀ထိကျဆင်းခဲ့တဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ဒါပေမဲ့ U.S News ရဲ့ထုတ်ပြန်ချက်စာရင်းအရတော့နံပါတ်၂၃ နေရာမှာ Georgetown ရဲ့ McDonugh ဆိုတဲ့စီးပွားရေးပညာသင်ကြားပေးနေတဲ့ ကျောင်းနဲ့အတူတူ ဖော်ပြခြင်းခံနေရတာပဲဖြစ်ပါတယ်။

၂၆။ Georgetown University (McDonough School of Business)

 

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းမှာ၂.၉ရာခိုင်နှုန်းသော ကျောင်းသားများကသာ အောင်မြင်မှုရှိနေကြခြင်းဖြစ်ပါတယ်။

တည်နေရာ = Washington , D.C

ကျောင်းလခ ဒေါ်လာ၈၃,၅၁၀ ဖြစ်ပါတယ်။

McDonough က ကျောင်းသားတွေဆိုလိုက်တာနဲ့ကုမ္ပဏီအများစုကသိကြပါတယ်။ဘာကြောင့်လဲဆိုတော့၂၀၁၃ခုနှစ်က ကျောင်းသား၇၃ရာခိုင်နှုန်းဟာဘွဲ့မရခင်ကတည်းကကုမ္ပဏီအသီးသီးတို့တွင်အချိန်ပြည့်ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ကြရလို့ဖြစ်ပါတယ်။ McDonough ကျောင်းဟာအထက်မှာဖော်ပြခဲ့တဲ့ Mendoza ဆိုတဲ့ကျောင်းနဲ့၂၃ကြိမ်မြောက် U.S News သတင်းစာတွင်စီးပွားရေးပညာဘာသာရပ်သင်ကြားမှုအကောင်းဆုံး ကျောင်းများစာရင်းတွင်ပူးတွဲဖော်ပြခြင်းခံခဲ့ရတဲ့ ကျောင်းလဲ ဖြစ်ပါတယ်။

၂၅။ University of North Carolina at Chapel Hill (Kenan-Flagler Business School)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

Kenan-Flagler Business ကျောင်းမှဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းတွင်၂.၉၂ရာခိုင်နှုန်းသော ကျောင်းသားများရဲ့ဂုဏ်သတင်းကသာပျံ့နှံ့နေကြတာဖြစ်ပါတယ်။

တည်နေရာ Chapel Hill , North Caolina တွင်ဖြစ်သည်။

ကျောင်းလခကတော့ ဒေါ်လာ၈၀,၄၆၆ ဖြစ်ပါတယ်။

Kenan-Flagler ကျောင်းကတော့တတိယအများဆုံးရင်းနှီးမြုပ်မှု ပြုလုပ်နိုင်တဲ့ဘဏ်လုပ်ငန်းရှင်တွေကတော့ ကျောင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကိုထောက်ပံ့ပေးထားတဲ့ ကျောင်းတစ်ကျောင်းလဲ ဖြစ်ပါတယ်။

၂၄။ University of Texas at Austin (McCombs School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ကျောင်းရဲ့ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းမှာ၂.၉၅ရာခိုင်နှုန်းသော ကျောင်းသားများကသာဂုဏ်သတင်း ကျော်ဇောမှုရှိကြတာဖြစ်ပါတယ်။

တည်နေရာကတော့Austin , Texas မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၆၈,၆၃၂ ဖြစ်ပါတယ်။

MBA စီးပွားရေးကိုယ်စားလှယ်လောင်းတွေဟာစီးပွားရေးပညာရပ်ကိုအာရုံစူးစိုက်စိတ်ဝင်စားကြတဲ့နယ်ပယ်၂၀ ကျော်က ကျောင်းများထဲကမှ McCombs စီးပွားရေး ကျောင်းကို ရွေးချယ်ကြပါတယ်။ဒီကျောင်းရဲ့ထူးခြားချက်ကတော့ကိုယ်စိတ်ဝင်စားတဲ့စီးပွားရေးဒီဂရီနှစ်ခုကို ရွေးချယ်တက်ရောက်ခွင့်ရခြင်းပဲဖြစ်ပါတယ်။ဒိကျောင်းရဲ့နာမည်ကြော်ကြားမှုကတော့ U.S News ရဲ့စားရင်းထုတ်ပြန်ချက်မှာနံပါတ်၁၅ နေရာနှင့် Businessweek မှာနံပါတ်၁၉ နေရာတို့တွင်တည်ရှိနေခြင်းပင်ဖြစ်သည်။

စစ်တမ်းကောက်ယူမှုတစ်ခုအရတော့ McCombs School ဟာအခြားကျောင်းများထက်၄၀ရာခိုင်နှုန်းသာလွန်နေတယ်လို့အဆင့်သက်မှတ်ခြင်းခံခဲ့ရပါတယ်။

၂၃။ HEC Paris (École des Hautes Études Commerciales)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ကျောင်းရဲ့ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းမှာ၃.ဝ၁ရာခိုင်နှုန်းသော ကျောင်းသားများကသာ အောင်မြင်ကျော်ကြားမှုရရှိနေကြတာဖြစ်ပါတယ်။

တည်နေရာ Jouy-en-Josas, France မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၈၇,၈၈၈ ဖြစ်ပါတယ်။

École des Hautes Études Commerciales ကျောင်းဟာ၂၁ရာစုကကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ဒီကျောင်းရဲ့နှစ်ပါတ်လည်ပွဲတော်တွေ၊အွန်လိုင်းကိုးကားချက်တွေအရနှင့် MBA ရွေးချယ်ပွဲအတွက်လက်ရွေးစင်သင်ကြားမှု တွေကြောင့်၂၀၁၂ခုနှစ်မှာအဆင့်၂၀အတွင်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

၂၂။ Carnegie Mellon University (Tepper School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဒီကျောင်းရဲ့ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းမှာ၃.၁၃ရာခိုင်နှုန်းသော ကျောင်းသားများကသာ အောင်မြင်ကျော်ကြားနေကြတာဖြစ်ပါတယ်။

တည်နေရာကတော့ Pittsburgh, Pennsylvania မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၈၀,ဝ၀၄ ဖြစ်ပါတယ်။

ဒီကျောင်းကိုတော့ Businessweek မှသတ်မှတ်ထားချက်အရတော့ဉာဏ်ရည်ထက်မြက်တဲ့ကျောင်းသားတွေမွေးထုတ်ပေးနိုင်တဲ့ ကျောင်းတစ်ကျောင်းလို့သတ်မှတ်ထားပါတယ်။

၂၁။ University of Virginia (Darden School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ကျောင်းမှဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းမှာ၃.၁၄ရာခိုင်နှုန်းသော ကျောင်းသားများကသာ အောင်မြင်မှုရှိနေကြတာဖြစ်ပါတယ်။

တည်နေရာကတော့ Charlottesville, Virginia မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၈၅,၃၆၁ ဖြစ်ပါတယ်။

ဒီကျောင်းဟာအရင်နှစ်ကဆင့်သတ်မှတ်ချက်၃၀မှာရှိနေရာကနေယခုအခါမှာတော့ U.S News နှင့် World Report and Businessweek တို့ရဲ့စာရင်းမှာတော့အဆင့်၁၁ နေရာနဲ့၁၀ နေရာတို့တွင်အသီးသီး နေရာရရှိနေတာဖြစ်ပါတယ်။ဒီကျောင်းရဲ့ထူးခြားမှုက ကျောင်းသားတွေကိုအပြင်ဘက်စီးပွားရေးအခြေအနေတွေနဲ့လက်တွေ့သင်ကြားပေးနေတဲ့ ကျောင်းကြီးတစ်ကျောင်းလဲ ဖြစ်ပါတယ်။

၂၀။ University of California, Los Angeles (Anderson School of Management)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ကျောင်းရဲ့ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းတွင်၃.၁၆ရာခိုင်နှုန်းကသာ အောင်မြင်မှုရရှိနေကြတာဖြစ်ပါတယ်။

တည်နေရာကတော့ Los Angeles, California ပြည်နယ်မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၄၀,၆၄၃ ဖြစ်ပါတယ်။

Anderson School ဟာ စီးပွားရေးဆိုင်ရာ ကျောင်းတွေကို ရင်းနှီးမြှပ်နှံမှုအမြင့်ဆုံး ပေးစွမ်းနိုင်တဲ့ ဘဏ်လုပ်ငန်းရှင်တွေကို မွေးထုတ်ပေးနေတဲ့ ကျောင်းကြီးတစ်ကျောင်းဖြစ်ကြောင်းကို Businessweek မှာဖော်ပြချက်အရ သိနိုင်ပါတယ်။မနှစ်က U.S News World Report မှထုတ်ပြန်ချက်အရ အဆင့်၂၈ နေရာမှာသာရှိသော်လည်းယခုအခါမှာတော့အဆင့်၁၆ နေရာကိုရောက်ရှိနေတဲ့ ကျောင်းတစ်ကျောင်းလဲဖြစ်ပါတယ်။

၁၉။ Cambridge University (Judge Business School)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ကျောင်းရဲ့ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းထဲကမှ၃.၂ရာခိုင်နှုန်းသော ကျောင်းသားများကတော့ အောင်မြင်ကျော်ကြားမှုဂုဏ်သတင်းတွေပိုင်ဆိုင်ထားတဲ့ ကျောင်းသားတွေဖြစ်ကြပါတယ်။

တည်နေရာကတော့ Cambridge, England မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၈၉,၅၅၄ ဖြစ်ပါတယ်။

ဒီကျောင်းကတော့၂၀၁၄ခုနှစ်ဘဏ္ဍာရေးအခြေအနေအရကမ္ဘာ့အဆင့်သတ်မှတ်ချက်များကိုကြည့်ရာမှာတော့အဆင့်၂ နေရာမှတည်ရှိနေတာဖြစ်ပါတယ်။

၁၈။ University of Michigan (Stephen M. Ross School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဒီကျောင်းရဲ့ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းမှာ၃.၃ရာခိုင်နှုန်းကသာ အောင်မြင်မှုရရှိနေကြတာဖြစ်ပါတယ်။

တည်နေရာကတော့ Ann Arbor, Michigan မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၇၉,၅၅၀ ဖြစ်ပါတယ်။

Stephen M. Ross စီးပွားရေးပညာသင်ကြားရေး ကျောင်းရဲ့သင်ကြားမှုပိုင်းနဲ့ ကျောင်းသားတွေရဲ့စိတ်အားထက်သန်မှုတွေကြောင့် Businessweek’s ရဲ့စာရင်းမှာအကောင်းဆုံးစီးပွားရေးပညာသင်ကြားပေးနိုင်တဲ့ ကျောင်းတစ်ကျောင်းအဖြစ်ရပ်တည်နေနိုင်တာဖြစ်ပါတယ်။

၁၇။ Cornell University (Johnson Graduate School of Management)

 

ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းမှာ၃.၄၂ရာခိုင်နှုန်းသော ကျောင်းသားများကသာနာမည်ကျော် အောင်မြင်မှုရရှိနေကြတာဖြစ်ပါတယ်။

တည်နေရာ Ithaca, New York မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၈၁,၈၉၂ ဖြစ်ပါတယ်။

ဒီကျောင်းမှဘွဲ့ရရှိသွားတဲ့ ကျောင်းသားတွေဟာနာမည်ကျော် Johnson &Johnson , Kraft Foods နှင့်လူသိများသော Rock and Roll ပြတိုက်နှင့်အခြားကုမ္ပဏီတို့မှာ executive officers အဖြစ်လုပ်ကိုင်နေကြဝန်ထမ်းတွေအဖြစ်ရပ်တည်နေနိုင်နေကြပြီဖြစ်ပါတယ်။ဒါဟာဒီကျောင်းရဲ့ အောင်မြင်မှု တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။

၁၆။ New York University (Stern School of Business)

 

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဒီကျောင်းရဲ့ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းမှာ၃.၄၄ရာခိုင်နှုန်းသော ကျောင်းသားများကသာနည်မည်ကျော် အောင်မြင်မှုများရရှိနေကြတာဖြစ်ပါတယ်။

တည်နေရာကတော့ New York မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၁၀၁,၉၃၈ ဖြစ်ပါတယ်။

အကောင်းဆုံးစီးပွားရေးပညာသင်ကြားရေး ကျောင်းများထဲမှကမ္ဘာ့အဆင့်သတ်မှတ်ချက်နံပါတ်၆ နေရာမှာတည်ရှိနေတဲ့ဒီကျောင်းရဲ့ ကျောင်းသားအများစုဟာသူတို့ရဲ့ IQs နှင့် EQs ရောမှာအမြင့်ဆုံးတွေကိုပိုင်ဆိုင်ထားကြတယ်လို့လူသိများနေကြတဲ့ ကျောင်းသားတွေပဲဖြစ်ပါတယ်။ဒီကျောင်းမှာ ကျောင်းသားအများစုကိုနှစ်နှစ်အတွင်းမှာပဲစီးပွားရေးပညာရပ်တွေကိုအကောင်းဆုံးသင်ကြားပြသပေးနိုင်တဲ့ ကျောင်းကြီးတစ်ကျောင်းလည်းဖြစ်ပါတယ်။များသောအားဖြင့်စီးပွားရေး လောကရဲ့၄၀ရာခိုင်နှုန်းသောအမျိုးသမီးများဟာဒီကျောင်းကနေဘွဲ့ရရှိပြီးစီးပွားရေး လောကမှာ အောင်မြင်မှုရရှိနေကြတယ်လို့လည်းဆိုပါတယ်။

၁၅။ Institut Européen d’Administration des Affaires (INSEAD)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းမှာ၃.၄၄ရာခိုင်နှုန်းသောကျောင်းသားများကသာ အောင်မြင်ကျော်ကြားမှုဂုဏ်သတင်းတွေပျံ့နှံ့နေကြတာဖြစ်ပါတယ်။

တည်နေရာကတော့ Fontainebleau, France မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၈၅,၅၉၃ ဖြစ်ပါတယ်။

INSEAD ကျောင်းမှာ MBA စီးပွားရေးဘာသာရပ်ကို ရွေးချယ်သင်ကြားနေကြတဲ့ ကျောင်းသားတွေကမှအသက်၂၃နှစ်မှ၃၇နှစ်အထိ ကျောင်းသားတွေဟာအမျိုးသမီးတွေဖြစ်ကြပါတယ်။ဒီကျောင်းဟာလည်းအခြားစီးပွားရေးပညာရပ်တွေသင်ကြားပေးနေတဲ့ ကျောင်းတွေလိုပဲ Europe, Asia နှင့် Abu Dhabi တို့မှာလည်းဖွင့်လှစ်ပညာသင်ကြားပေးနေတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်စာရင်းထုတ်ပြန်ချက်မှာတော့ဒီကျောင်းဟာနံပါတ်၄၂ နေရာမှာတည်နေရှိနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

၁၄။ Duke University (Fuqua School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းမှာ၃.၄၆ရာခိုင်နှုန်းသော ကျောင်းသားများကသာ အောင်မြင်ကျော်ကြားမှုဂုဏ်ရှိန်တွေရရှိနေကြတာဖြစ်ပါတယ်။

တည်နေရာကတော့ Durham, North Carolina မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၅၈,ဝ၀ဝ ဖြစ်ပါတယ်။

U.S News ရဲ့ထုတ်ပြန်ချက်အရတော့ Fuqua ကျောင်းဟာဒီနှစ်မှာနံပါတ်၁၄ နေရာမှာတည်ရှိနေတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။ဒါပေမဲ့ဒီ North Carolina ကျောင်းဟာ ပြီးခဲ့တဲ့နှစ်ကနံပါတ်၉ နေရာမှာတည်ရှိနေတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။ Fuqua ကျောင်းဟာ MBA ဘာသာရပ်တွေအပြင် MBA/JD, MBA/MD, MBA/MPP ဘာသာရပ်တွေကိုလည်းသင်ကြားပေးတဲ့ ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။

၁၃။ Oxford University (Saïd Business School)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းမှ၃.၅၃ရာခိုင်နှုန်းသောကျောင်းသားများဟာ အောင်မြင်မှုရရှိနေကြတဲ့ ကျောင်းသားများဖြစ်ပါတယ်။

တည်နေရာကတော့ Oxford, England မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၁၀၃,၈၂၅ ဖြစ်ပါတယ်။

Saïd ကျောင်းသားသုံးယောက်မှာ တစ်ယောက်ဟာ အမျိုးသမီးဖြစ်ပါတယ်။ဒါကြောင့် ဒီကျောင်းရဲ့ မျိုးရိုးစဉ်ဆက်ကို ကြည့်မယ်ဆိုရင် အမျိုးသမီး အောင်မြင်သူတွေ များပြားတာကို တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း၊ Indira Gandhi၊ ပါကစ္စတန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း Benazir Bhutto နှင့် Grate Britain ရဲ့ ဝန်ကြီးချုပ်ဟောင်း Margaret Thatcher တို့ဟာ Oxford ၏ မြောက်မြားစွာသော ကောလိပ်များမှ ဘွဲ့ရရှိခဲ့ကြတဲ့သူတွေပဲ ဖြစ်ပါတယ်။

Oxford ဟာ Businessweek’s ရဲ့ စာရင်းထုတ်ပြန်ချက်အရ MBA ဘာရပ်ကို အချိန်ပြည့် သင်ကြားပေးနိုင်တဲ့ အကောင်းဆုံး ကျောင်းများစာရင်းမှာ နံပါတ်၅ နေရာမှာ တည်ရှိနေတာဖြစ်ပါတယ်။

၁၂။ University of California, Berkeley (Haas School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၃.၅၇ရာခိုင်နှုန်းသော ကျောင်းသားများကတော့ အောင်မြင်မှုဂုဏ်နဲ့ ကျော်ကြားနေကြတဲ့ သူတွေဖြစ်ပါတယ်။

တည်နေရာ Berkeley, California မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၈၂,၇၆၃ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဒုတိယသက်တမ်းအရှည်ဆုံး ကျောင်းကြီးတစ်ကျောင်းအဖြစ် ရပ်တည်နေတဲ့ ကျောင်းကြီးတစ်ကျောင်းလည်း ဖြစ်ပါတယ်။ Haas ကျောင်းဟာ ဘွဲ့ရရှိကြတဲ့ ကျောင်းသားဟောင်းပေါင်း ၄၀,ဝ၀ဝနဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။ အရင်နှစ်အဆင့်၁၆ နေရာမှာ တည်ရှိခဲ့တဲ့ ဒီကျောင်းဟာ U.S News’ ရဲ့ထုတ်ပြန်ချက်မှာတော့ ဒီနှစ်မှာ နံပါတ်၇ နေရာမှာ တည်ရှိနေတဲ့ ကျောင်းကြီးတစ်ကျောင်းလည်း ဖြစ်ပါတယ်။

၁၁။ Yale University (School Of Management)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၃.၅၈ရာခိုင်နှုန်းသော ကျောင်းသားများဟာ အောင်မြင်မှု ရရှိနေကြတာဖြစ်ပါတယ်။

တည်နေရာ New Haven, Connecticut မှာဖြစ်ပါတယ်။

ကျောင်းလခတော့ ဒေါ်လာ၈၅,၈၇၅ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ရဲ့ စာရင်းထုတ်ပြန်ချက်အရတော့ နံပါတ်၂ နေရာမှာတည်ရှိနေတဲ့ ကျောင်းတစ်ကျောင်းဟာ ဒီနှစ်မှာတော့ နံပါတ်၁၁ နေရာမှာ တည်ရှိခဲ့တဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ U.S News နှင့် World Report ရဲ့ ထုတ်ပြန်ချက်အရတော့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပညာသင်ကြားပေးမှု အကောင်းဆုံးစာရင်းမှာတော့ နံပါတ်၁၃ နေရာကို ရောက်ရှိနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပြီး Businessweek ရဲ့ စာရင်းထုတ်ပြန်ချက်မှာတော့ နံပါတ်၂၁ နေရာမှာ တည်ရှိနေတာဖြစ်ပါတယ်။

၁၀။ Dartmouth College (Tuck School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၃.၆၁ရာခိုင်နှုန်းသော ကျောင်းသားများကသာ အောင်မြင်မှုရရှိနေကြတာဖြစ်ပါတယ်။

တည်နေရာကတော့ Hanover, New Hampshire မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၉၃,၅၅၀ ဖြစ်ပါတယ်။

Tuck စီးပွားရေး ပညာသင်ကြားပေးသည့် ကျောင်းကြီးဟာ U.S News ရဲ့ ထုတ်ပြန်ချက်အရတော့ နံပါတ်၉ နေရာမှာတည်ရှိနေတဲ့ ကျောင်းကြီးတစ်ကျောင်းလည်း ဖြစ်ပါတယ်။ New England ရဲ့စီးပွားရေး ကျောင်းတွေရဲ့ ထုတ်ပြန်ချက်အရ Tuck ကျောင်းမှ ဘွဲ့ရရှိခဲ့တဲ့ ကျောင်းသားများဟာ အလုပ်ခွင်ထဲ ရောက်တဲ့အခါ လစာ ဒေါ်လာ၁၁၅,ဝ၀ဝ စတင်ရရှိပြီး အပိုဆုကြေးငွေအဖြစ် ဒေါ်လာ၃၀,ဝ၀ဝနီးပါးလောက် ရရှိနေကြတယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

၉။ London Business School

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ကျောင်းရဲ့ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၃.၇ရာခိုင်နှုန်းဟာ အောင်မြင်မှု ဂုဏ်အရှိန်အဝါကို ရရှိနေကြတာဖြစ်ပါတယ်။

တည်နေရာကတော့ London, England မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၁၀၉,၅၆၇ ဖြစ်ပါတယ်။

London Business ကျောင်းဟာ ပြီးခဲ့တဲ့နှစ်က နံပါတ်၂၉ နေရာမှာ ရပ်တည်နေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပေမဲ့ ကမ္ဘာ့စီးပွားရေးပညာရပ်ကို သင်ကြားမှုအကောင်းဆုံးကျောင်းများရဲ့ ဘဏ္ဍာရေးအခြေအရတော့ နံပါတ်၃ နေရာမှာတည်ရှိနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

၈။ London School of Economics and Political Science

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ကျောင်းရဲ့ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၃.၇၇ရာခိုင်နှုန်းသော ကျောင်းသားများဟာ အောင်မြင်မှုရရှိနေကြတဲ့ ကျောင်းသားများဖြစ်ပါတယ်။

တည်နေရာကတော့ London, England မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၈၀,၂၄၇ ဖြစ်ပါတယ်။

စီးပွားရေးပညာ MBA ဘာသာရပ်ကို သင်ကြားမှုအကောင်းဆုံး ကျောင်းတစ်ကျောင်းအဖြစ် ရပ်တည်နိုင်အောင် Michael Lewis နှင့် George Soros ဆိုတဲ့ ကျောင်းသားဟောင်းနှစ်ယောက်က ဦးဆောင်သင်ကြားပေးနေတဲ့ ကျောင်းကြီးတစ်ကျောင်းလည်း ဖြစ်ပါတယ်။

၇။ Northwestern University (Kellogg School of Management)

 

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၃.၇၉ရာခိုင်နှုန်းသော ကျောင်းသားများက အောင်မြင်မှုရရှိနေကြသူတွေဖြစ်ပါတယ်။

တည်နေရာကတော့ Evanston, Illinois မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၈၈,၈၀၇ ဖြစ်ပါတယ်။

Kellogg ကျောင်းဟာ နိုင်ငံတကာအဆင့်မှီ နေရာတွေဖြစ်တဲ့ Hong Kong, Tel Aviv, Toronto , Vallendar/ Koblenz နှင့် Beijing တို့လို နေရာတွေမှာ ဖွင့်လှစ်သင်ကြားပေးပြီး အဲ့ဒီမှာတက်ရောက်နေကြတဲ့ ကျောင်းသား၈၅ရာခိုင်နှုန်းဟာ သူတို့ရဲ့ စာသင်နှစ်တစ်လျှောက်လုံး များစွာသော အကျိုးကျေးဇူးများ ရရှိခဲ့ကြတယ်လို့ ဆိုကြပါတယ်။ Kellogg ကျောင်းဟာ MBA ဒီဂရီကို တစ်နှစ်တည်းဖြင့် တက်ရောက်ရရှိကြတာလဲ ဖြစ်ပါတယ်။

၆။ Columbia University (Columbia Business School)

 

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ကျောင်းရဲ့ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၃.၈၃ရာခိုင်နှုန်းဟာ အောင်မြင်မှုရရှိနေကြသူတွေ ဖြစ်ပါတယ်။

တည်နေရာကတော့ New York မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၉၆,၄၆၈ ဖြစ်ပါတယ်။

Columbia ကျောင်းဟာ U.S News ရဲ့ အဆင့်သတ်မှတ်ချက် ထုတ်ပြန်ချက်အရတော့ နံပါတ်၈ နေရာမှာ ရပ်တည်နေတဲ့ ကျောင်းကြီးတစ်ကျောင်းဖြစ်ပါတယ်။ New York ရဲ့စွန့်ဦးတီထွင်သူအများစု တက်ရောက်ခဲ့ကြတဲ့ ကျောင်းကြီးတစ်ကျောင်းလည်း ဖြစ်ပါတယ်။

၅။ University of Chicago(Booth School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဒီကျောင်းရဲ့ ဘွဲ့ရကျောင်းသား၅ရာခိုင်နှုန်းမှ ၃.၉၄ရာခိုင်နှုန်းသော ကျောင်းသားများက အောင်မြင်မှုရရှိနေကြတဲ့ ကျောင်းသားများဖြစ်ပါတယ်။

တည်နေရာကတော့ Chicago, Illinois မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၉၄,၉၃၃ ဖြစ်ပါတယ်။

U.S News’ ရဲ့စာရင်းထုတ်ပြန်ချက်အရ အဆင့်၄ နေရာမှာ တည်ရှိနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။မနှစ်က ကမ္ဘာ့အကောင်းဆုံး ကျောင်းများစာရင်း ထုတ်ပြန်ချက်အရတော့ နံပါတ်၂၀ နေရာမှာတည်ရှိနေတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့တော့ MBA သင်ခန်းစာသင်ကြားခြင်း အချိန်စာရင်းအရ အချိန်ပြည့်သင်ကြားခြင်း၊ ညနေပိုင်းသာ သင်ကြားခြင်း၊စနေတနင်္ဂနွေနှစ်ရက်သာ သင်ကြားခြင်းနှင့် Executive ဆိုပြီး လေးချိန်ခွဲခြား သင်ကြားပြသပေးနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

၄။ Massachusetts Institute of Technology (Sloan School of Management)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ကျောင်းရဲ့ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၄.ဝ၉ရာခိုင်နှုန်းသော ကျောင်းသားများက အောင်မြင်မှုရရှိနေကြတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

တည်နေရာကတော့ Cambridge, Massachusetts မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၉၂,၈၇၂ ဖြစ်ပါတယ်။

၉၂ရာခိုင်နှုန်းသော Sloan ကျောင်းမှ ဘွဲ့ရကျောင်းသားများဟာ ကျောင်းပြီးချိန် သုံးလအတွင်းမှာတင် အလုပ်အကိုင်ရရှိကြတာကို တွေ့ရှိကြပါတယ်။ဒီကျောင်းက ဘွဲ့ရကျောင်းသားများကို အလုပ်ပေးနေတဲ့ ကုမ္ပဏီများကတော့ Amazon, McKinsey & Co., နှင့် JPMorgan လိုကုမ္ပဏီတွေပဲဖြစ်ပါတယ်။ Sloan ကျောင်းကြီးဟာ  ပြီးခဲ့နှစ်စာရင်းထုတ်ပြန်ချက်အရတော့နံပါတ်၇ နေရာမှာ တည်ရှိနေတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။

၃။ University of Pennsylvania (The Wharton School)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းတွင် ၄.၁၅ရာခိုင်နှုန်းသော ကျောင်းသားများက အောင်မြင်မှုရရှိနေကြတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

တည်နေရာကတော့ Philadelphia, Pennsylvania မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၉၇,၅၄၂ ဖြစ်ပါတယ်။

ပြီးခဲ့နှစ်က Wharton ကျောင်းဟာ နံပါတ်၉ နေရာမှာ တည်ရှိနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပြီး တစ်သိန်းနှီးပါးခန့်ရှိသော ကမ္ဘာ့အဆင့်မှီ ကျောင်းသားဟောင်းများကြောင့် Wharton ကျောင်းမှာတက်ရောက်နေကြတဲ့ ကျောင်းသားများ စာသင်ကြားရတွင် အကျိုးကျေးဇူးများရရှိကြပါတယ်။

၂။ Stanford University (Stanford Graduate School of Business)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၄.၃၃ရာခိုင်နှုန်းသော ကျောင်းသားများက အောင်မြင်မှုကိုယ်စီ ရရှိနေကြတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

တည်နေရာ Palo Alto, California မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၉၉,၄၃၅ ဖြစ်ပါတယ်။

၂၀၁၂ခုနှစ်တုန်းက အဆင့်တစ်နေရာမှာတည်ရှိခဲ့တဲ့ ဒီကျောင်းဟာ နောက်တစ်နှစ်မှာတော့အဆင့်၂ နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။ Harvard နှင့်အပြိုင် အဆင့်တစ်နေရာကို ယှဉ်ပြိုင်နေတဲ့ ကျောင်းတစ်ကျောင်းအဖြစ်လည်း စစ်တမ်းကောက်ယူချက်အချို့ အရသိရပါတယ်။

၁။ Harvard University (Harvard Business School)

ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ပညာရပ် သင်ကြားပေးသည့် ကျောင်းပေါင်း၅၀၏အကြောင်းအရာအချို့

Via www.businessinsider.com

ဘွဲ့ရကျောင်းသား ၅ရာခိုင်နှုန်းမှာ ၄.၃၄ရာခိုင်နှုန်းသော ကျောင်းသားများက အောင်မြင်မှုကိုယ်စီနှင့် ရပ်တည်နေနိုင်တဲ့ ကျောင်းကြီးတစ်ကျောင်းဖြစ်ပါတယ်။

တည်နေရာကတော့ Cambridge, Massachusetts မှာဖြစ်ပါတယ်။

ကျောင်းလခကတော့ ဒေါ်လာ၉၅,၁၀ဝ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကျောင်းတစ်ကျောင်းအဖြစ် ရပ်တည်နေတဲ့ Harvard ကျောင်းကြီးဟာ ကမ္ဘာ့နယ်ပယ်အသီးသီးမှာ အောင်မြင်မှုရရှိနေကြတဲ့ လူတော်တော်များများကို မွေးထုတ်ပေးနေတဲ့ ကျောင်းကြီးတစ်ကျောင်း ဖြစ်ပါတယ်။ ဒီကျောင်းဟာ မနှစ်တုန်းကလည်း နံပါတ်၁ နေရာမှာ ရပ်တည်နေတဲ့အပြင် လာမည့်၂၀၁၅ခုနှစ်အထိ ရပ်တည်နိုင်လိမ့်မယ်ဟု စစ်တမ်းကောက်ယူသူတို့ရဲ့ ထုတ်ပြန်အချို့အရ သိရပါတယ်။

ဒီအချက်တွေကြောင့် ကမ္ဘာ့အကောင်းဆုံး စီးပွားပညာရပ် သင်ကြားပေးနိုင်မည့် ကျောင်းနှင့် စီးပွားရေးအရ ရပ်တည်နိုင်မှု အကောင်းဆုံး ကျောင်းများကို လေ့လာပြီး မိမိအတွက် ဘယ်ကျောင်းက သင့်တော်ကောင်းမွန်ပြီး ကိုယ့်ဘဝရှေ့ရေးအတွက် အကောင်းဆုံးကျောင်းက ဘယ်ကျောင်းဖြစ်နိုင်မလဲဆိုတာကို လေ့လာရွေးချင်နိုင်ကြပါစေ..

 

Leave a Reply

Your email address will not be published. Required fields are marked *