မြန်မာအိုင်စီတီ ပရိသတ်တွေထဲက Android Userတွေ အတွက် “Google Play Music”ဆိုတဲ့ Music Appတစ်ခု တင်ဆက်ပေးလိုက် ပါတယ်။ အန်းဒရွိုက်ဗားရှင်း 2.2နဲ့ အထက်မှာ ထည့်သွင်းနိုင်မှာ ဖြစ်ပြီး ဖိုင်အရွယ်အစား 7.7MBနဲ့ Play Storeမှာ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ အဆိုပါ Appဟာ သီချင်းတွေများစွာကို ရှာဖွေတာ၊ နားဆင်တာ၊ ေ၀မျှတာတွေ ပြုလုပ်နိုင်ပြီး သီချင်းတွေ အားလုံးကို စမတ်ဖုန်းထဲမှာ သိမ်းထားစရာ မလိုတော့ဘဲနဲ့ Onlineကနေပဲ နားဆင်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် သီချင်းအသစ်တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်သလို မိမိနှစ်သက်ရာ သီချင်းတွေကိုလည်း Selectionလုပ်ကာ နားဆင်နိုင်ပြီး စမတ်ဖုန်းထဲ Downloadရယူ သိမ်းဆည်းထားနိုင်မှာပါ။ Google Incမှ ထုတ်လုပ်ဖြန့်ချိတာ ဖြစ်ပြီး သီချင်းချစ်သူတွေ လက်မလွှတ်သင့်တဲ့ Appလေးတစ်ခုပဲ ဖြစ်ပါတယ်။
Androidအတွက် Google Play Music

12
Sep