News, Review

Google One ဈေးနှုန်းကို ထက်ဝက်ကျော် လျှော့ချပေးလိုက်ပြီ

Google One လစဉ်ကြေးဝန်ဆောင်မှု ဖြန့်ချိပြီး တစ်နှစ် အကြာမှာ Google က Pixel 4 နဲ့ 4XL ဖုန်းတွေမှာ အကန့်အသတ်မရှိ ဓာတ်ပုံသိမ်းနိုင်တဲ့ အစီအစဉ်ကို ရပ်လိုက်ပါတယ်။

အခုဆိုရင် ၂၀၂၁ ခုနှစ်၊ ဇွန်လကစပြီး Google Photos မှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ သိမ်းတဲ့အခါ storage 15GB ထဲကနေ ယူသွားတော့မှာ ဖြစ်ပါတယ်။ Google cloud ဝန်ဆောင်မှု သုံးတာများလာကြလို့ ပေါ်လစီကို အပြောင်းအလဲ လုပ်လိုက်တာပါ။

ဒါပေမယ့် Google က Google One အစီအစဉ်တွေကိုလည်း ဈေးနှုန်းထက်ဝက်တောင် လျှော့ချပေးလိုက်ပါတယ်။ Google One က 10TB, 20TB နဲ့ 30TB တွေကတော့ တစ်လကို ဒေါ်လာ ၅၀, ဒေါ်လာ ၁၀၀နဲ့ ဒေါ်လာ ၁၅၀ ပဲ ရှိတော့မှာပါ။

Google One လစဉ်ကြေးထဲမှာ free VPN နဲ့ Google Play ဝယ်ယူမှုမှာ အကြွေးထားခွင့် ၁၀% လည်း ရရှိပါမယ်။ ဈေးနှုန်းအသစ်တွေက အရင်သုံးနေတဲ့သူတွေရော ခုမှသုံးမယ်သူရော အားလုံးအတွက် ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *