News, Review

Google ဟာ offline ဘာသာပြန်လုပ်ဆောင်ချက်ကို Google Lens အတွက် Android မှာ ဖြန့်လိုက်ပါပြီ။

ပြီးခဲ့တဲ့နှစ်ကတည်းက Google ဟာ အင်တာနက် မလိုဘဲ Google Lens သုံးပြီး ဘာသာပြန်နိုင်အောင် လုပ်နေတာပါ။ ခုဆိုရင်တော့ offline ဘာသာပြန်လုပ်ဆောင်ချက်ကို Google Lens အတွက် Android မှာ ဖြန့်လိုက်ပါပြီ။
User က Google Lens ရဲ့ offline ဘာသာပြန်လုပ်ဆောင်ချက် သုံးဖို့ Translate filter ဖွင့်ပြီး Google Lens အောက်ဘက်က “pairing” နှိပ်ကာ “Select language” screen ကိုဖွင့်ရပါမယ်။ ပထမဆုံး ဖွင့်လိုက်တာနဲ့ ဘာသာစကားအများစု ဘေးနားက ခလုတ်သစ်မှာ “Tap to download” ဆိုတာကို နှိပ်ပေးလိုက်ရင် ရပါပြီ။
Google က language pack အရွယ်အစားကို ပြသပေးထားပြီး ဖုန်းရဲ့ storage space ကိုလည်း သတိပေးမှာပါ။ Download လုပ်ပြီးသား language pack ကို မလိုအပ်တော့ရင် ပြန်ဖျက်နိုင်ပါသေးတယ်။ Google Translate ထဲက “Instant” လိုပဲ Lens မှာပါဝင်တဲ့ လုပ်ဆောင်ချက်က shutter ခလုတ်မနှိပ်ခင်မှာ နံရံပေါ်က/ပုံပေါ်က စာသားတွေကို ဘာသာပြန်ပေးမှာပါ။.

Leave a Reply

Your email address will not be published. Required fields are marked *