Apps

အခမဲ့ သုံးစွဲနိုင်မည့် GoldenPlace Website

GoldenPlace

၂၀၁၃ခုနှစ်၊ ဇူလိုင် ၉ရက် (အင်္ဂါနေ့) နံနက် ၁၀နာရီတွင် ဖွင့်လှစ်ခဲ့သော GoldenPlace Website အား မည်သူမဆို Registration Fee (လုံး၀) ပေးဆောင်ရန်မလိုပဲ အခမဲ့ သုံးစွဲနိုင်ကြောင်း သိရပါသည်။ Account အသစ် ဖွင့်လှစ်ခြင်းကိုလည်း အခြား Websiteများထက် လွယ်ကူ လျင်မြန်အောင် ဖန်တီးထားပြီး Facebook Account (သို့) Google E-mail Account တို့နှင့်လည်း အလွယ်တကူ ၀င်ရောက် အသုံးပြုနိုင်မည် ဖြစ်ပါသည်” GoldenPlace Website၏ အဓိက ရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းများနှင့် Customerများအကြား လွယ်ကူလျင်မြန်စွာ ဆက်သွယ်နိုင်ရန် ချိတ်ဆက်ပေးထားသည့် ကွန်ယက်လေးတစ်ခု ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများ အနေဖြင့် Customerများထံသို့ မိမိတို့၏ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများ၊ Promotion နှင့် Special Offerများကို အချိန်နှင့် တစ်ပြေးညီ ဖော်ပြနိုင်မည့်အပြင် Customerများ၏ မေးမြန်းချက်နှင့် အကြံပြုချက်များကိုလည်း Online ပေါ်တွင် လက်ခံ၍ လျင်မြန်စွာ ဖြေကြားပေးနိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေး လုပ်ငန်းများကို Websiteတွင်သာမက GoldenPlace၏ Facebook စာမျက်နှာတွင်ပါ ထပ်ဆင့် ကြော်ငြာပေးသွားမည်ဖြစ်သဖြင့် Facebook အသုံးပြုသူများ ထံသို့လည်း ပျံ့နှံ့သွားမည် ဖြစ်ပြီး GoldenPlace Websiteအား အသုံးပြုသူများ အနေဖြင့်အောက်ပါ အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရပါသည်။

လုပ်ငန်းရှင်များအနေနဲ့ မိမိလုပ်ငန်း၏ ကြော်ငြာ နှင့် ၀န်ဆောင်မူများကို များစွာသော Customer အသစ်များထံသို့ ဈေးနှုန်းသက်သာစွာဖြင့် ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်ခြင်း၊ မိမိလုပ်ငန်းအတွက် ကိုယ်ပိုင် Online Business Profile ရရှိနိုင်ခြင်း၊ ထို Online Business Profileတွင် မိမိ လုပ်ငန်းအကြောင်း၊ ၀န်ဆောင်မှုများနှင့် Special Offers များကို ဖော်ပြနိုင်ခြင်း၊ လုပ်ငန်းဓာတ်ပုံများ တင်ထားနိုင်ခြင်းဖြင့် မိမိလုပ်ငန်း၏ ကြော်ငြာများအား Customerများ လာရောက်ကြည့်ရှုနိုင်ခြင်း၊ လာရောက်ကြည့်ရူသူများ၏ အကြံပြုချက်များကို အချိန်နှင့် တစ်ပြေးညီ ဖြေကြားနိုင်ခြင်း၊ မိမိလုပ်ငန်း၏ Product အသစ် မိတ်ဆက်ပွဲများ၊ Promotion ပွဲများ၊ အခြားအခြားသော Eventsများကိုလည်း ကြော်ငြာနိုင်ခြင်း၊ သုံးစွဲသူများအနေဖြင့် မိမိရှာဖွေလိုသော စီးပွားရေးလုပ်ငန်း၊ ၀န်ဆောင်မှုနှင့် သွားရောက် လည်ပတ်လိုသော နေရာများကို မြေပုံနှင့်တကွ လွယ်ကူစွာ ရှာဖွေနိုင်ခြင်း၊ သက်ဆိုင်ရာ နေရာနှင့် လုပ်ငန်းအမျိုးအစားများပေါ် မူတည်၍ Categories ခွဲပေးထားသဖြင့် လွယ်ကူစွာ ရှာဖွေနိုင်ခြင်း၊ မိမိကြိုက်နှစ်သက်သော စီပွားရေး လုပ်ငန်းများနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ခြင်း၊ GoldenPlace Memberများ၏ အကြံပြုချက်များကို ဖတ်ရှုကာ မိမိ သွားရောက်လိုသော နေရာ၊ စားသောက်ဆိုင်နှင့် လုပ်ငန်းအကြောင်းကို ကြိုတင် သိရှိနိုင်ခြင်း၊ မိမိ အသိမိတ်ဆွေများကို GoldenPlace Website ရှိ မိမိနှစ်သက်သော နေရာ၊ လုပ်ငန်းများအား လွယ်ကူစွာ အသိပေးနိုင်ခြင်း၊ မိမိသွားရောက်လိုသော နေရာကို မြေပုံပေါ်မှတစ်ဆင့် လမ်းကြောင်းရှာဖွေနိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။ GoldenPlace Websiteနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက 09-732-3 67-60 အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Facebook စာမျက်နှာဖြစ်သော www.facebook.com/GoldenPlaces အပြင် www.goldenplace.com.mm သို့ တိုက်ရိုက် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “အခမဲ့ သုံးစွဲနိုင်မည့် GoldenPlace Website

  1. Moe Hein Kyaw says:

    အရမ်းကောင်းတဲ့ Website လေးတစ်ခုပါ…..

Leave a Reply

Your email address will not be published. Required fields are marked *