မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်တွေသုံးဖို့ Data Serviceခွင့်ပြု ပေးပြီးတဲ့နောက် Internetကို Mobileနဲ့ အသုံးပြုတဲ့သူတွေ အလွန်ပဲ များပြားလာခဲ့ပါတယ်။ ပေါ့ပါး Smartကျပြီး သွားလေရာ ယူဆောင်သွားလို့ ရတဲ့ Smartphoneတွေကို ဟိုနေရာ၊ ဒီနေရာမှာ လူကြီး၊ လူငယ်မျိုးစုံ Internetသုံးနေကြတာဟာ လည်း၀မ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်။ မိုဘိုင်းနဲ့ အင်တာနက်သုံးတယ်ဆိုတာ မြန်မာပြည်မှာသာမက ကမ္ဘာမှာပါ တွင်ကျယ်နေတဲ့ ဓလေ့တစ်ခုဖြစ်ပြီး ၂၀၁၃စစ်တမ်းတစ်ခု အရတော့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် Web Trafficဖြစ်ရတဲ့ အကြောင်းရင်းရဲ့ ၁၇.၄ရာခိုင်နှုန်းဟာ မိုဘိုင်းအင်တာနက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဒါဟာ ၂၀၁၂ခုနှစ်တုန်းက Mobileကြောင့် Web Trafficဖြစ်တဲ့ ၁၁.၁ရာခိုင်နှုန်းထက် ၆%ပိုမို မြင့်တက်လာတာပဲ ဖြစ်ပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်ကြီးလေ့လာနိုင်ဖို့ အတွက် ကမ္ဘာ့ဒေသကြီးတွေရဲ့ Mobile Internetအသုံးပြုမှုကြောင့် Web Trafficဖြစ်လာမှု သရုပ်ဖော်ထားတဲ့ ပုံလေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၂ဇူလိုင် စစ်တမ်းနဲ့ ၂၀၁၃ဇူလိုင် စစ်တမ်းကို နှိုင်းယှဉ်ပြထားတာ ဖြစ်ပြီး နောင်လာမယ့်နှစ်တွေမှာ အခုထက်ပိုမိုကာ Web Trafficတွေ ဖြစ်မယ်လို့လည်း ခန့်မှန်းရပါတယ်။ မိုဘိုင်း အင်တာနက်ကြောင့် Web Trafficဖြစ်မှု အများဆုံးကတော့ အာရှတိုက်ဖြစ်ပြီး လက်ရှိမှာ ၂၆.၆%အထိ ရှိနေပါတယ်။ ဒုတိယနေရာမှာတော့ အာဖရိကတိုက်က Web Traffic ၂၃.၇%နဲ့ ရှိနေပါတယ်။ သင်တို့ရော အင်တာနက်ကို သုံးတဲ့အခါမှာ Websiteနဲ့ သုံးပါသလား? Mobileဖုန်းရဲ့ အင်တာနက်နဲ့ သုံးပါသလား?