Gift Card, News, Review

ချစ်ခင်ရသူတွေကို ICT Gift Card လက်ဆောင်ပေးလိုက်ပါ

ဒီလို အချိန်မျိုးမှာ ကိုယ်ချစ်ခင်ရသူကို ICT Digital Gift card လေးပေးပြီး ချစ်ခြင်းတရားကို သက်သေပြကြည့်ပါလား

ခုလိုချိန်မျိုးမှာ အိမ်မှာ နေတာ အကောင်းဆုံးနဲ့ အန္တရာယ် အကင်းဆုံးပါပဲနော်။ အိမ်မှာနေရတာတော့ ဟုတ်ပါပြီ၊ စားချင်တာ သွားမစားရ ဝယ်ချင်တာသွားမဝယ်ရတဲ့ ဒုက္ခကျတော့ သိပ်မသေးလှပါဘူး။ လူတိုင်းလိုလို ခံစားနေကြရမှာ အမှန်ပေါ့။ စျေးဝယ်မယ်ဆိုရင်လည်း အကောင်းဆုံးကတော့ ကိုယ်တိုင်သွားမဝယ်ဘဲ Online ကဝယ်သင့်ပါတယ်။ ဒါက ခုလိုအချိန်မျိုးမှာ မဖြစ်မနေရွေးချယ်သင့်တဲ့ ရွေးချယ်မှုပါပဲ။

ကဲ… မိတ်ဆွေရဲ့ ချစ်ရသူက ကောင်လေးပဲဖြစ်စေ ကောင်မလေးပဲ ဖြစ်စေ လိုအပ်တာ လိုချင်တာတစ်ခုခုတော့ ရှိမှာပဲ ဟုတ်။ ဒီအတွက် အကောင်းဆုံးလက်ဆောင်ဖြစ်မှာကတော့ ICT.com.mm ရဲ့ ICT Gift Card လေးပါနော်။

ငွေကိုင်လို့ ပိုးတွေ ကပ်ပါလာမှာလဲ မပူရဘူး၊ တချို့ payment တွေမှာ တစ်ခါတလေဖြစ်တတ်သလို လေထဲမှာ ငွေတွေ ဖျောက်ခနဲ ပျောက်သွားမှာလဲ ပူစရာမလိုပါဘူး။ ဂဏန်းကုတ်လေးတွေကို မှတ်ထားပြီး ICT မှာ ငွေရှင်းတဲ့အခါ ထည့်ပေးလိုက်ရုံပါပဲ။ အရမ်းကို လွယ်ပါတယ်နော်။

သက်တမ်းကုန်ဆုံးရက် မရှိဘဲ ICT.com.mm မှာ ရှိတဲ့ ကုန်ပစ္စည်း ၁ သောင်းကျော်အတွက် ပိုက်ဆံ အစားထိုး အသုံးပြုလို့ ရမှာပါ။ ငွေချေပြီးတာနဲ့ ICT Gift Codes ကို အီးမေးလ်သို့ ၅-၁၀ မိနစ်အတွင်း ပို့ဆောင်ပေးမှာဆိုတော့ အရမ်းကို အဆင်ပြေပါတယ်။

အနည်းဆုံး K10,000 ကနေ အများဆုံး K5,000,000 ထိ စိတ်ကြိုက်ဝယ်နိုင်မှာပါ။

အခုပဲ ဝယ်ပြီး Right Time ဖြစ်တဲ့ လက်ဆောင်ကို Right Gift အနေနဲ့ ချစ်ရသူကို လက်ဆောင်ပေးလိုက်ပါတော့။ အောက်က လင့်ခ်လေးကိုနှိပ်ပြီး ဝယ်လိုက်ပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *