Foods, News, Review

Genius 100% Arabica Pea Berry Whole Bean Coffee အကြောင်း

Genius 100% Arabica Pea Berry Whole Bean Coffee (Limited-220g)
Genius အမှတ်တံဆိပ် ရာနှုန်းပြည့် Arabica Pea Berry ကော်ဖီစေ့ထုပ် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကော်ဖီသီးမှာ ကော်ဖီစေ့နှစ်စေ့ပါဝင်ပါတယ်။ တချို့အသီးတွေမှာ ကော်ဖီစေ့နှစ်စေ့က တစ်စေ့နဲ့တစ်စေ့ပူးကပ်သွားပြီး ပဲစေ့ပုံစံ လုံးဝန်းတဲ့ကော်ဖီစေ့လေးတွေ ဖြစ်သွားပါတယ်။ ဒီလို အစေ့လေးတွေကို Pea Berry လို့ ခေါ်ပါတယ်။ ကော်ဖီပင်မှရရှိလာတဲ့ အစေ့စုစုပေါင်းရဲ့ ၅% လောက်မှာသာ တွေ့ရပြီး အပင်တစ်ပင်တည်းက သာမန်ကော်ဖီစေ့တွေထက် ပိုမိုထူးခြားတဲ့ ချိုမြိန်တဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။ ထူးခြားတဲ့ကော်ဖီအရသာကိုမှ နှစ်ခြိုက်သူတွေ လုံးဝအကြိုက်တွေ့မဲ့ ကော်ဖီစေ့ ဖြစ်ပါတယ်။ ကော်ဖီစေ့လှော်အဖြစ် ထုတ်လုပ်ထားတဲ့အတွက် အနံ့အရသာပြယ်လွင့်မသွားဘဲ ကော်ဖီမှုန့်ထက် ပိုမိုကြာရှည်အထားခံပါတယ်။ မိမိနှစ်သက်တဲ့ အနေအထား အရသာရရှိအောင် ကိုယ်ပိုင်စက်နဲ့ စိတ်ကြိုက်အနေအထားကြိတ်ပြီး သုံးဆောင်နိုင်ပါတယ်။ လှော်ထားပြီးသား ကော်ဖီစေ့ 220 g ပါဝင်ပါတယ်။ လက်ရှိရောင်းဈေး ငွေကျပ် 6,600 ဖြစ်ပါတယ်။
ဒီအောက်က လင့်ခ်လေးကို နှိပ်ပြီး မြန်မြန်မှာယူလိုက်ပါတော့နော်..

Leave a Reply

Your email address will not be published. Required fields are marked *