မော်စကိုမြို့မှာ လူပုံအလယ် မိန်းမချင်းနမ်းပြ လိုက်ခြင်းဟာ ရုရှားနိုင်ငံရဲ့ လိင်တူဆက်ဆံမှု ဥပဒေ ကိုဦးတည်သွားစေ ပါတယ်။ ဘယ်လိုဖြစ်ကြတာလဲဆိုတော့ မော်စကိုမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ပြေးခုန်ပစ် ချန်ပီယံ ပြိုင်ပွဲတစ်ခုမှာ ရုရှားအားကစားမယ် နှစ်ဦးဖြစ်တဲ့ Kseniya Ryzhovaနဲ့ Tatyana Firovaတို့ နှစ်ဦးက ပြိုင်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ဖော်ပြပါပုံအတိုင်း တရှိုက်မက်မက် နမ်းနေကြတာပဲ ဖြစ်ပါတယ်။ Sky News သတင်းဋ္ဌာနကတော့ အဆိုပါ နမ်းရှိုက်ခြင်းဟာ အားကစားသမားအချင်းချင်း ဂုဏ်ပြုခြင်းသာ ဖြစ်ပြီး မည်သည့်ပယောဂမှ ပါ၀င်ခြင်းမရှိပါလို့ ဆိုထားပေမယ့် Gay Star Newsကတော့ အဆိုပါ အနမ်းဟာ ရုရှားရဲ့ အငြင်းပွားဖွယ်ရာ လိင်တူဆက်ဆံခြင်း ဥပဒေကို အားပေးမှုတစ်ခု ဖြစ်တယ်လို့ ဆိုနေပါတယ်။
အခုလာမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကိုလည်း ရုရှားနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပြီး လိင်တူဆက်ဆံမှု ဥပဒေအတွက်ကတော့ အငြင်းပွားဖွယ်ရာ ဖြစ်နေဆဲပါပဲ။ လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲ မှာတောင် အားကစားသမားတစ်ချို့ဟာ လိင်တူအခွင့်အရေးပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။ ဆွီဒင် ကစားသမား တစ်ချို့ဆိုရင်လည်း သူတို့ရဲ့ လက်သည်းမှာ Rainbow(သက်တံ့ရောင်)တွေ ခြယ်သပြီး လိင်တူအခွင့်အရေး တရား၀င်ရရှိဖို့ လုပ်ဆောင်နေကြတာကို တွေ့ရှိရပါတယ်။