News

မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ ဂိမ်းစက်ဈေးနှုန်းများ

မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် Game Hiveဂိမ်းဆိုင်မှ ပေးပို့တဲ့ ဂိမ်းစက်တွေနဲ့ Accessoriesတွေ ဈေးနှုန်းကို တင်ဆက်ပေးလိုက် ပါတယ်။ အဆိုပါ Game Hiveဂိမ်းဆိုင်ကို ဆက်သွယ်ချင်ရင်တော့ ဖုန်းနံပါတ် 09 7311 8550နဲ့ 09 4500 41500တို့ကို ဆက်သွယ် နိုင်ကြောင်း သိရပါတယ်။
PS3 Version 4.46ဂိမ်းစက် (120 GB)Modelကို ၄၈၀၀၀၀ကျပ်၊ PS3 Version 4.46ဂိမ်းစက်ကိုပဲ 320GB Modelဆိုရင် ငါးသိန်းကျပ် ဖြစ်ပါတယ်။ X box 360ဂိမ်းစက်တွေ ကလည်း ၄သိန်းပတ်၀န်းကျင် ရှိနေပြီး PSPဂိမ်းစက်တွေကတော့ နှစ်သိန်း၀န်ကျင် ရှိနေပါတယ်။ လက်ကိုင်ဂိမ်းစက် PS Vitaကတော့ သုံးသိန်းကျပ် သတ်မှတ်ထားပြီး Nintendoမှ ထုတ်လုပ်တဲ့ Wiiဂိမ်းစက်နဲ့ 3DS XLဂိမ်းစက်တွေက နှစ်သိန်းကျော်ကနေ လေးသိန်းကျော်အထိ အစားစား ရှိတာကို တွေ့ရပါတယ်။

၀န်ဆောင်မှုပိုင်း အနေနဲ့ PS3ဂိမ်းစက်ကို System Version Upgradeလုပ်ရင် တစ်သောင်းကျသင့်မှာ ဖြစ်ကာ Xbox 360 LT 3.0 Upgradeလုပ်ရင်တော့ နှစ်သောင်းခွဲ ဖြစ်ပါတယ်။ Jailbreakလုပ်ရင်တော့ တစ်သောင်းကျပ် ဖြစ်ပါတယ်။ PS3ဂိမ်းစက်, Xbox 360ဂိမ်းစက်တွေရဲ့ Original Controllerကတော့ ငါးသောင်းခွဲစီ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *