News, Review

မှောင်ရိပ်ထဲက သူရဲကောင်း သို့မဟုတ် ASUS (Dark Hero + Ryzen 9 – 5900X + RTX 3080ti) Gaming Desktop Set

Pro Gamer တွေအတွက် Dark Hero လို့တင်စားထားတဲ့ Warrior Class အမိုက်စား Gaming Desktop Set ဖြစ်ပါတယ်။
CPU အတွက် ကမ္ဘာ့အကောင်းဆုံး Desktop Gaming Processor ဖြစ်တဲ့ AMD Ryzen™ 9 5900X Desktop Processor နဲ့ဆင်ပေးထားလို့ High-speed Gaming Performance ကိုမှနှစ်ခြိုက်သူတွေ အကြိုက်တွေ့မှာပါ။
ROG Crosshair VIII Dark Hero X570 Motherboard က အရင် Motherboard ထက် Power Delivery System ပိုကောင်းလာအောင် Upgrade လုပ်ထားတာဖြစ်ပါတယ်။ Gigabit Etherent နဲ့ Wi-Fi 6 (802.11ax) နည်းပညာတို့က လိုင်းဆွဲအားအရမ်းကောင်းတဲ့အတွက် ဂိမ်းကစားဖို့ရော Streaming လုပ်ဖို့အတွက်ပါ အရမ်းအဆင်ပြေပါတယ်။ သွယ်ဝိုက် Chipset အအေးပေးစနစ်၊ M.2 Aluminium Heaksink နဲ့ ROG Water Cooling Zone တို့ကြောင့် အပူတွေကို အမြန်ဆုံးဖယ်ရှားပေးမှာပါ။
အကြည်လင်ဆုံး၊ အတောက်ပဆုံးရုပ်ထွက်ကို အလျင်မြန်ဆုံးစွမ်းဆောင်ရည်နဲ့ သက်တောင့်သက်သာကစားနိုင်ဖို့ အကောင်းဆုံး Gaming GPU တစ်ခုဖြစ်တဲ့ ROG Strix GeForce RTX 3080 TI ကို ထည့်ပေးထားပါတယ်။ High-end Premium GPU ဖြစ်တဲ့အတွက် Overclocking စိတ်ကြိုက်လုပ်ပြီးတော့ Performance Boosting ပြုလုပ်နိုင်ပါတယ်။ Exhaust Fan တွေတင်သာမက ကိုယ်ထည်ဒီဇိုင်းကိုပါ အထူးမွမ်းမံထားတဲ့အတွက် အအေးပေးစနစ်က တကယ့်အံ့မခန်းပါပဲ။
Desktop အတွင်းပိုင်းအအေးပေးစနစ်အတွက် အကောင်းမွန်ဆုံး airflow နဲ့ တည်ငြိမ်တဲ့ဖိအားကို ဖန်တီးပေးနိုင်တဲ့ ROG Strix LC II 360 RGB Liquid Cooler (Black Edition) ကို တပ်ဆင်ထားပါတယ်။
RAM အတွက်ကို ZADAK ရဲ့ SPARK DDR4 3600MHz 64GB (16*4) ကို တပ်ဆင်ထားတဲ့အတွက် ဘယ်လို High-end ဂိမ်းမျိုးကိုမဆို အမြင့်ဆုံးစွမ်းဆောင်ရည်နဲ့ ကစားနိုင်မှာပါ။
Storage အတွက်ကိုတော့ Read/Write Speed အရမ်းမြန်တဲ့ Samsung ရဲ့ 970 Pro PCIe NVMe M.2 SSD – 1TB ကိုတပ်ဆင်ထားလို့ ဂိမ်းအမြင့်တွေကို မြန်မြန်ဆန်ဆန် ကစားနိုင်မယ့်အပြင် ဂိမ်းတွေအများကြီးကိုလည်း Install လုပ်ထားနိုင်မှာပါ။
ကိုယ်ထည်ပိုင်းမှာတော့ အရမ်းလှတဲ့ ပရီမီယမ်ဒီဇိုင်းနဲ့ ROG Strix Helios Case ကို အသုံးပြုထားပါတယ်။ အလူမီနီယမ်ဖရိန်နဲ့ Tempered Glass တို့ကို တွဲစပ်ထားတဲ့ Mid-Tower Chassis လေးဖြစ်ပြီး စိတ်ကြိုက် Customize လုပ်နိုင်ဦးမှာပါ။
ဒီ World Class Gaming Desktop ကိုဝယ်ယူချင်တယ်ဆိုရင် အောက်ပါလင့်ခ်မှတဆင့် ICT ကနေ မှာယူနိုင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *