News

Galaxy Gear 2 စမတ်နာရီမှာ မျက်နှာပြင်ခုံး တပ်ဆင်မည်

Galaxy Gear 2 ဟာ Galaxy Gear ထက် ပိုမိုကောင်းမွန်တဲ့ပြောင်းလဲမှုတွေပါရှိပြီး ချပ်၀တ်တန်ဆာ ကွန်ပြူတာဈေးကွက်မှာ ထပ်မံယှဉ်ပြိုင်အုံးမှာဖြစ်ပါတယ်လို့ ZDNet Korea မှာ ဖော်ပြထားပါတယ်။

Galaxy Gear 2 မှာ မျက်နှာပြင်ခုံးကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။ Galaxy Round စမတ်ဖုန်းမှာ တပ်ဆင်ထားတဲ့ မျက်နှာပြင်ခုံးလိုဖြစ်ပါတယ်။ Galaxy Round ရဲ့ ကွေးကောက်တဲ့ ပုံသဏ္ဍာန်အတိုင်းပဲ Gear 2 မှာ ပြုလုပ်ထားမှာဖြစ်ပါတယ်။ Gear ရဲ့ ပထမမျိုးဆက်ဟာ လက်ကောက်၀တ်မှာ ၀တ်ဆင်ဖို့အတွက် ဒီဇိုင်းပိုင်းမှာ အဆင်ပြေမှုမရှိတာကို Gear 2 မှာ ပြုပြင် ထားမှာဖြစ်ပါတယ်။

Galaxy Gear 2 ကို Galaxy S5 နဲ့ အတူ မတ်လ သို့မဟုတ် ဧပြီလမှာ စတင်ရောင်းချမယ်လို့ Samsung က အတည်ပြုပြောကြား ထားပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကို Samsung က ပြောကြားခြင်းမရှိပါဘူး။ စာနယ်ဇင်းမိတ်ဆက်ပွဲကို လန်ဒန်မှာ ပြုလုပ်မယ်လို့ ZDNet က ပြောကြားထားပါသေးတယ်။

Galaxy S5 နဲ့ အတူ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ချက်တွေပါတဲ့ Gear 2 ကို ပါထုတ်ဖော်ပြသမှာဖြစ်ပြီး Gear ရဲ့ ဒီဇိုင်းဟာလည်း ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်လို့ Samsung Mobile ဌာနရဲ့ ဒုတိယဥက္ကဌဖြစ်သူ Lee Young Hee က ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *