Archive, News

GAC Brand 8 series GA8 and GS8

ပြည်တွင်းဈေးကွက်အတွင်းမှာ GAC အမှတ်တံဆိပ်မော်တော်ယာဉ်တွေကို တင်သွင်းဖြန့်ဖြူးရောင်းချပေးနေတဲ့ LS Automotive Group Myanmar ကပြီးခဲ့တဲ့ဒီဇင်ဘာလ (၁) ရက်နေ့မှာ GAC ရဲ့အထင်ကရ ‘8’ စီးရီးတွေကို ကိုယ်စားပြုတဲ့ GA8 နဲ့ GS8 ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီကားအသစ်တွေနဲ့ပတ်သက်လို့ Motors.com.mm ကသုံးသပ်တင်ပြလိုက်ရပါတယ်။ GS8 ကပြည်တွင်းဈေးကွက်ထဲကို ကြိုရောက်ခဲ့တာဖြစ်ပြီး နိုင်ငံကျော်သရုပ်ဆောင်အကယ်ဒမီလူမင်း ကိုယ်တိုင်ဝယ်ယူအားပေးခဲ့တဲ့ကားလည်းဖြစ်တယ်။ GA8 ကတော့မျိုးဆက်သစ် ဆီဒင်ကားဖြစ်ပြီး အဆင့်မြင့်ဇိမ်ခံကားတွေကို သင့်တော်လျောက်ပတ်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူအားပေးလိုတဲ့ စားသုံးသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်တယ်လို့ GAC ကဆိုထားပါတယ်။ GA8 ရဲ့ အပြင်ပန်းကိုကြည့်ရင် ထုထည်ကြီးမားပြီး အားအင်ပြည့်ဝတဲ့အသွင်ကိုမြင်ရမှာဖြစ်ပြီး ကိုယ်ထည်ချိုးထားပုံက နာမည်ကျော်ဥရောပကားတွေကို အမီလိုက်နိုင်လောက်အောင် ခန့်ညားသေသပ်မှုရှိတယ်။ အထူးသဖြင့် ကြီးမားပြန့်ကားနေတဲ့ Grille နဲ့ရှေ့မီးခွက်တွေက ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူတို့ရဲ့ စီးတော်ယာဉ်လို့ဖော်ညွှန်းနေသလိုပါပဲ။ ကိုယ်ထည်တစ်ခုလုံးကို ရိုးရိုးရှင်းရှင်း ဒီဇိုင်းဖန်တီးပေးထားပြီး အရောင်တွေအနေနဲ့  Elegent Black, Coffee Brown, Mocha Brown, Burgundy Red နဲ့ Ivory White ဆိုပြီး ငါးမျိုးရွေးချယ်ခွင့်ပေးထားပါတယ်။

ဂရိတ်အနေနဲ့တော့ တပ်ဆင်ထားတဲ့အင်ဂျင်အမျိုးအစားပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားသွားပါတယ်။ GA8 ကို 1.8L နဲ့ 2.0L တာဘိုအင်ဂျင်နှစ်မျိုးနဲ့ရနိုင်ပြီး 1.8L အင်ဂျင်ပါဝင်တဲ့ အမျိုးအစားက GE နဲ့ GL ဆိုတဲ့ဂရိတ်နှစ်ခု ကွဲပြားသွားတယ်။ 2.0L အင်ဂျင်ပါတဲ့ အမျိုးအစားမှာတော့ GB, GE, GL နဲ့ GT ဆိုတဲ့ ဂရိတ်လေးမျိုးရှိပါတယ်။ ဘယ်အင်ဂျင်၊ ဘယ်ဂရိတ်ပဲဖြစ်ဖြစ် 6-speed အော်တိုဂီယာစနစ်ပါဝင်ပြီး 2.0L GT ဂရိတ်ကလွဲလို့ ကျန်ဂရိတ်အားလုံးမှာ 17” အလွိုင်းဝှီး တပ်ဆင်ပေးထားတယ်။ 2.0L GT ဂရိတ်က 18” အလွိုင်းဝှီးနဲ့ လာပါတယ်။ စီးနင်းသူတွေအတွက် သက်တောင့်သက်သာရှိပြီး ဇိမ်ကျနေစေဖို့ GA8 မှာသားရေဖုံးထိုင်ခုံတွေ ပါဝင်ပြီးဖျာ်ဖြေရေးအတွက် (GT ဂရိတ်မှာ) နာမည်ကျော် Harman Kardon စပီကာရှစ်လုံးအထိ ထည့်သွင်းတပ်ဆင်ပေးထားတယ်။ ကျန်ဂရိတ်တွေမှာတော့ စပီကာခြောက်လုံးပါဝင်တဲ့ အသံစနစ်တွေ ထည့်သွင်းပေးထားပါတယ်။ အန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး GA8 မှာလေအိတ်တွေအပြည့်အစုံပါဝင်သလို Anti-thief စနစ်၊ Engine Immobilizer စနစ်စတာတွေလည်း ထည့်သွင်းပေးထားတယ်။ ဒါ့အပြင်နောက်ဖုံးကို Remote Control နဲ့ အဖွင့်အပိတ်လုပ်နိုင်တာမျိုး စမတ်ကျတဲ့လုပ်ဆောင်ချက်တွေလည်း အများကြီးပါဝင်ပါသေးတယ်။ အရွယ်ပြည့် SUV ကားဖြစ်တဲ့ GS8 က 4WD အမျိုးအစားဖြစ်ပါတယ်။ မကြာခင်က မိတ်ဆက်ပေးခဲ့တဲ့ GS8 က2WD အမျိုး အစားပါ။

အခုမိတ်ဆက်ပေးလိုက်တဲ့ GS8 ကို GL နဲ့ GT ဆိုတဲ့ ဂရိတ်နှစ်မျိုးနဲ့ ရနိုင်ပြီးနောင်တော် GS822WD နည်းတူတာဘိုချာဂျာပါဝင်တဲ့ 2.0L အင်ဂျင်နဲ့ လာပါတယ်။ GS8 ရဲ့ရှေ့၊ နောက်မီးခွက်တွေက Matrix Type LED အမျိုးအစားဖြစ်ပြီး Fog, Daytime Running Light စနစ်တွေလည်းပါဝင်တယ်။ လေးဘီးယက်စနစ်ဖြစ်လာတာကြောင့် အပြင်အနေအထားတွေပေါ် မူတည်ပြီး Mode တွေဟောင်းလဲမောင်းနှင်နိုင်အောင် စီမံပေးထားပြီး ဒီအတွက် i4WD စနစ်ပါဝင်တယ်။ မောင်းနှင်သူအနေနဲ့ Mode ခြောက်မျိုးအထိ ပြောင်းလဲရွေးချယ်အသုံးပြုနိုင်ပါတယ်။ GS8 4WD မှာ GS8 2WD နည်းတူစုံလင်များပြားတဲ့ Feature တွေပါဝင်ပြီး အန္တရာယ်ကင်းရှင်းရေးအတွက် Front Dual Airbag, Front Side Airbag, Curtain Airbag စတဲ့လေအိတ်စနစ်တွေလည်း အပြည့်အစုံထည့်ပေးထားတယ်။ ဖျော်ဖြေရေးအတွက် GL ဂရိတ်မှာစပီကာခြောက်လုံး၊ GT ဂရိတ်မှာ စပီကာဆယ်လုံးပါဝင်တဲ့ အသံစနစ်တွေထည့်ပေးထားပါတယ်။ ဒါ့အပြင် သဘာဝအလင်းအောက်မှာ ကားမောင်းလိုသူတွေအတွက် Power Sunroof, မိုးရွာတဲ့အခါရေသုတ်တံတွေ အလိုအလျောက် အလုပ်လုပ်တဲ့ Rain Sensing Wiper စတဲ့စနစ်မျိုးစုံကိုလည်း ထည့်သွင်းပေးထားတယ်။ GS8 ရဲ့  GL, GT ဂရိတ်နှစ်မျိုးစလုံးမှာ 19” အလွိုင်းဝှီးတွေတပ်ဆင်ပေးထားပြီး Piano Black, Coffee Brown, Icy Blue, Pearl White စတဲ့ အရောင်လေးမျိုးနဲ့ရနိုင်ပါတယ်။ စတင်မိတ်ဆက်ချိန်မှာ GS8 ကိုကန်ဒေါ်လာ 59,888 ၊ GA8 ကိုကန်ဒေါ်လာ 52,888 နဲ့ ဒီဇင်ဘာ (၃၁)ရက်နေ့အထိ အထူးဈေးနှုန်းနေဖြင့် ရောင်းချပေးမယ်လို့ဆိုထားပြီး ဝယ်ယူအားပေးသူတိုင်းအတွက် အာမခံငါးနှစ် (သို့) ကီလိုတစ်သိန်းပေးထားတဲ့အပြင် ကားဝယ်ယူသူတိုင်းအတွက် ဝန်ဆောင်မှုအနေဖြင့် 3 Years FreeMaintenance Service ကိုလည်းပေးထားပါတယ်။ Motors.com.mm ရဲ့ ပရိသတ်ကြီးအနေနဲ့ GAC ရဲ့ GS8 4WDနဲ့ GA8 အကြောင်း ပိုမိုသိရှိလိုလျှင်ဖြစ်စေ၊ GS8 နဲ့ GA8 တို့ကိုဝယ်ယူအားပေးလိုလျှင်ဖြစ်စေ GAC Motor ကားအရောင်းပြခန်းတည်ရှိရာ အမှတ် (၃၅၁)၊ ပြည်လမ်း၊ စမ်းချောင်း (ဖုန်း- 09 964 227 253) ကိုဆက်သွယ်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *