Apps

အနာဂတ်ရဲ့ ဖန်တီးရှင်

ဆန်းသစ် တီထွင်ထားတဲ့ နည်းပညာတွေနဲ့အတူ အနာဂတ်ပညာရပ်ဆိုင်ရာ အချက်အလက်တွေ ဖတ်ရှုရမယ့် ၀က်ဘ်ဆိုက်ပါ။ ကွန်ပျူတာ၊ ကင်မရာ၊ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်း စတဲ့ စက်ပစ္စည်း အသေးစားတွေ၊ လျှပ်စစ်ကား၊ ဟိုက်ဘရစ်ကားစတဲ့ ကားအကြောင်းတွေ၊ သဘာ၀ပတ်၀န်းကျင်၊ စွမ်းအင်၊ ကျန်းမာရေးဆိုင်ရာ သိပ္ပံပညာအကြောင်းတွေ၊ စစ်တပ်မတော်၊ လေယာဉ်ထုတ်လုပ် မှုနဲ့ မောင်းနှင်မှု လေကြောင်း ပညာ၊ အာကာသ၊ ရိုဘော့၊ အင်ဂျင်နီးယားရင်းစတဲ့ နည်းပညာတွေ အကြောင်း အသေးစိတ် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ လူ့အရေပြားကို ပြောင်းလဲပေးနိုင်တဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ အနာဂတ် လျှပ်စစ် တက်တူး နည်းပညာ၊ သတင်းအချက်အလက်နဲ့ မြန်ဆန် မှုတွေ ပေးစွမ်းနိုင်မယ့် ဆီလီကွန်ကား၊ လူနာအသက်ရှုမှုကို စောင့်ကြည့်ပေးမယ့် ကြိုးမဲ့ကွန်ရက် နည်းပညာ၊ အလိုအလျောက် ကြိုးချည်ပေးမယ့် အနာဂတ်ဖိနပ်၊ ကားအချင်းချင်း ဆက်သွယ်မှု နည်းပညာ စမ်းသပ်မှုတွေ အကြောင်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။

http://www.popsci.com

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *