News

RedLink မှ Sales Center နှင့် Customer Service Center တိုးချဲ့ ဖွင့်လှစ်မည်

red-link

RedLink Companyမှ ဝန်ဆောင်မှု ပေးလျက်ရှိသော Broadband Wimax Service အား သုံးစွဲသူများ ပိုမို အဆင် ပြေစေရန်အတွက် ချော်တွန်း ကုန်း မီးပွိုင့်အနီးရှိ အမှတ် – ၅၅၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်တွင် အရောင်း စင်တာအသစ်နှင့် Customer Service Center အသစ်တိုးချဲ့ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ၎င်းစင်တာ အသစ် ထပ်မံဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဖြစ်၊ ၎င်း အရောင်းဆိုင်အသစ်တွင် Gold Plus Service Plan ဝယ်ယူသူများအား အထူး ဈေးနှုန်း ၂၇၀,၀၀၀ကျပ်ဖြင့် (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့ (၂)ရက်အတွင်း ဖွင့်ပွဲ အထိမ်း အမှတ်အဖြစ် ရောင်းချပေး သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။ လျှောက်ထား ဝယ်ယူ လိုပါက ဖုန်း – ၆၆၀၃၀၄၊ ၆၆၄၂၈၉၂တွင် လျှောက်ထား ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

RedLinkမှ ဝန်ဆောင်မှု ပေးလျက်ရှိသော Broadband WiMAXအား ဝန်ဆောင်မှု ပေးရာတွင် သုံးစွဲသူများ အဆင်ပြေစေရန်အတွက် ပုလဲကွန်ဒို အဆောင် A မြေညီထပ်၊ BAK IT Mall ပထမထပ်နှင့် Junction Sqyareတို့အပြင် ချော်တွင်း ကုန်းမီးပွိုင့်အနီးရှိ အမှတ် – ၅၅၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်တွင် ထပ်မံ တိုးချဲ့ ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။ Gandamar Whole Sale မြေညီထပ်တွင် ဖွင့်လှစ် ထားသော အရောင်းဆိုင် ခန်းအား ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှစ၍ ချော်တွင်းကုန်း အရောင်းဆိုင်သို့ ပြောင်းရွှေ့သွားမည် ဖြစ်ကြောင်း သိရှိရသည်။

One thought on “RedLink မှ Sales Center နှင့် Customer Service Center တိုးချဲ့ ဖွင့်လှစ်မည်

  1. thwethweaye says:

    ကောင်းပါတယ်…မြန်မာနိုင်ငံမှာ နည်းပညာပိုင်းတိုးတက်လာဖို့ အခုလိုဆိုင်တွေ များများဖွင့်နိုင်ပါစေ

Leave a Reply

Your email address will not be published. Required fields are marked *