News

PQI ၏ New Productsများ မိတ်ဆက်ပွဲ ကျင်းပ

pqi-products

Royal Ayeyarwaddy Co., Ltd. မှ PQI Product ထုတ်ကုန်သစ်များ မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၁)ရက်နေ့က Chatrium Hotelတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနား ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌဦးခွန်ဦးမှ အမှာစကား ပြောကြားခဲ့ပြီး၊ Royal Ayeyarwaddy Co., Ltd.မှ ဦးဆောင် ညွှန်ကြားရေးမှုး ဦးမျိုးမြင့်ထွန်းမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် PQI Asia Pacific Rogion၏ Sales Vice President Mr.Allen Tsaiမှ နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် PQI၏ ထုတ်ကုန်သစ်များ အကြောင်းကို ပစ္စည်းများ လက်တွေ့ ပြသခြင်း၊ ဓာတ်ပုံ ဆလိုက်များဖြင့် အသေးစိတ် ရှင်းလင်း ပြသခြင်းတို့ဖြင့် မိတ်ဆက် တင်ပြသွားပါသည်။ ဆက်လက်၍ PQI၏ Sales Vice President Mr.Allen Tsaiမှ Royal Ayeyarwaddy Ltd.၏ MD. ဦးမျိုးမြင့်ထွန်းသို့ Authorized Sole Distributor Cerificateပေးအပ်ခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြပါသည်။ PQI Brandကို ထိုင်ဝမ်နိုင်ငံ အခြေစိုက် Power Quotient International Companyမှ ထုတ်လုပ်ခြင်း ဖြစ်ပြီး၊ ၎င်းကုမ္ပဏီမှာ ၁၉၉၇ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး၊ ၁၉၈၆ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော နာမည်ကျော် စီးပွားရေး အုပ်စုကြီး ဖြစ်သည့် Foxlink Groupနှင့် ၂၀၁၀ခုနှစ် ဇူလိုင်လတွင် ပူးပေါင်းခဲ့ပါသည်။

ထို့နောက် PQIသည် Lineအသစ်တစ်ခု ဖြစ်သော Wireless Product Lineကို အောင်မြင်စွာ တည်ထောင် နိုင်ခဲ့ပါသည်။ ထို့နောက် အသစ် ပြုပြင် မွမ်းမံထားသော တိကျသော Product Quility Controlနှင့်အတူ Research & Developmentများ ပြုလုပ်ပြီး၊ ထူးခြား၍ အသုံးတည့်သော Productများကို ထုတ်လုပ်ခဲ့ ပါသည်။

ICT Industryတွင် အထူးပြု ထုတ်လုပ်သူအဖြစ် Chennel Businessကို စနစ်တကျ ချဲ့ထွင်ကာ၊ PQI Brand Promotionကို ပြုလုပ်နိုင်ခဲ့ပါသည်။ နှစ်စဉ် ရရှိခဲ့သော အတွေ့အကြုံများနှင့် Skillကို အသုံးပြုကာ၊ R & D Team များ၏ အကူအညီဖြင့် Taiwan OTC Exchangeနှင့် Taiwan Stock Exchange စာရင်းဝင် ကုမ္ပဏီအဖြစ် ၂၀၁၂ခုနှစ်တွင် အဆင့်မြင့်မြင့် ရပ်တည်နိုင်ခဲ့ပါသည်။ ထို့ပြင် Oversea Networkများဖြင့် အမေရိကန်၊ ဂျပန်၊ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့တွင် ရုံးခွဲများ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ PQI၏ Global Logistics Centreသည် Taiwan (Taipeiနဲ့ Tao-Yuan)မှာ တည်ရှိကြောင်းနှင့် Corporate Identity System(CLS)ကို အောင်မြင်စွာ အကောင်အထည် ဖော်ကာ၊ ကမ္ဘာတစ်လွှားမှ Customerများ၏ ယုံကြည်ခြင်းကို ရရှိသော ကုမ္ပဏီဖြစ်ကြောင်း သိရှိရပါသည်။ ယနေ့အချိန်တွင် PQIသည် ကမ္ဘာ့ Top Tenစာရင်းဝင်၊ DRAM Module၊ Flash Memoryစသည်တို့ကို ထုတ်လုပ်သော Brandတစ်ခု ဖြစ်လာခဲ့ပြီး၊ OHSAS18001 Occupational Healthနှင့် Assessment Series, ISO 14001 Environmental Management System, ISO 90001၊2000 Version Certification, TOSHMS 2007 Taiwan Occuatinal Safely and Health Management System Certificateတို့ကို ရရှိထားကြောင်း ရှင်းလင်း ပြောပြချက်များမှ သိရှိရပါသည်။ PQIမှ Product များဖြစ်သည့် PQI Memory Stickနှင့် Micro SD Memory Cardများကို Life Time Warrantyပေးထားပြီး၊ PQI External HDDကို 2 years Warranty ပေးထားပါသည်။ PQI Wireless Air Productများကိုလည်း 1 year Warranty ပေးထားကြောင်း သိရှိရပါသည်။

အခမ်းအနားကို ဆက်လက် ကျင်းပရာ PQI Product များကို မော်ဒယ်လ်များမှ ကိုင်ဆောင် ပြသခြင်း၊ တက်ရောက် လာသူများအား ကံစမ်းမဲ အစီအစဉ်များဖြင့် Productများ မဲဖောက် လက်ဆောင်ပေးခြင်းတို့ကို ပြုလုပ်ပြီး အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *