News

Broadband Wimax Service အား အထူးဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်

wimax-logo

RedLink Companyမှ ဝန်ဆောင်မှုပေးလျက်ရှိသော Broadband Wimax Service အား ဖေဖော်ဝါရီလ (၁၃)ရက်မှ (၁၉)ရက်နေ့အထိ မည်သည့် Service Plan အမျိုးအစားကို ဝယ်ယူသည် ဖြစ်စေ၊ ကနဦး တပ်ဆင်ခ နှုန်းထားအား အထူး ဈေးနှုန်း ၃၆၀,၀၀၀ကျပ်ဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အထူးဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်မည့် နေရာများမှာ ပုလဲကွန်ဒို အဆောင် A၊ မြေညီထပ် ဖုန်း – ၀၉-၇၃၀-၃၁၆-၈၄၊ ၀၉-၇၃၀-၃၁၆-၈၅၊ BAK IT Mall ပထမထပ် ဖုန်း – ၀၉-၄၃၁-၇၀၀-၁၅၊ Gandamar Whole Sale၊ မြေညီထပ်၊ ဖုန်း – ၀၉-၄၃၁-၃၈၃-၂၆နှင့် Juncation Square၊ ဖုန်း – ၀၉-၄၃၁-၇၀၀-၁၆တို့အပြင် တရားဝင် အရောင်းကိုယ်စားလှယ်ကြီး များ ဖြစ်သော Technoland Computer, ICE Computer, Smart Computer, KMD Computer, ABC Computer, Radiances Computer, Access Spectrum Computer, Sein Gay Har Supermarket၊ ရွေှလမင်းနဂါး ကုမ္ပဏီ၏ Acer Service Center, Innwa Computerနှင့် King Service Wisdom Computer, TNT Computerနှင့် Citicom Computerဆိုင် များတွင်ပါ လျှောက်ထား ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် အထူး အစီအစဉ်အဖြစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် အသစ် ထပ်မံ ဖွင့်လှစ်မည့် ချော်တွင်းကုန်း မီးပွိုင့် အနီးရှိ၊ အရောင်းဆိုင် အသစ်တွင် Gold Plus Service Plan ဝယ်ယူသူများအား အထူးဈေးနှုန်း ၂၇၀,၀၀၀ကျပ်ဖြင့် (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့ (၂)ရက်အတွင်း ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဝယ်ယူလိုပါက အမှတ် – ၅၅၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်။ ဖုန်း – ၆၆၀-၃၀၄၊ ၆၆၄-၂၈၂တွင် လျှောက်ထား ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

Internet ဝန်ဆောင်မှုများ ဖြစ်သည့် ADSL, FTTx, IPStar, Broadband WiMAX များထဲတွင် ချက်ချင်း ဝယ်၍ ချက်ချင်း အသုံးပြုနိုင်ခြင်း၊ ဈေးနှုန်း သင့်တင့်ခြင်း၊ အရည်အသွေး ကောင်းမွန်ခြင်း၊ အသုံးပြုရ လွယ်ကူခြင်း၊ တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ ပြောင်းရွှေ့ အသုံးပြုနိုင်ခြင်း စသည့် အချက်များကြောင့် သုံးစွဲမှု များပြားလျက်ရှိကြောင်း သိရှိရသည်။ ရွေးချယ် အသုံးပြုနိုင်သော Service Plan အမျိုးအစားများမှာ လစဉ်ကြေးပေး ဆောင်ရသော Service Planအမျိုးအစားများ ဖြစ်သော Silver Plan (30 USD, 512 Kbps, 3 GB Usage)၊ Gold Plan (55 USD, 1 Mbps, 6 GB Usage)၊ Gold+ Plan (55 USD+ (Max 200 USD, 1 Mbps, 6 GB+ Usage)၊ Platinum Plan (90 USD, 2 Mbps, 12 GB Usage)၊ Platinum + Plan (90 USD+, 2 Mbps, 12 GB+ Usage)နှင့် Prepaid Plan (512 Mbpsm, Usage 1 GB Card, 2 GB Card , 3 GB Card)များ ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အလွယ်တကူ အသုံးပြုနိုင်ခြင်း၊ ဝယ်ယူသည့်အချိန်မှ မိနစ်ပိုင်းအတွင်း ချက်ချင်း အသုံးပြုနိုင်ခြင်း၊ Service Planများမှာလည်း မိမိ အသုံးပြုသလောက်သာ ပေးဆောင်ရခြင်း၊ အိမ်သုံး၊ မိသားစုသုံးများအတွက် ကုန်ကျစရိတ် သက်သာသော Consumer Planနှင့် လုပ်ငန်းသုံး Coporate Planများ သတ်မှတ်ပေးထားခြင်း၊ သုံးစွဲမှု အခက်အခဲများ အတွက်လည်း 24 Hours x 7 Days Call Centet (ဖုန်း – ၈၆၀-၃၅၃-၅၊ ၅၄၀-၆၉၆) ထားရှိပေးထားခြင်း စသည်ဖြင့် သုံးစွဲသူများ အဆင်ပြေစေရန် ဆောင်ရွက်ထားကြောင်း သိရှိရသည်။ ထို့ပြင် တိုးတက် များပြားလာသော သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ ပိုမို ကောင်းမွန်စေရန် ဆက်သွယ်မှု ကွန်ယက်စခန်း (Network Base Station)များကိုလည်း ထပ်မံတိုးချဲ့ ဆောင်ရွက် လျက်ရှိရာ ဆက်သွယ်မှု ကွန်ယက်စခန်း (Network Base Station ) (၁၅)ခုအား ၂၀၁၃ခုနှစ်၊ ဧပြီလကုန်ခန့်တွင် ပြီးစီးအောင် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ ဆက်သွယ်မှု ကွန်ယက်စခန်း (Network Base Station) (၁၅)ခု ပြီးစီးသွားပါက ရန်ကုန်မြို့တွင် ဆက်သွယ်မှု ကွန်ယက်စခန်းပေါင်း (၄၅)ခု ရှိမည် ဖြစ်ကြောင်း သိရှိရသည်။

ဝယ်ယူရာတွင် အဆင်ပြေစေရန်နှင့် လစဉ်ကြေး ပေးသွင်းရာတွင် အဆင်ပြေစေရန်အတွက် အရောင်း စင်တာများအား ပုလဲကွန်ဒို အဆောင် A၊ မြေညီထပ်၊ ဖုန်း – ၀၉-၇၃၀-၃၁၆-၈၄၊ ၀၉-၇၃၀-၃၁၆-၈၅၊ BAK IT Mall ပထမထပ်၊ ဖုန်း – ၀၉-၄၃၁-၇၀၀-၁၅၊ Gandamar Whole Sale မြေညီထပ်၊ ဖုန်း – ၀၉-၄၃၁-၃၈၃-၂၆ နှင့် Juncation Square ဖုန်း – ၀၉-၄၃၁-၇၀၀-၁၆တို့အပြင် အရောင်းစင်တာ အသစ်အား ချော်တွင်းကုန်း မီးပွိုင့်အနီး အမှတ် – ၅၅၊ ကမ္ဘာအေး ဘုရားလမ်း၊ ရန်ကင်းမြို့နယ်။ ဖုန်း – ၆၆၀-၃၀၄၊ ၆၆၄-၂၈၂တွင် ထပ်မံ တိုးချဲ့ ဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။ ထို့အပြင် ၎င်း ချော်တွင်းကုန်း အရောင်းစင်တာ အသစ်တွင် သုံးစွဲသူများ အဆင်ပြေစေရန်အတွက် Customer Service Center (ဖုန်း – ၇၃၁-၇၇၀-၇၅၊ ၇၃၁-၇၇၀-၇၆)ကိုပါ ထပ်မံ၍ တိုးချဲ့ ဖွင့်လှစ်ထားကြောင်း သိရှိရ သည်။ ထပ်မံ၍ မတ်လ အတွင်းတွင်လည်း Junction Mawtinတွင် အရောင်းစင်တာ အသစ် ထပ်မံ တိုးချဲ့ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *