Education, Lifestyle, News

အွန်လိုင်း အခမဲ့ Learning and Teaching သင်တန်းဖွင့်လှစ်မည်။

Ma Naw Phyu Lay

အွန်လိုင်း အခမဲ့ Learning and Teaching သင်တန်းဖွင့်လှစ်မည်။
University of Southampton နှင့် ဗြိတိသျှကောင်စီတို့မှ ပူးပေါင်းဖွင့်လှစ်သင်ကြားပေးမည့် Understaning Language : Learning and Teaching အခမဲ့အွန်လိုင်းသင်တန်း ဘာသာရပ်အား နိုဝင်ဘာလ ၁၇ ရက် နေ့တွင် သင်ကြားပို့ချဖွင့်လှစ်မည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါသင်တန်းသည် ဘာသာစကား ဖွံ့ဖြိုးရေးနှင့် ဘာသာစကားသင်ကြားရေးကို စိတ်ဝင်စားသော (အင်္ဂလိပ်ဘာသာ အဆင့် C1 Level on CEFR (သို့မဟုတ်) IELTS ရမှတ် Band 7 ရနိုင်သူ) အင်္ဂလိပ်စာဆရာ၊ ဆရာမများနှင့် ဘွဲ့ရပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်ပေးကြောင်း သိရှိရသည်။ မည်သူမဆို အခမဲ့တက်ရောက်နိုင်မည် ဖြစ်ပါသည်။ သင်တန်းတွင် ဘာသာစကားကို ထိရောက်စွာ သင်ကြားလေ့လာနိုင်ရန်အတွက် အဓိကကျသော အယူအဆအချို့ကို မိတ်ဆက်ခြင်း အကြောင်းအရာများ သင်ကြားပေးမည်ဖြစ်သည်။သင်တန်းတက်ရာတွင် တစ်ပတ်ကို အချိန် ၂ နာရီ သင်ယူနိုင်သည်။ ထို့နောက် PC နှင့် Laptap များဖြင့်သာမက ကိုယ်အသုံးပြု နေသော တက်ပလက်များနှင့် မိုဘိုင်းဖုန်းများတွင်လည်း လွယ်ကူစွာ အသုံးပြုနိုင်ပြီး ဗီဒီယိုကြည့်ရှုရန် အင်တာနက် နှေးကွေးပါကလည်း ဗီဒီယိုပါအကြောင်းအရာအားလုံးကို PDF ဖိုင်များဖြင့် Download ရယူသိမ်းဆည်း ဖတ်ရှုနိုင်မည် ဖြစ်ပေသည်။

အကယ်၍ သင်ယူချင်သူများအတွက် https://www.futurelearn.com/courses/understanding-language တွင် ဝင်ရောက် စာရင်းသွင်း ခြင်းဖြင့် လွယ်ကူစွာသင်ယူနိုင်မည် ဖြစ်ပါသည်။ အောင်လက်မှတ် လိုချင်သူများအတွက် အွန်လိုင်းပရီပိတ်ကတ် ရှိသူများသာ ထုတ်ယူခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းကောင်းပေးလိုက်ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *