News

ကမ္ဘာကျော် Forbes က မြန်မာနိုင်ငံကို ကမ္ဘာ့ရေပန်းအစားဆုံး ခရီးသွားသင့်သည့် တိုင်းပြည်အဖြစ် ရွေးချယ်

www.prweb.com

ကမ္ဘာ့ကျော် Forbes မဂ္ဂဇင်းက ကမ္ဘာ့ ရေပန်း အစားဆုံး ခရီးသွားသင့်သည့် တိုင်းပြည်အဖြစ် မြန်မာနိုင်ငံကို ရွေးချယ် ခဲ့ကြောင်း သိရပါသည်။ နှစ်ပေါင်းများစွာ (Hidden)တိမ်မြှုပ် ပျောက်ကွယ်နေသောမြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး ဖွင့်လှစ်မှု၊ နိုင်ငံရေးမူဝါဒ ပြောင်းလဲမှုနှင့် ဒီမိုကရေစီ အသွင် ပြောင်းလဲမှုများအပြင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အကြိုက်ဆုံး တိုင်းပြည် တစ်ပြည် ဖြစ်လာခဲ့သောကြောင့် ယခုကဲ့သို့ ရွေးချယ် ဖော်ပြခံရခြင်း ဖြစ်ကြောင်း သိရပါ သည်။ Forbes မဂ္ဂဇင်း၏ ဖော်ပြမှုတွင် ရန်ကုန်မြို့ကို ခရီးဆိုက်ရောက်ပြီ ဆိုပါက အရင်ဦးဆုံးအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဈေးသို့ သွားရောက်ပြီးမြန်မာနိုင်ငံမှ ကျောက်မျက်ရတနာဆိုင်ခန်းများကို လေ့လာကြည့်ရှု သင့်ကြောင်းနှင့် မြန်မာနိုင်ငံ၏ Icon အမှတ်တရ ရွေှတိဂုံဘုရားကို သွားရောက်ဖူး မြော်သင့်ကြောင်း၊ စတင် သုံးသပ် ထားသည်ကိုလည်း
တွေ့ရပါသည်။

မြန်မာ နိုင်ငံမှ ပုဂံဒေသ၏ ယဉ်ကျေးမှု အမွေအနှစ် များနှင့် ကောင်းကင်တွင် Ballon စီးရခြင်းမှာ ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ရာ ခရီးစဉ်တစ်ခု ဖြစ်လာမည်ဟု ရည်ညွှန်းထား ပြီး ချမ်းအေးသော ရှမ်းပြည်နယ်၏ ကလော မြို့အလှ၊ အင်းလေးကန်၊ ကယားပြည်နယ်မှ လွိုင်ကော်မြို့တို့ကို လည်းကောင်း၊ သငေ်္ဘာ စီး ခရီးစဉ်အဖြစ် မန္တလေးမှ ပုဂံကို ရေ ကြောင်းမှ သွားလာခြင်း၊ အက်ဒမန် (မုတ္တမ) ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် လေ့ လာရေး ခရီးစဉ် ကျွန်းပေါင်း ၈၀၀ကျော် ရှိသည့် မြိတ်ကျွန်းစုအလှတို့ကို ညွှန်းဆို ဖော်ပြထား ကြောင်းလည်း သိရပါသည်။

ထို့အပြင်ရှမ်းအစားအစာကိုလည်း စားကြည့်သင့်ကြောင်း ပြောကြားထားပြီး မြန်မာ နိုင်ငံရှိ တည်းခိုသင့်သော နေရာများအဖြစ် Governor’s Residence, The Strand Hotel, Traders, Bagan Thiripyistsaya Sanctuary Resartနှင့် The Inlelake View Resartတို့ကို လှပသပ်ရပ်ပြီး ချမ်းမြေ့မှု ရစေနိုင်သော ဟိုတယ်များအဖြစ် ညွှန်းဆို ထားသည်ကို တွေ့ရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *