Apps, Review

အကောင်းဆုံး Android Browsers ငါးခု

မိုဘိုင်းဖုန်းတွေက နေ အင်တာနက် အသုံးပြုမှုများပြားလာတာ ဟာ တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ဖြစ်ပါတယ်။ အဲဒီအတွက် ကောင်းမွန်တဲ့ မိုဘိုင်း ဘရောက်စာ ကို ရွေးချယ်အသုံးပြုတတ်ဖို့ဆိုတာ ကလည်း အရေးကြီးလာပါတယ်။ Google Play Store မှာ ဘရောက်စာ တွေများပြားလှပေမယ့် အသုံး၀င်တဲ့ Features တွေပါရှိတဲ့ ဘရောက်စာ ကတော့ ရှားပါးပါတယ်။ အဲဒီအတွက် အကောင်းဆုံး ဘရောက်စာ ငါးခု ကို နှိုင်းယှဉ် သုံးသပ်ရေးသားပေးလိုက်ပါတယ်။

Chrome
2
Chrome ဟာ Google ရဲ့ ဘရောက်စာ ဖြစ်တဲ့အတွက် Desktop Version က Bookmarks, Passwords, Tabs တွေကို Google Account ကို အသုံးပြုပြီး Sync လုပ်နိုင်ပါတယ်။ Google က Chrome ကို အမြဲ Update ပြုလုပ်ပေးနေပြီး ကောင်းသထက်ကောင်းအောင်ပြုလုပ်ပေးနေပါတယ်။
အားသာချက်
• Google ရဲ့ အစဉ်အလာကြီးတဲ့ အရည်အချင်းကြောင့် Chrome ဟာ အမြဲကောင်းမွန်နေမယ့် ဘရောက်စာဖြစ်ပါတယ်။
• Search နဲ့ URL တို့အတွက် Box တစ်ခုထဲကို သာ အသုံးပြုနိုင်ခြင်း
• အင်တာနက် က ဒေတာ တွေကို ဒေါင်းလုပ် ဆွဲရာမှာ ဒေတာတွေကို ချုံ့ပေးနိုင်ပြီး အခုနောက်ဆုံးထွက်တဲ့ဗားရှင်းမှာဆိုရင် (၅၀) ရာခိုင်နှုန်း အထိတောင် ချုံ့ပေးနိုင်ပါတယ်။
• ၀က်ဆိုက်တွေပြောင်းလဲကြည့်နိုင်ဖို့ လက်နဲ့ ပွတ်ဆွဲရတဲ့ Gesture Feature ပါရှိပါတယ်။
• ကိုယ်ရေးကိုယ်တာ ၀က်ဆိုက်တွေကြည့်ဖို့ Incognito Browsing ပါရှိပါတယ်။
• Google Account ကို အသုံးပြုပြီး Desktop Version နဲ့ Sync လုပ်နိုင်ပါတယ်။

အားနည်းချက်
• ဖုန်းရဲ့ စွမ်းအင်အရင်းအမြစ်တွေကို အသုံးပြုမှုများတဲ့အတွက် ဖုန်းအဟောင်းတွေမှာဆိုရင် လေးလံတတ်ပါတယ်။
• Android 4.0 နဲ့ သူ့အထက်လိုအပ်ပါတယ်။
• Extension တွေ အသုံးပြုလို့မရသေးပါဘူး။
အနှစ်ချုပ်
Desktop Version နဲ့ Sync ပြုလုပ်ချင်တဲ့ သူတွေအတွက်တော့ Chrome က အကောင်းဆုံးရွေးချယ်မှု တစ်ခုပါ။ Bookmarks, Tabs , Passwords တွေကို Sync ပြုလုပ်ပေးနိုင်ပါတယ်။ အင်တာနက်ကို ဒေတာ နဲ့ အသုံးပြုနေရတဲ့ သူတွေတွက်လည်း Data တွေကို ချုံ့ပေးတဲ့ Feature က ကောင်းမွန်ပါတယ်။ Android 4.0 နဲ့ သူ့အထက်က ဖုန်းတွေမှာပဲ အသုံးပြုနိုင်တဲ့အချက်ကတော့ မကောင်းပါဘူး။

Maxthon Android Web Browser
3
ဒေတာ အသုံးပြုမှု ကို စိုးရိမ်စရာမလိုတဲ့ သူတွေအတွက် Maxthon Browser က လျှင်မြန်လှပါတယ်။ Maxthon က စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဘရောက်စာ တစ်ခုပါ။ Maxthon ထွက်ပေါ်နေတာ ကြာပြီဖြစ်ပေမယ့် သူနဲ့ ထိုက်တန်တဲ့ နေရာ တစ်ခုကို မရရှိသေးပါဘူး။ လျှင်မြန်ပြီး အသုံးပြုလို့ကောင်းတဲ့ ဘရောက်စာ ဖြစ်သလို ကောင်းမွန်တဲ့ Features တွေလည်း ပါရှိပါတယ်။ Maxthon က Cloud အခြေပြု ၀န်ဆောင်မှု တွေကို အဓိက အသုံးပြုထားတာဖြစ်လို့ အင်တာနက် အသုံးပြုနေကျသူတွေအတွက် ကောင်းမွန်ပါတယ်။
အားသာချက်
• လက်နဲ့ ပွတ်ဆွဲပြီး ပြောင်းလဲကြည့်နိုင်တဲ့ Gesture Feature ကို အသုံးပြုနိုင်ပါတယ်။ သင်နှစ်သက်ရာ အလုပ်အတွက် Gesture တစ်ခုကို ပြုလုပ်နိုင်ပါတယ်။
• Cloud Tab က သင်ဖွင့်ထားတဲ့ ၀က်ဆိုက်တွေကို အခြား Device တွေကနေ ပြန်လည် ကြည့်ရှုနိုင်ပါတယ်။
• Reader Mode က ၀က်ဆိုက်တွေက ကြော်ညာတွေကို ဖျောက်ပေးနိုင်တဲ့အတွက် စာဖတ်တဲ့သူတွေအတွက် သင့်တော်ပါတယ်။
• ဘရောက်စာ ကို စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ Options တွေများစွာပါရှိပါတယ်။
အားနည်းချက်
• ဖုန်းအဟောင်းတွေမှာ အသုံးပြုရတာ လေးလံပါတယ်။
• အခြား ဘရောက်စာ တွေထက် ဒေတာ အသုံးပြုမှုအနည်းငယ် များပြားပါတယ်။ Unlimited Data Plan or WiFi များနဲ့သာ အသုံးပြုသင့်ပါတယ်။
အနှစ်ချုပ်
Cloud Tab ဟာ အလွန်ကောင်းတဲ့ Feature ဖြစ်ပြီး Device တော်တော်များများ အသုံးပြုတဲ့သူတွေအတွက် သင့်တော်ပါတယ်။ စမတ်ဖုန်းတွေ၊ တက်ဘလက် တွေပြောင်းလဲ အသုံးပြုတဲ့သူတွေအတွက် Maxthon က အကောင်းဆုံးဖြစ်ပါတယ်။ စာဖတ်တဲ့သူတွေအတွက် လည်း ကောင်းမွန်ပါတယ်။ ဒါပေမယ့် အကန့်အသတ်ရှိတဲ့ Data Plan နဲ့ အသုံးပြုနေရတဲ့ သူတွေအတွက် အခြား ဘရောက်စာ တစ်ခုကိုရွေးချယ်သင့်ပါတယ်။

Opera Browser for Android
4
Opera Browser က ဒေတာ ပမာဏ အကန့်အသတ်နဲ့ အသုံးပြုနေရတဲ့ သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ Off-Road Mode က ဒေတာတွေကို ချုံ့ပေးနိုင်ပြီး လျှင်မြန်စွာလည်း အလုပ်လုပ်ပေးနိုင်ပါတယ်။ Desktop Version က Features အတော်များများကို မိုဘိုင်းဗားရှင်း မှာ အသုံးပြုနိုင်ပါတယ်။
အားသာချက်
• Data Compression ပါရှိခြင်း။
• ဓာတ်ပုံတွေကိုချုံ့ပေးနိုင်ခြင်း။
• Off-Road Mode က ကွန်နက်ရှင် ကျနေတဲ့ အချိန်တွေမှာတောင် ၀က်ဆိုက်တွေကြည့်လို့ရစေပါတယ်။
• User Interface က ကောင်းမွန်ပါတယ်။
• Download လုပ်ရင် Pause , Resume ပြုလုပ်နိုင်ပါတယ်။
အားနည်းချက်
• အချို့ ဗီဒီယို တွေကို ဘရောက်စာ မှာဖွင့်လို့မရပါ။
• နောက်ဆုံးထုတ် ဗားရှင်း ဟာ ဖုန်း အဟောင်းတွေမှာ အသုံးပြုလို့မရပါ။
အနှစ်ချုပ်
Opera ရဲ့ အကောင်းဆုံး Feature က Off-Road Mode ဖြစ်ပါတယ်။ Opera ဟာ ခရီးသွားတဲ့အချိန်တွေမှာ အသုံး၀င်ပြီး ကွန်နက်ရှင်မကောင်းရင်တောင် ၀က်ဆိုက်တွေကြည့်နိုင်ပါတယ်။ Chrome လိုပဲ Data Compression ပါရှိတဲ့ တစ်ခုထဲသော နာမည်ကြီး ဘရောက်စာ ဖြစ်ပါတယ်။ တစ်ချို့ အချိန်တွေမှာဆိုရင် ၈၅ ရာခိုင်နှုန်း အထိ ဒေတာတွေကို ချုံ့ပေးနိုင်ပါတယ်။

Firefox Browser for Android
5
Firefox ဟာ နာမည်ကြီး Desktop Browser တစ်ခုဖြစ်ပါတယ်။ Desktop Version ဟာ အလွန်တည်ငြိမ်ပါတယ်။ Android Version မှာလည်း Desktop ရဲ့ Features များစွာပါရှိပါတယ်။ မိုဘိုင်း ဗားရှင်း ဟာ Desktop Version လောက် တည်ငြိမ်မှု မရှိသေးတာတွေ့ရပါတယ်။ Android Version ဟာ မြန်ဆန်တာကတော့ ပြောစရာမလိုပါဘူး။ ဒါပေမယ့် ဖုန်းရဲ့ စွမ်းအင်တွေကို အသုံးပြုမှုများပြားပါတယ်။
အားသာချက်
• User Interface က ကောင်းမွန်ပြီး လျှင်မြန်ပါတယ်။
• လေးလံတဲ့ ၀က်ဆိုက်တွေကြည့်ရင်တောင် လျှင်မြန်ပါတယ်။
• Chrome, Opera တို့လို WebRTC ကို Support ပေးပါတယ်။
• ဗီဒီယို ဖော်မက် တွေအားလုံးနီးပါး ကို Support ပေးပါတယ်။
• PC နဲ့ Sync လုပ်နိုင်ပါတယ်။
အားနည်းချက်
• ဖုန်းအဟောင်းတွေမှာ အနည်းငယ် လေးလံပါတယ်။
• Device တိုင်းမှာ တည်ငြိမ်စွာ အလုပ်မလုပ်ပါဘူး။
• တစ်ခါတစ်လေ Crash ဖြစ်တတ်ပါတယ်။
• ဖုန်းရဲ့ စွမ်းအင်တွေကို အသုံးပြုမှုများပါတယ်။
အနှစ်ချုပ်
Chrome, Opera တို့လို WebRTC ပါရှိပြီး P2P File Sharing , Video Chat , Voice Calling တို့ကို Plugin တွေမလိုဘဲ သုံးနိုင်ပါတယ်။ User Interface က အသုံးပြုရလွယ်ကူပါတယ်။ တစ်ခါတစ်လေ မှာ Crash ဖြစ်တတ်ပြီး ဖုန်းအဟောင်းတွေမှာ လေးလံပါတယ်။

Dolphin Browser
6
Dolphin ဟာ Google Play Store က ဘရောက်စာတွေထဲမှာတော့ အကြံ့ခိုင်ဆုံးဖြစ်ပြီး အသုံးပြုသူသန်းပေါင်းများစွာ ရှိပါတယ်။ ပွတ်ဆွဲပြီး ရွှေ့ပြောင်းနိုင်တဲ့ Gesture Feature ကို ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ဘရောက်စာလည်းဖြစ်ပါတယ်။ Touch Screen Device တွေအတွက် အထူးကောင်းမွန်ပြီး ဒီဇိုင်းက ကောင်းမွန်ပါတယ်။
အားသာချက်
• Gestures အသုံးပြုနိုင်ခြင်း။
• Sonar Feature ဖြင့် Voice Search ပြုလုပ်နိုင်ခြင်း။
• Themes များအသုံးပြုနိုင်ခြင်း။
• WiFi တစ်ခုထဲမှာ ရှိတဲ့ Device တွေကို Links များ Share ပြုလုပ်နိုင်ခြင်း။
• Android 2.0.1 Device များမှာတောင် အသုံးပြုနိုင်ခြင်း။
အားနည်းချက်
• စွမ်းဆောင်ရည် နိမ့် တဲ့ ဖုန်းတွေမှာ လေးလံခြင်း။
• ဖုန်းအဟောင်းတွေမှာ အသုံးပြုနိုင်ပေမယ့် လေးလံခြင်း။
အနှစ်ချုပ်
Features တွေနည်းပါးပေမယ့်လည်း Dohphin ဟာ ကောင်းမွန်တဲ့ ဘရောက်စာ တစ်ခုပါ။ Voice Search က လည်း ကောင်းမွန်တဲ့ Feature တစ်ခုပါ။ Gesture တွေအသုံးပြုနိုင်တာကလည်း အလုပ်တွင်ကျယ်ပါတယ်။ ဥပမာ Facebook အသုံးပြုချင်ရင် F ပုံဆွဲပြီးဖွင့်နိုင်ပါတယ်။

နိဂုံး
Android အတွက် ဘရောက်စာ တွေ များစွာရှိပေမယ့် အကောင်းဆုံးဆိုတာကိုရွေးချယ်ဖို့ ခက်ခဲလှပါတယ်။ သင့်ရဲ့ Android Version နဲ့ အသုံးပြုမှုပေါ်မူတည်ပြီး သင်ကိုယ်တိုင် ရွေးချယ်ပါ။ ကျွန်တော့်အတွက်တော့ Google ရဲ့ ၀န်ဆောင်မှုတွေကို အသုံးပြုနေတာဖြစ်သလို Google Account နဲ့ Sync ပြုလုပ်နိုင်တဲ့အတွက် Chrome ကို အသုံးပြုပါတယ်။ Data Compression က လည်း ငါးဆယ် ရာခိုင်နှုန်း သက်သာစေတဲ့အတွက် လျှင်မြန်စွာ အလုပ်လုပ်နိုင်ပါတယ်။ Data Compression ပါရှိတဲ့ နောက်ထပ် ဘရောက်စာ တစ်ခုကတော့ Opera ဖြစ်ပြီး ကျွန်တော် ရဲ့ ဒုတိယ အနှစ်သက်ဆုံးဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *