မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် အန်းဒရွိုက်OSမှာ အသုံးပြုနိုင်မယ့် Facebook Messengerဗားရှင်း အသစ်ကို တင်ဆက်ပေး လိုက်ပါတယ်။ အဆိုပါ ဆော့ဖ်၀ဲကို Facebookမှ ထုတ်လုပ်တာဖြစ်ပြီး ဖိုင်အရွယ်အစား 12MBနဲ့ ဒီနေရာမှာ အခမဲ့ ဒေါင်းလုဒ်ရယူ နိုင်ပါတယ်။ ဗားရှင်းကတော့ Facebook Messenger 2.6.1ဖြစ်ပြီး ဒီဗားရှင်း အသစ်မှာ Batteryသုံးစွဲမှု ပိုမိုသက်သာစေရန်နဲ့ ချို့ယွင်းချက်တွေကိုလည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ Messengerဟာ သင့်ရဲ့ Facebookသူငယ်ချင်းတွေနဲ့ အလွယ်တကူ စကားပြော Chattingလုပ်နိုင်မယ့် Appတစ်ခုဖြစ်ပြီး လက်ရှိမှာ လူကြိုက်များ ရေပန်းစားလျက် ရှိပါတယ်။ အုပ်စုဖွဲ့ပြီး စကားပြောကြတဲ့ ပုံစံမျိုး (Group Chat)လည်း ဖန်တီးလုပ်ဆောင် နိုင်သလို သင်ဘယ်နေရာ ရောက်နေတယ် ဆိုတာကိုလည်း Locationဖွင့်ထားပြီး အသုံးပြုနိုင်ပါတယ်။ အသံဖိုင်၊ ဓာတ်ပုံတွေနဲ့ Smileys, Emojiတွေပါ ထည့်သွင်းပြီး Chatနိုင်မှာ ဖြစ်လို့ သင့်သူငယ်ချင်းတွေ နဲ့အမြဲတမ်း အဆက်အသွယ် မပြတ်ရအောင် အသစ်ထွက်ရှိတဲ့ Messengerကို သင့်ဖုန်းထဲ ထည့်သွင်းထား လိုက်ပါတော့။
Facebook Messengerဗားရှင်း အသစ်

28
Aug