News

Developerတွေ အတွက် Facebook

Facebookက အသုံးပြုသူတွေ အနေနဲ့ Log-In ၀င်စရာမလိုဘဲ Appတွေကို Shareနိုင်မယ့် ၎င်းတို့ရဲ့ Android SDKအသစ် တစ်မျိုးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါကြောင့် Developerတွေ အနေနဲ့ ၎င်းတို့ရဲ့ Appမှာ အသုံးပြုသူတွေ Facebook Pageမှာပါ Shareလို့ရအောင် စီစဉ်ဖန်တီးပေးနိုင် တော့မှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ဖုန်းမှာ တစ်ခါတည်း Log-In၀င်ထားတဲ့ Userတွေဆိုရင်လည်း ပြဿနာမရှိပါဘူး။ သူငယ်ချင်းတွေကိုတောင် Tagလုပ်လို့ ရနိုင်ပါသေးတယ်။
ပြီးခဲ့တဲ့ ဧပရယ်လတုန်းကတော့ Facebookဟာ အဆိုပါ Featureမျိုး iOSမှာပါ အသုံးပြုနိုင်အောင် ဖန့်ချိခဲ့ပါတယ်။ Facebookရဲ့ ဆော့ဖ်၀ဲလ်အင်ဂျင်နီယာ ဖြစ်သူ Chris Langကတော့ “ကျွနု်ပ်တို့ဟာ အကောင်းဆုံးထုတ်ကုန်တွေနဲ့ Toolsတွေကို အာရုံထားပြီး ဘယ်Device, ဘယ်Platformမှာမဆို ကောင်းမွန်တဲ့ Appတွေဖန်တီး နိုင်အောင်လုပ်ပေးနေတာပါ”လို့ Blogတစ်ခုမှာ ရေးသားပြောကြား ခဲ့ပါတယ်။

ထိပ်တန်း အန်းဒရွိုက် အပ်ပလီကေးရှင်း ၁ဝ၀ရဲ့ ၇၃ရာခိုင်နှုန်းဟာလည်း Platformနဲ့ ပေါင်းစည်းပြီးသား ဖြစ်ကာယခုလို Facebook SDKကို Updateလုပ်ပြီး ဖြန့်ချိလိုက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အဆိုပါ နှုန်းကို ပိုမိုမြင့်တက်စေဖို့ပဲ ဖြစ်တယ်လို့ Facebookမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ပါတယ်။
သင့်မှာရော သင်နှစ်သက်တဲ့ Facebookနဲ့ ပေါင်းစည်းထားတဲ့ Android Appရှိပါသလား?

Leave a Reply

Your email address will not be published. Required fields are marked *