News

စာအုပ်ထုတ်ဝေရေးနှင့် ပတ်သက်၍ UMFCCIတွင် ဟောပြောပွဲ ကျင်းပမည်

မြန်မာနိုင်ငံ စာပေထုတ်ေ၀သူနှင့် ဖြန့်ချိသူများ အသင်းကြီးက ကြီးမှူးကျင်းပသော စာအုပ်ထုတ်ေ၀ရေး လောက၏ အနာဂါတ်အလားအလာ နှင့်ပတ်သက်၍ ဟောပြောပွဲကို ၂၀၁၃ခုနှစ်၊ သြဂုတ်လ၊ ၂၄ရက်နေ့၊ နံနက် (၉)နာရီမှ (၁၂)နာရီအထိ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်း၊ UMFCCIတွင် ပြုလုပ်မည်ဖြစ်ပါသည်။ ဟောပြောပွဲတွင် Asian Fame Mediaမှ Chair Personဖြစ်သူ ဒေါ်နန်းကလျာ၀င်းမှ ၂၀၁၃ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသော အာရှစာပေထုတ်ေ၀သူများ ညီလာခံအတွေ့အကြုံနှင့် စင်္ကာပူနိုင်ငံမှ Asian Geographic မဂ္ဂဇင်းအပါအ၀င် နိုင်ငံတကာတွင် ဖြန့်ချိနေသော မဂ္ဂဇင်း ၆မျိုးနှင့် စာအုပ်စာပေများအား အောင်မြင်စွာ ထုတ်ေ၀နေသူ မြန်မာနိုင်ငံသား ကိုဂျွန်သက်မှ လက်ရှိပုံနှိပ် မီဒီယာလောက၏ အနာဂါတ် အလားအလာအကြောင်း စသည်ဖြင့် ဟောပြောမည် ဖြစ်ပါ၍ စာရေးသူ၊ စာဖတ်သူ၊ စာအုပ်ထုတ်ေ၀သူ၊ ဖြန့်ချိသူ၊ စာအုပ်ထုတ်ေ၀ရေး လောကနှင့် သက်ဆိုင်သူ၊ စိတ်ပါ၀င်စားသူ မည်သူမဆို တက်ရောက်ပါ၀င် နိုင်ပါသည်။

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *